ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

CarPlay နှင့်လမ်းချိုးအလိုက်လမ်းညွှန်ချက်များ ရယူခြင်း

Siri ကို သုံးပါ သို့မဟုတ် လမ်းချိုးအလိုက် လမ်းညွှန်ချက်များ၊ ယာဉ်လမ်းကြောင်းအခြေအနေများနှင့် ခန့်မှန်းတွက်ချက်ထားသည့် ကြာချိန်ကိုသိရန် Maps ကိုဖွင့်ပါ (ဒေသအားလုံးတွင်မရနိုင်ပါ)။

မှတ်စု လမ်းညွှန်ချက်များရရှိရန် iPhone ကို အင်တာနက်ချိတ်ထားရမည်ဖြစ်ပြီး၊ Location Services ကိုဖွင့်ထားရမည်။ (iPhone တွင် သင်မျှဝေသည့် တည်နေရာအချက်အလက်များကို ထိန်းချုပ်ခြင်း ကို ကြည့်ပါ။)

ဘယ်ဘက်တွင် Maps၊ Podcasts နှင့် Phone တို့အတွက် သင်္ကေတများကိုပြထားပြီး ညာဘက်တွင် လက်ရှိတည်နေရာဝန်းကျင်မြေပုံတစ်ခုကို ပြထားသော CarPlay။

လမ်းကြောင်းတစ်ခုကို ရှာဖွေခြင်း

CarPlay သည်သင်မကြာခဏရှိသည့်နေရာများကဲ့သို့သင်၏ email၊ စာမက်ဆေ့ချ်၊ contacts နှင့် ပြက္ခဒိန်များမှလိပ်စာများကိုအသုံးပြုခြင်းဖြင့်ဖြစ်နိုင်ချေရှိသည့်နေရာများကိုတွက်ချက်ပေးသည်။ တည်နေရာတစ်ခုလည်းရှာနိုင်သည်၊ သင်အကြိုက်ဆုံးများနှင့် လက်ရွေးစင်များအဖြစ် သိမ်းဆည်းခဲ့သည့်တည်နေရာများကို အသုံးပြုနိုင်သည် ပြီးလျှင် အနီးရှိ စိတ်ဝင်စားစရာများနှင့် ဝန်ဆောင်မှုများကိုရှာနိုင်သည်။

Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊

  • “Find a gas station”

  • “Give me directions home”

  • “Take me to the Golden Gate Bridge”

  • “Find a charging station”

  • “Find coffee near me”

Siri အားတောင်းဆိုပုံကိုလေ့လာခြင်း

သို့မဟုတ် CarPlay ရှိ Maps ကိုဖွင့်ရန် နှင့် လမ်းကြောင်းကိုရွေးရန် သင့်ကားတွင်ပါရှိသည့် ထိန်းချုပ်မှုများကိုသုံးနိုင်သည်။

မှတ်စု CarPlay Dashboard ကိုမြင်ရပြီး Maps သည် ဘယ်ဘက်တွင် လက်တစ်လောအက်ပ်စ်များစာရင်းတွင် ပေါ်မလာပါက၊ Maps အပါအဝင်သင့် CarPlay အက်ပ်စ်များအားလုံး၏စာမျက်နှာများကိုကြည့်ရန် Home ခလုတ် ကိုနှိပ်ပါ။

  1. CarPlay တွင် Maps ကိုဖွင့်ပါ၊ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • စိတ်ကြိုက်အဖြစ် သိမ်းထားသည့်နေရာကိုရွေးချယ်ပါ။ (iPhone ရှိ Maps တွင် စိတ်ကြိုက်နေရာများသိမ်းဆည်းခြင်း ကိုကြည့်ပါ။)

    • Destinations ကိုရွေးချယ်ပါ၊ ထို့နောက် လက်ရွေးစင်ထဲတွင် သင်သိမ်းဆည်းထားသည့် လက်ရှိဦးတည်ရာ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပါ သို့မဟုတ် ဦးတည်ရာလမ်းကြောင်းတစ်ခုကို ရွေးချယ်ရန် အထက်အောက်ရွှေ့ပါ။ (iPhone ရှိ Maps တွင် My Guides အတွင်း နေရာများကို စီစဉ်ခြင်း ကိုကြည့်ပါ။)

    • Search ကိုရွေးချယ်ပါ၊ ထို့နောက်ရှာဖွေစာသားကိုပြောရန် Microphone ခလုတ် ကိုနှိပ်ပါ၊ သို့မဟုတ် ဖန်သားပြင်ပေါ်ရှိခလုတ်ခုံ (ရနိုင်ပါက) ကိုသုံးရန်Keyboard ခလုတ် ကိုရွေးချယ်ပါ။ Parking သို့မဟုတ် Restaurants ကဲ့သို့ အနီးရှိဝန်ဆောင်မှုအမျိုးအစားတစ်ခုမှ ဦးတည်ရာလမ်းကြောင်းတစ်ခုကိုလည်း ရွေးချယ်နိုင်သည်။

  2. လမ်းကြောင်းများစွာပေါ်နေပါက၊ သင်နှစ်သက်သည့်လမ်းကြောင်းကို ရွေးရန် သင့်ကား၏ထိန်းချုပ်မှုခလုတ်များကိုသုံးပါ။

  3. သင်မထွက်မီ သင့်ဦးတည်ရာလမ်းကြောင်းကိုခေါ်ဆိုရန် Phone ခလုတ်ကိုရွေးချယ်ပါ။

  4. လမ်းချိုးအလိုက် လမ်းညွှန်ချက်များကိုစတင်ရန် Go ကိုရွေးချယ်ပါ။

Maps သည် သင်လက်ရှိရောက်နေသည့် တည်နေရာမှလမ်းညွှန်ပေးသည်။

သင့်ဦးတည်ရာလမ်းကြောင်းသို့ရောက်ပြီး သင့်ကားမှထွက်သည့်အခါ၊ ကားရပ်နားသည့်နေရာအမှတ်အသားသည် iPhone ရှိ Maps တွင်ပေါ်လာသည်သို့မှသာ သင့်ကားရှိရာလမ်းကို အလွယ်တကူပြန်ရှာနိုင်မည်။

လမ်းချိုးအလိုက် လမ်းညွှန်ချက်များကိုလိုက်နာခြင်း

CarPlay သည် သင်၏ခရီးနောက်ကိုလိုက်၍ ခရီးဆုံးမှတ်သို့ရောက်သည်ထိ လမ်းချိုးရောက်တိုင်း လမ်းညွှန်ချက်ကိုပြောဆိုညွှန်ကြားပေးသည်။

ခရီးစဉ်အတွင်း အောက်ဖော်ပြပါတို့ကို အချိန်မရွေးလုပ်ဆောင်ရန်၊

  • လမ်းညွှန်ချက်များကို အချိန်မရွေး ပြီးဆုံးစေခြင်း၊ Siri အားထိုကဲ့သို့တစ်ခုခုပြောပါ“Stop navigating” သို့မဟုတ် ဘယ်ဘက်အောက်ခြေတွင် ခန့်မှန်းရောက်ရှိချိန် (ETA) ပြသမှုကိုရွေးချယ်ပါ၊ ထို့နောက် End Route ကိုရွေးချယ်ပါ။

  • လမ်းချိုးအလိုက်လမ်းညွှန်ချက်များကိုအသံပိတ်ခြင်း၊ Volume ခလုတ် ကိုနှိပ်ပါ၊ ထို့နောက်လမ်းညွှန်များအားလုံးကို အသံပိတ်ရန်  Mute ခလုတ် ကိုရွေးချယ်ပါ။

  • အကြောင်းကြားချက်များနှင့် ဘေးအန္တရာယ်များမှလွှဲ၍ လမ်းချိုးအလိုက်လမ်းညွှန်ချက်များကိုပိတ်ခြင်း၊  Volume ခလုတ်ကိုနှိပ်ပါ ထို့နောက် Alerts Only ခလုတ် ကိုရွေးချယ်ပါ။

  • မြန်ဆန်သည့်လမ်းလွှဲပြုလုပ်ခြင်း၊ Siri အားထိုကဲ့သို့တစ်ခုခုပြောပါ “Find a gas station” သို့မဟုတ် ETA ပြသမှုကို ရွေးချယ်ကာ Search ကိုရွေးချယ်၍ အကြံပြုလာသည့်ဝန်ဆောင်မှုကို ရွေးချယ်ပြီးနောက် ခရီးမှတ်တိုင်တစ်ခုကို ရွေးချယ်ပါ။

  • သင့် ETA ကိုမျှဝေခြင်း၊ ဘယ်ဘက်အောက်ခြေရှိ ETA ပြသမှုကိုရွေးပါ၊ Share ETA ကိုရွေးချယ်ပါ၊ တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသည့် အကြံပြုထားသည့် အဆက်အသွယ်များကိုရွေးချယ်ပါ။

    iOS 13.1 ၊ iPadOS 13.1 ၊ သို့မဟုတ်နောက်ပိုင်းထွက်အမျိုးအစားများကို အသုံးပြုသူများသည် သင့် ETA နှင့်အတူ Maps အသိပေးချက်များကို လက်ခံရရှိပြီး ၎င်းတို့က Maps အတွင်း သင့်တိုးတက်မှုများကို ခြေရာခံနိုင်သည်။ အစောပိုင်းဗားရှင်းများကိုသုံးထားသည့်သူများသည် iMessage မှတစ်ဆင့် အသိပေးချက်များကို လက်ခံရရှိမည်။ အခြားမိုဘိုင်းဖုန်းများအသုံးပြုသူများသည် SMS မက်ဆေ့ချ်လက်ခံရရှိမည်။ (စံသတ်မှတ်ထားသည့်ဖုန်းအင်တာနက်နှင့် စာသားပေးပို့မှုနှုန်းများ ကျသင့်နိုင်သည်။)

    ETA သတင်းအချက်အလက်ပို့ခြင်းကိုရပ်ရန်၊ CarPlay အောက်ခြေရှိ Sharing ETA ကိုရွေးချယ်ပါ၊ ထို့နောက်အဆက်အသွယ်တစ်ခုကိုရွေးပါ။

မှတ်စု CarPlay Dashboard ကိုထောက်ပံ့ပေးသော လမ်းညွှန်အက်ပ်များအတွက် Dashboard သည် မည်သည့်အက်ပ်မျှလမ်းညွှန်နေခြင်းမရှိပါက နောက်ဆုံးအသုံးပြုထားသော လမ်းညွှန်အက်ပ်ကိုလည်းကောင်း၊ လက်ရှိလမ်းညွှန်နေသည့် အက်ပ်ကိုလည်းကောင်း၊ တစ်ခုထက်ပိုသော အက်ပ်များက လမ်းညွှန်နေပါက နောက်ဆုံးအသုံးပြုခဲ့ပြီး လက်ရှိလည်းလမ်းညွှန်နေသည့် အက်ပ်ကိုလည်းကောင်း ပြသပေးသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.