ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်ဆက်သွယ်မှုများကို ပြင်ဆင်ခြင်း

Contacts အက်ပ် တွင် ဆက်သွယ်မှုတစ်ခုအတွက် ဓာတ်ပုံတစ်ပုံထားရှိခြင်း၊ အမည်ပြောင်းခြင်း မွေးနေ့ ထည့်သွင်းခြင်း စသည်တို့ကိုလုပ်ဆောင်ပါ။

  1. ဆက်သွယ်မှုတစ်ခုကိုနှိပ်ကာ Edit ကိုနှိပ်ပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • ဆက်သွယ်မှုတစ်ခုအတွက် ဓာတ်ပုံတစ်ပုံထားရှိရန်၊ Add Photo ကို နှိပ်ပါ။ ဓာတ်ပုံတစ်ပုံရိုက်ကူးနိုင်သလို Photos အက်ပ်မှ ဓာတ်ပုံတစ်ပုံကို ထည့်သွင်းနိုင်သည်။

    • အသံထွက်တစ်ခု ထည့်သွင်းခြင်း၊ Edit ကိုနှိပ်ပါ၊ အောက်သို့ရွှေ့ဆွဲချပြီး "add field" ကိုနှိပ်ပါ၊ အသံထွက်အမည်နယ်ပယ် တစ်ခုကိုရွေးချယ်ပါ၊ ထို့နောက် သင်၏အဆက်အသွ,်အမည်ကို မည်သို့ ပြောဆိုသည်ကို စာရိုက်ပါ။ ဤသို့ဖြင့် Siri သည် သူတို့၏ အမည်များကို ပြောဆိုသည့်အခါ ၎င်းအသံထွက်ကို အသုံးပြုထားသည်။

    • အမည်တစ်ခုပြောင်းရန်၊ အညွှန်းကိုနှိပ်၍ စာရင်းထဲမှတစ်ခုကို ရွေးချယ်ပါ သို့မဟုတ် ကိုယ်ပိုင်စာရင်းတစ်ခုဖန်တီးရန် Add Custom Label ကိုနှိပ်ပါ။

    • မွေးနေ့၊ လူမှုဆက်ဆံရေးအနေအထား၊ သက်ဆိုင်သည့်အမည် နှင့် ထပ်မံဖော်ပြလိုသည်များကို ထည့်ပါ၊ ၎င်းအမျိုးအစားအနားရှိ Add ခလုတ် ကိုနှိပ်ပါ။

    • Do Not Disturb ကို ပယ်ဖျက်ရန် ဆက်သွယ်မှုတစ်ခုမှ ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် စာတိုပေးပို့ခြင်းတို့ကို လက်ခံခွင့်ပြုခြင်း၊ Ringtone သို့မဟုတ် Text Tone ကိုနှိပ်ကာ Emergency Bypass ကိုဖွင့်ပါ။

    • မှတ်စုများ ထည့်ရန်၊ Notes field ကိုနှိပ်ပါ။

    • ရှေ့စာလုံး၊ အသံထွက်အမည်၊ စသည်တို့ကို ထည့်သွင်းခြင်း၊ "add field" ကိုနှိပ်၍ ဖော်ပြလာသည့်စာရင်းအတွင်းမှ တစ်ခုကို ရွေးချယ်ပါ။

    • ဆက်သွယ်မှုအချက်အလက်များကို ဖျက်ခြင်း၊ ၎င်းအမျိုးအစားအနားရှိ Delete ခလုတ် ကို နှိပ်ပါ။

  3. ပြင်ဆင်၍ပြီးစီးလျှင် Done ကိုနှိပ်ပါ။

Dual SIM အမျိုးအစားများ တွင် ဆက်သွယ်မှုတစ်ခုကို ဖုန်းခေါ်ဆိုသည့်အခါ သို့မဟုတ် စာတိုပေးပို့သည့်အခါ iPhoneသည် ထိုဆက်သွယ်မှုကို ယခင်ကဆက်သွယ်ဆိုခဲ့ရာတွင် သင်အသုံးပြုခဲ့သော လိုင်းတစ်ခုတည်းကိုသာ ပုံသေအသုံးပြုသည်။ ဖုန်းခေါ်ဆိုမှုများနှင့် SMS/MMS မက်ဆေ့ချ်အပြန်အလှန်ပေးပို့မှုများအတွက် ပိုမိုအသုံးပြုလိုသော လိုင်းကိုရွေးချယ်ရန် ဆက်သွယ်မှုကိုရွးချယ်၍ Default (ဆက်သွယ်မှုအမည်အောက်ရှိ) ကိုနှိပ်ကာ လိုင်းတစ်ခုကိုရွေးချယ်ပါ။

သင်၏ဆက်သွယ်မှုများကို အမျိုးအစားခွဲခြားစီစဉ်ပုံ နှင့် ပြသပုံကို ပြောင်းလဲရန် Settings  > Contacts သို့သွားပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.