ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Safari ကိုအသုံးပြု၍ ဝက်ဘ်ကို ရှာဖွေခြင်း

Safari အက်ပ် ဖြင့် ဝက်ဘ်ကို ရှာဖွေနိုင်ပြီး နောင်အခါဖတ်ရှုရန် ဖတ်ရှုစာရင်းထဲသို့ ဝက်ဘ်စာမျက်နှာများကို ထည့်သွင်းနိုင်သလို လွယ်လင့်တကူဝင်ရောက်နိုင်ရန်အတွက် Home ဖန်သားပြင်ထဲသို့ စာမျက်နှာသင်္ကေတများ ထည့်သွင်းနိုင်သည်။ သင်၏စက်အားလုံးရှိ iCloud ကို Apple ID တစ်ခုတည်းဖြင့် မှတ်ပုံတင်သွင်းထားလျှင် အခြားစက်များတွင် ဖွင့်ထားသော စာမျက်နှာများကိုပါ ကြည့်နိုင်ပြီး မှတ်သားထားသောဝက်ဘ်စာမျက်နှာများ၊ ရှာဖွေမှုမှတ်တမ်းနှင့် ဖတ်ရှုစာရင်းတို့သည် ထိုစက်များအားလုံး၌ ထိန်းသိမ်းထားနိုင်မည်။

ထိပ်ရှိဝက်ဘ်လိပ်စာကွက်လပ်ကိုသုံး၍ Safari တွင်ဝက်ဘ်ဆိုက်စာမျက်နှာတစ်ခုကိုဖွင့်ပါ။ အောက်ခြေရှိ ဝဲမှ ယာတွင် Back၊ Forward၊ Share၊ Bookmarks နှင့် Pages ခလုတ်တို့ရှိသည်။

Safari ဖြင့် ဝက်ဘ်ဆိုက်များ ကြည့်ရှုခြင်း

အနည်းငယ်ထိနှိပ်ရုံနှင့် ဝက်ဘ်စာမျက်နှာတစ်ခုသို့ အလွယ်တကူသွားနိုင်သည်။

  • ထိပ်သို့ ပြန်သွားရန်၊ ဖန်သားပြင်၏ထိပ်စွန်းကို နှစ်ကြိမ်ဆက်နှိပ်၍ စာမျက်နှာအရှည်တစ်ခု၏ ထိပ်သို့ အမြန်ပြန်သွားနိုင်သည်။

  • စာမျက်နှာကို ကျယ်ကျယ်ပြန့်ပြန့်မြင်ရရန်၊ iPhoneကို အလျားလိုက်လိုသလိုလှည့်ပါ။

  • စာမျက်နှာကို ပြန်လည်သစ်လွင်စေရန်၊ ရှာဖွေသည့်ကွက်လပ်ရှိ ဝက်ဘ်လိပ်စာနှင့် ကပ်ရက်တွင်ရှိသော Reload ခလုတ် ကိုနှိပ်ပါ။

  • လင့်ခ်များကိုမျှဝေရန်။ Share ခလုတ် ကိုနှိပ်ပါ။

စာလုံးအရွယ်အစား၊ ပြသမှု၊ နှင့်ဝက်ဘ်ဆိုက်ချိန်ညှိမှုများကိုပြောင်းခြင်း

စာလုံးအရွယ်အစားကိုကြီးရန် သို့မဟုတ် သေးရန် View စာရင်းကိုသုံးပါ၊ Reader မြင်ကွင်းကိုပြောင်းရန်၊ သီးသန့်ကန့်သတ်ချက်များကိုသတ်မှတ်ရန်အစရှိသည်တို့ဖြစ်သည်။

View စာရင်းကိုဖွင့်ရန်၊ ရှာဖွေကွက်လပ်ဘယ်ဘက်ရှိ Website Options ခလုတ် ကိုနှိပ်ပါ၊ ထို့နောက်အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • စာလုံးအရွယ်အစားပြောင်းခြင်း၊ စာလုံးအရွယ်အစားကိုကြီးရန် A အကြီးကိုနှိပ်ပါ သို့မဟုတ် အရွယ်အစားသေးရန် A အသေးကိုနှိပ်ပါ။

  • ကြော်ငြာများ သို့မဟုတ် ရွေးချယ်စရာလည်ပတ်စေမှုများ မပါဘဲဝက်ဘ်စာမျက်နှာကိုကြည့်ခြင်း၊ Show Reader View ကိုနှိပ်ပါ (ရနိုင်ပါက)။

  • ရှာဖွေကွက်လပ်ကိုဝှက်ခြင်း၊ Hide Toolbar ကိုနှိပ်ပါ (ယင်းကိုပြန်လည်ရရှိရန်၎င်းဖန်သားပြင်ထိပ်ကိုနှိပ်ပါ)။

  • ဝက်ဘ်စာမျက်နှာကို ကွန်ပျူတာမျက်နှာပြင်ပုံစံကြည့်ရှုရန်၊ Request Desktop Website ကိုနှိပ်ပါ (ရနိုင်ပါက)။

  • သင်ထိုဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်သည့်အခါတိုင်းအတွက် ပြသမှုနှင့်သီးသန့်ထိန်းချုပ်မှုများကိုစီစဉ်ခြင်း၊ Website Settings ကိုနှိပ်ပါ။

ဝက်ဘ်ဆိုက်လင့်ခ်များကိုအမြည်းကြည့်ခြင်း

ထိုစာမျက်နှာကိုဖွင့်ခြင်းမရှိဘဲ ၎င်းလင့်ခ်ကိုအမြည်းကြည့်ရန် Safari ရှိလင့်ခ်ကိုဖိ၍နှိပ်ထားပါ။ ထိုလင့်ခ်ကိုဖွင့်ရန် နမူနာကိုနှိပ်ပါ သို့မဟုတ် နောက်ထပ်ရွေးစရာကိုရွေးချယ်ပါ။

နမူနာကြည့်ခြင်းကိုပိတ်ရန်နှင့် လက်ရှိစာမျက်နှာကိုဆက်လက်ထားရှိရန် ထိုနမူနာ၏ပြင်ပရှိ မည်သည့်နေရာကိုမဆိုနှိပ်ပါ။

ဖြစ်နိုင်ခြေရှိသော လုပ်ဆောင်မှုစာရင်းနှင့်အတူပြထားသော ခရီးဆုံး URL ၏ နမူနာအလွှာတစ်ခု၊ ဖွင့်ပါ၊ Reading List သို့ဖြည့်ပါ၊Photo များသို့ဖြည့်ပါ၊ ပွားယူပါ၊မျှဝေပါ။

ဝက်ဘ်စာမျက်နှာတစ်ခုကို ဘာသာပြန်ဆိုခြင်း

အခြားဘာသာစကားဖြင့်ရေးထားသော ဝက်ဘ်စာမျက်နှာတစ်ခုသို့ ရောက်သည့်အခါ ၎င်းစာသားများကိုဘာသာပြန်ဆိုရန် Safari ကိုအသုံးပြုပါ (beta; ဘာသာစကားအားလုံးမရပါ သို့မဟုတ် ဒေသတိုင်းတွင်မရပါ)။

အခြားဘာသာစကားဖြင့်ရေးထားသော ဝက်ဘ်စာမျက်နှာကိုကြ့်သည့်အခါ Website Options ခလုတ် ကိုနှိပ်ကာ Translate ခလုတ် ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.