ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် iCloud ပြက္ခဒိန်များ မျှဝေခြင်း

Calendar အက်ပ် တွင် iCloud ပြက္ခဒိန်တစ်ခုကို အခြား iCloud သုံးစွဲသူများနှင့် မျှဝေနိုင်သည်။ ပြက္ခဒိန်တစ်ခုကို မျှဝေသည့်အခါ ၎င်းကို အခြားသူများကမြင်တွေ့နိုင်ပြီး ၎င်းတို့ကို ပွဲရက်များထည့်သွင်းခြင်း သို့မဟုတ် ပြောင်းလဲခြင်းများ လုပ်ဆောင်ခွင့်ပေးနိုင်သည်။ မည်သူမဆိုကြည့်ရှုနိုင်သော်လည်း ပြင်ဆင်ခွင့်မရသည့် ဖတ်ရှုရန်အတွက်သာ ဗားရှင်းတစ်ခုကိုလည်း သင် မျှဝေနိုင်သည်။

iCloud ပြက္ခဒိန်တစ်ခုကို ဖန်တီးခြင်း

  1. ဖန်သားပြင်အောက်ခြေရှိ Calendars ကို နှိပ်ပါ။

  2. Add Calendar ကိုနှိပ်ပါ။

  3. ပြက္ခဒိန်အသစ်အတွက် အမည်ရိုက်ထည့်ပြီးနောက် Done ကိုနှိပ်ပါ။

iCloud ပြက္ခဒိန်တစ်ခုကို မျှဝေခြင်း

iCloud တွင် လူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောလူများနှင့် ပြက္ခဒိန်တစ်ခုကို မျှဝေရန် ရွေးချယ်နိုင်သည်။ သင်ဖိတ်ကြားသောသူများသည် ပြက္ခဒိန်ကို ပါဝင်အသုံးပြုရန် ဖိတ်ကြားစာကို လက်ခံရရှိပါလိမ့်မည်။

  1. ဖန်သားပြင်အောက်ခြေရှိ Calendars ကို နှိပ်ပါ။

  2. သင်မျှဝေလိုသည့် iCloud ပြက္ခဒိန်၏ဘေးရှိ Info ခလုတ် ကို နှိပ်ပါ။

  3. Add Person ကိုနှိပ်၍ အမည် သို့မဟုတ် အီးမေးလ်လိပ်စာကို ထည့်သွင်းပါ၊ သို့မဟုတ် Contacts တွင်ရှာဖွေရန် Add ခလုတ် ကိုနှိပ်ပါ။

  4. Add ကိုနှိပ်ပါ။

မျှဝေထားသည့်ပြက္ခဒိန်တစ်ခုသို့ လူတစ်ဦး၏ ဝင်ရောက်အသုံးပြုခွင့်ကို ပြောင်းလဲခြင်း

သင့်ပြက္ခဒိန်ကို မျှဝေရန် လူတစ်ဦးကို သင်ဖိတ်ကြားခဲ့ပြီးနောက် ထိုသူအနေဖြင့် ပြက္ခဒိန်ဖြည့်စွက်ပြင်ဆင်ခွင့်ကို ပိတ်နိုင်ဖွင့်နိုင်သည် သို့မဟုတ် ထိုသူနှင့် ပြက္ခဒိန်မျှဝေမှုကို ရပ်ဆိုင်းနိုင်သည်။

  1. Calendars ကိုနှိပ်ပါ၊ မျှဝေထားသည့်ပြက္ခဒိန်ဘေးရှိ Info ခလုတ် ကိုနှိပ်ပြီး ထိုသူ၏အမည်ကို နှိပ်ပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • Allow Editing ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

    • Stop Sharing ကိုနှိပ်ပါ။

မျှဝေထားသည့်ပြက္ခဒိန်များအတွက် အသိပေးချက်များကို ပိတ်ခြင်း

သင်မျှဝေထားသော ပြက္ခဒိန်ကို တစ်စုံတစ်ယောက်က ပြုပြင်သည့်အခါ ပြောင်းလဲမှုအကြောင်း သင့်ထံ အသိပေးမည်ဖြစ်သည်။ ၎င်းတို့ကိုလက်မခံလိုပါက ပြက္ခဒိန် မျှဝေခြင်းအတွက် အသိပေးချက်များကို ပိတ်ထားနိုင်သည်။

  1. Calendars ကို နှိပ်ပါ၊ ထို့နောက်၎င်းအတွက်အသိပေးချက်များ လက်မခံလိုပါက ပြက္ခဒိန် မျှဝေခြင်းဘေးရှိ Info ခလုတ် ကို နှိပ်ပါ။

  2. Show Changesကိုပိတ်ခြင်း

ဖတ်ရန်သီးသန့် ပြက္ခဒိန်တစ်ခုကို မည်သူနှင့်မဆို မျှဝေခြင်း

  1. Calendars ကို နှိပ်ပါ၊ ထို့နောက် ပြက္ခဒိန်များတွင် သင်မျှဝေလိုသည့် iCloud ပြက္ခဒိန်ဘေးရှိ Info ခလုတ် ကို နှိပ်ပါ။

  2. သင်၏ပြက္ခဒိန်အတွက် URL ကို ကူးယူရန် သို့မဟုတ် ပေးပို့ရန် Public Calendarကို ဖွင့်၍ Share Link ကို နှိပ်ပါ။

  3. URL ပေးပို့ရန်အတွက် နည်းလမ်းတစ်ခုကိုရွေးပါ —Messages၊ Mail စသည်။

သင် URL ပေးပို့ထားသည့် မည်သူမဆို Calendar for macOS ကဲ့သို့ အဆင်ပြေရာသုံးအက်ပ်တစ်ခုသုံး၍ ပြက္ခဒိန်ကို စာရင်းသွင်းမှတ်ပုံတင်နိုင်သည်။

ပြက္ခဒိန်တစ်ခုကိုဖျက်ခြင်း

  1. ဖန်သားပြင်အောက်ခြေရှိ Calendars ကို နှိပ်ပါ။

  2. သင်ဖျက်လိုသည့် iCloud ပြက္ခဒိန်၏ဘေးရှိ Info ခလုတ် ကို နှိပ်ပါ။

  3. စာရင်း၏အောက်ခြေတွင်ရှိသော Delete Calendar ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.