ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Safari တွင်ကြော်ငြာများနှင့် အနှောင့်အယှက်များကို ဝှက်ခြင်း

Safari အက်ပ် တွင် Reader ကို အသုံးပြု၍ ကြော်ငြာများ၊ လမ်းညွှန်စာရင်းများ သို့မဟုတ် အခြားသော အနှောင့်အယှက်အရာများကိုဝှက်ပါ။

Page Settings စာရင်း။ စာရင်းအောက်ခြေတွင် Show Reader ရွေးချယ်စရာရှိသည်။

Reader ကို ပြခြင်း

Reader သည် သက်ဆိုင်သော စာသားနှင့် ဓာတ်ပုံများကိုသာပြသသော ဝက်ဘ်စာမျက်နှာတစ်ခုကို ပုံစံချပြင်ဆင်သည်။

Page Settings ခလုတ်ကိုနှိပ်ကာ Show Reader ကိုနှိပ်ပါ။

စာမျက်နှာအပြည့်သို့ပြန်ပြောင်းရန် Page Settings ခလုတ်ကိုနှိပ်ကာ Hide Reader ကိုနှိပ်ပါ။

မှတ်စု Show Reader View သည်မှိန်နေပါက Reader ကို အဆိုပါစာမျက်နှာတွင်မရနိုင်ပါ။

ဝက်ဘ်ဆိုက်တစ်ခုအတွက် Reader ကို အလိုအလျောက်သုံးခြင်း

  1. အထောက်အကူပြုသောဝက်ဘ်ဆိုက်တွင် Page Settings ခလုတ် ကိုနှိပ်ကာ Website Settings ကိုနှိပ်ပါ။

  2. Use Reader Automatically ကိုဖွင့်ပါ။

မှတ်စု ထောက်ပံ့ပေးသော ဝက်ဘ်ဆိုက်အားလုံးအတွက် Reader ကို အလိုအလျောက်အသုံးပြုရန် Settings  > Safari > Reader သို့သွားပါ။

ပေါ်လာသည်များကိုပိတ်ခြင်း

Settings  > Safari သို့သွား၍ Block Pop-ups ကိုဖွင့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.