ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် lossless ဂီတကိုနားထောင်ခြင်း

Music အက်ပ် တွင် Apple Music သို့စာရင်းသွင်းထားသူများသည် အသံဖိုင်များကို lossless audio compression ကိုသုံးပြီး ကုတ်ဖြင့်ရေးထားသည့် သန်းနှင့်ချီသည့်အသံဖိုင်များကိုနားထောင်နိုင်သည်။

Lossless compression ဆိုသည်မှာ မူရင်းအချက်အလက်အားလုံး မပျက်အောင်ထိန်းထားသည့် အချက်အလက် သိမ်းဆည်းသည့်ပုံစံဖြစ်သည်။ Apple သည် Apple Lossless Audio Codec (ALAC) ဟုခေါ်သည့် ၎င်း၏ကိုယ်ပိုင် lossless audio compression နည်းပညာကို တီထွင်ထားပါသည်။ ထို Apple Music စာရင်းတစ်ခုလုံးကို ကြည်လင်ပြတ်သားမှုအဆင့်တွင် 16-bit/44.1 kHz (CD အရည်အသွေး) မှ 24-bit/192 kHz အထိ ALAC ကိုသုံး၍ ကုတ်ဖြင့်ရေးသားထားပါသည်။

မှတ်စု Lossless ဂီတသည် Apple Music Voice Planတွင်မရရှိနိုင်ပေ။ ပိုမိုသိရှိလိုပါက Apple အထောက်အကူပြုဆောင်းပါး ဖြစ်သည့် Apple Music Voice အကြောင်းကိုကြည့်ပါ။

Apple Music ရှိ lossless နှင့်ပတ်သက်၍ သင်သိရန်လိုအပ်သည်မှာ

  • lossless အသံဖိုင်ကို cellular သို့မဟုတ် Wi-Fi ကွန်ရက်မှတစ်ဆင့်ဖွင့်ခြင်းသည် ဒေတာကိုသိသိသာသာကုန်စေသည်။ ထို့ပြင် lossless အသံဖိုင်ကို ဒေါင်းလုတ်လုပ်ခြင်းသည် သင့်စက်ပစ္စည်းတွင် သိသိသာသာ နေရာယူသည်။ ကြည်လင်ပြတ်သားမှုပိုမြင့်ခြင်းသည် ကြည်လင်ပြတ်သားမှုနည်းသည်တို့ထက် ဒေတာပိုကုန်သည်။

  • AirPods၊ AirPods Pro၊ AirPods Max နှင့် Beats ကြိုးမဲ့ခေါင်းတပ်နားကြပ်များတွင် အသံအရည်အသွေးအကောင်းဆုံးဖြစ်စေရန် Apple AAC Bluetooth Codec ကိုသုံးထားသည်။ သို့သော် Bluetooth ချိတ်ဆက်မှုများသည် အချက်အလက်ဆုံးရှုံးမှုမရှိသည့် နည်းပညာမဟုတ်ပါ။

  • Apple Music မှသင်ဒေါင်းလုတ်လုပ်ထားသည့် ဂီတ၏ lossless ပုံစံရရှိရန် Apple Music စာရင်းမှ ထိုဂီတကို ဖျက်ပြီး ပြန်ဒေါင်းလုတ်လုပ်လိုက်ရုံဖြစ်သည်။

  • iPhone တွင် သီချင်းများကို နမူနာ 48 kHz ထက်ပိုမြင့်သည့်နှုန်းဖြင့် နားထောင်ရန် digital-to-analog စက်တစ်ခု လိုအပ်သည်။

မှတ်စု Apple Music နှင့် lossless ကို နိုင်ငံအားလုံး သို့မဟုတ် ဒေသအားလုံးတွင်မရနိုင်ပါ။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Media Services ရရှိနိုင်မှု ကိုကြည့်ပါ။

Lossless Audio ကိုဖွင့်၍ အသံအရည်အသွေးချိန်ညှိမှုများကို ရွေးချယ်ခြင်း

Cellular ဖြင့်ဖွင့်ခြင်း၊ Wi-Fi ဖြင့်ဖွင့်ခြင်းနှင့် ဒေါင်းလုတ်လုပ်ခြင်းတို့အတွက် အသံအရည်အသွေးချိန်ညှိမှုများကို ရွေးချယ်နိုင်သည်။

  1. Settings  > Music သို့သွားပါ။

  2. Audio Quality ကိုနှိပ်ပါ၊ ထို့နောက် Lossless Audio ကို နှိပ်၍ ၎င်းကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

  3. အသံဖိုင်ဖွင့်ခြင်းနှင့် ဒေါင်းလုတ်လုပ်ခြင်းအတွက် အသံအရည်အသွေးကိုရွေးချယ်ပါ။

    • အမြင့်ဆုံးကြည်လင်ပြတ်သားမှု 24-bit/48 kHz ရရှိရန် Lossless ကိုရွေးချယ်ပါ။

    • အများဆုံးကြည်လင်ပြတ်သားမှု 24-bit/192 kHz ရရှိရန် Hi-Res Lossless ကိုရွေးချယ်ပါ။

ဖွင့်ထားသည့်ဂီတ၏အသံအရည်အသွေးသည် သီချင်းရနိုင်မှု၊ ကွန်ရက်အခြေအနေများနှင့် ခေါင်းတပ်နားကြပ်များ သို့မဟုတ် စပီကာများ၏စွမ်းဆောင်နိုင်မှုပေါ်မူတည်သည်။

lossless ဂီတကို အမျိုးအစားခွဲခြားခြင်း

ဂီတကို lossless ပုံစံမျိုးဖြင့်ရနိုင်ပါက Lossless အမှတ်သင်္ကေတ သည် အယ်လ်ဘမ်စာမျက်နှာများတွင်ပေါ်လာသည်။ Settings  > Music > Audio Quality တွင် Lossless Audio ကိုဖွင့်ထားသည့်အခါ Lossless အမှတ်သင်္ကေတသည် Now Playing တွင်လည်းပေါ်သည်။ သီချင်းတစ်ပုဒ်၏ lossless ကုတ်ရေးခြင်းနှင့်ပတ်သက်၍ ပိုမိုသိရှိရန် အယ်လ်ဘမ်စာမျက်နှာ သို့မဟုတ် Now Playing ရှိ Lossless badge ကိုနှိပ်ပါ။

ပိုမိုသိရှိလိုပါက Apple အထောက်အကူပြုဆောင်းပါး ဖြစ်သည့် Apple Music ရှိ lossless အသံဖိုင်အကြောင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.