ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင်၏ iPhone ကင်မရာရှိ Burst မုဒ်ကိုသုံး၍ လှုပ်ရှားမှုဓာတ်ပုံများရိုက်ကူးခြင်း

လှုပ်ရှားနေသည့် အရာဝတ္ထုတစ်ခုကို ရိုက်ကူးလိုသည့်အခါ သို့မဟုတ် အရှိန်နှုန်းမြင့်ဓာတ်ပုံအမြောက်အမြားကို ရိုက်ကူးလိုသည့်အခါတွင် ရွေးချယ်စရာဓာတ်ပုံအများအပြားရရှိရန်အတွက် Camera ကို Burst မုဒ်ဖြင့်အသုံးပြုပါ။ Burst ပုံများကို ရှေ့ကင်မရာ၊ နောက်ကင်မရာနှစ်မျိုးလုံးနှင့်ရိုက်ကူးနိုင်သည်။

  1. Camera ကို ဖွင့်ပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • iPhone XSiPhone XRနှင့် နောက်ပိုင်းအမျိုးအစားများတွင်၊ Shutter ခလုတ်ကို ဘယ်ဘက်သို့ရွှေ့ပါ။

    • iPhone X နှင့် အစောပိုင်းအမျိုးအစားများတွင်၊ Shutter ခလုတ်ကို ထိ၍ထိန်းထားပါ။

      သင်ရိုက်ကူးထားသည့်ပုံအရေအတွက်ကို ကောင်တာတွင်ဖော်ပြထားသည်။

  3. ရိုက်ကူးမှုကို ရပ်ရန် လက်ချောင်းကိုဖယ်လိုက်ပါ။

  4. ထားရှိလိုသည့်ပုံများကို ရွေးချယ်ရန် Burst နမူနာပုံသေးကိုနှိပ်၍ Select ကိုနှိပ်ပါ။

    နမူနာပုံသေးများအောက်ရှိ မီးခိုးရောင်အစက်လေးများသည် ထားရှိရန် အကြံပြုထားသည့်ပုံများကို အမှတ်အသားပြထားခြင်းဖြစ်သည်။

  5. သီးခြားပုံတစ်ပုံအဖြစ် သင်သိမ်းဆည်းထားလိုသည့် တစ်ပုံချင်းစီ၏ ညာဘက်အောက်ခြမ်းထောင့်ရှိ အဝိုင်းလေးကိုနှိပ်ပြီး Done ကိုနှိပ်ပါ။

Burst ပုံတစ်တွဲလုံးကို ဖျက်ရန် နမူနာပုံသေးကို ထိနှိပ်ပြီး Delete ခလုတ် ကိုနှိပ်ပါ။

အကြံပြုချက် Burst ဓာတ်ပုံများကိုရိုက်ကူးရန် အသံကျယ်ခလုတ်ကိုလည်း ဖိ၍နှိပ်ထားနိုင်သည်။ Settings  > Camera သို့သွားကာ Use Volume Up for Burst ကိုဖွင့်ပါ (iPhone XS၊ iPhone XRနှင့် နောက်ပိုင်းထွက်အမျိုးအစားများတွင်သာ ရရှိနိုင်သည်)။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.