ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

Apple Watch ကို iPhone ဖြင့်အသုံးပြုခြင်း

Apple Watch ကို iPhone နှင့်ချိတ်ဆက်ခြင်း

iPhoneပေါ်တွင် Apple Watch အက်ပ် ကိုနှိပ်ပါ၊ထို့နောက်ဖန်သားပေါ်မှညွှန်ကြားချက်များကိုလိုက်နာပါ။

Apple Watch သုံးစွဲသူလမ်းညွှန်အတွင်းရှိ Apple Watch ကို စီမံ၍ iPhone ဖြင့်ချိတ်ဆက်ခြင်း ကို ကြည့်ပါ။ (Apple Watch ကို သီးသန့် ရောင်းချပေးသည်။)

Apple Watch ဖြင့် iPhone ကိုဖွင့်ခြင်း

သင်၏ Apple Watch (Series 3 နှင့် နောက်ပိုင်းအမျိုးအစား)ကို ဝတ်ဆင်ထားစဉ် မျက်နှာဖုံးတပ်ထားပါက သင်၏ iPhone (Face ID ပါရှိသော အမျိုးအစားများသာ) ကိုဖွင့်ရန် ၎င်းကို စိတ်ချယုံကြည်စွာအသုံးပြုနိုင်သည် (watchOS 7.4 သို့မဟုတ် နောက်ပိုင်းအမျိုးအစားလိုအပ်ပါသည်)။

မှတ်စု iPhone 13 အမျိုးအစားများတွင် မျက်နှာဖုံးတပ်ထားချိန်တွင် iPhone ကိုဖွင့်ရန် Apple Watch ကိုသုံးရန်မလိုအပ်ပါ။ iPhone တွင် Face ID စီမံခြင်းကိုကြည့်ပါ။

Apple Watch ကိုသင်၏ iPhone ကိုဖွင့်စေရန် အောက်ပါတို့ကိုလုပ်ဆောင်ပါ၊

  1. Settings  > Face ID & Passcode သို့သွားပါ။

  2. အောက်သို့ဆင်း၍ Apple Watch (Apple Watch ဖြင့်ဖွင့်ခြင်း အောက်ရှိ) ကိုဖွင့်ပါ။

    သင့်တွင် ထိုနာရီတစ်လုံးထက်ပိုရှိပါက နာရီတစ်လုံးစီအတွက် ချိန်ညှိမှုကိုဖွင့်ပါ။

သင်၏ Apple Watch ကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ထားချိန်တွင် သင်၏ iPhone ကိုဖွင့်ပါက ဖန်သားပြင်လင်းလာစေရန် iPhone ကိုမြှောက်ကိုင်ပါ သို့မဟုတ် ၎င်း၏ဖန်သားပြင်ကိုနှိပ်၍ သင်၏ iPhone ကို တစ်ချက်ကြည့်ပါ။

မှတ်စု သင်၏ iPhone ကိုဖွင့်ရန် သင်၏ Apple Watch တွင် လျှို့ဝှက်ကုတ်နံပါတ်တစ်ခုရှိနေရမည့်အပြင် ဖွင့်လျက်အနေအထားနှင့် လက်ကောက်ဝတ်တွင်ဝတ်စဉ်ထားရမှာဖြင့်ပြီး သင်၏ iPhone အနားတွင်ရှိနေရမည်။

Apple Fitness+ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း

Apple Watch နှင့်တွဲဖက်အသုံးပြုသည့်အခါ Apple Fitness+ သည် ကျွမ်းကျင်လေ့ကျင့်ရေးဆရာများဦးဆောင်သည့် လေ့ကျင့်ခန်းများစာရင်းတစ်ခုကိုသင်ရွေးချယ်နိုင်သည့် စာရင်းသွင်းဝန်ဆောင်မှုတစ်ခုဖြစ်သည်။ iPhone ရှိ လေ့ကျင့်ခန်းတစ်ခုကို သင်ကြည့်ရှုရန်ရွေးထားစဉ်အတွင်း နှလုံးခုန်နှုန်းနှင့် လောင်ကျွမ်းသွားသည့်ကယ်လိုရီကဲ့သို့ အချိန်ပိုင်းအလိုက်စာရင်းဇယားသည် (သင့် လက်ပတ်နာရီတွင်ဖမ်းယူရရှိနိုင်သည့်) သင့်ဖန်သားပြင်တွင် ပေါ်လာသည်။ (watchOS 7.2 သို့မဟုတ် နောက်ပိုင်းအမျိုးအစားလိုအပ်ပါသည်- Apple Fitness+ ရရှိနိုင်မှုသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက်ပြောင်းလဲနိုင်သည်။)

Apple Watch သုံးစွဲသူလမ်းညွှန်ထဲရှိ Apple Fitness+ အကြောင်းအားလုံး ကို ကြည့်ပါ။

Apple Watch မှ ကျန်းမာရေးနှင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေးအချက်အလက်များ စုဆောင်းခြင်း

Apple Watch က သင့်ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအချက်အလက်များကို Health တွင် ကြည့်ရှုနိုင်ရန် iPhone သို့ပေးပို့နိုင်သည်။ Apple Watch သည် နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ ပတ်ဝန်းကျင်အသံဆူညံခြင်း၊ စသည်တို့နှင့်ပတ်သက်သည့် အသိပေးချက်များကိုလည်း သင့် iPhone သို့ပေးပို့နိုင်သည်။

Apple Watch သုံးစွဲသူလမ်းညွှန်အတွင်းရှိ အရေးကြီး ကျန်းမာရေးအချက်အလက်များကို ခြေရာကောက်ခြင်း တွင် ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.