ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone မှပုံနှိပ်ထုတ်ခြင်း

Mail၊ Photos နှင့် Safari ကဲ့သို့သောအက်ပ်စ်များမှ AirPrint အသုံးပြုနိုင်သောပုံနှိပ်ထုတ်စက်တစ်ခုကိုကြိုးမဲ့ပုံနှိပ်ထုတ်ရန် AirPrint ကိုအသုံးပြုပါ။ App Store ပေါ်တွင်ရရှိနိုင်သောများစွာသောအက်ပ်စ်များသည်လည်း AirPrint အထောက်အပံ့ပေသည်။

iPhone နှင့်ပုံနှိပ်ထုတ်စက်သည် Wi-Fi ကွန်ရက်တစ်ခုတည်းတွင်ရှိရမည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့်AirPrintအကြောင်း ကိုကြည့်ပါ

ပုံနှိပ်ထုတ်သည့်အလုပ် အခြေအနေကို ကြည့်ခြင်း

App Switcher ကိုဖွင့်ပါ၊ထို့နောက် Print Center ကိုနှိပ်ပါ။

သင်္ကေတပေါ်ရှိတံဆိပ်သည်စာရွက်စာတမ်းဘယ်လောက်များများတန်းစီနေသည်ကိုပြပါသည်။

ပုံနှိပ်ထုတ်သည့်အလုပ်ကိုဖျက်သိမ်းရန် Print Center ကိုနှိပ်ပါ၊ထို့နောက် Cancel Printing နှိပ်ပါ။

စာရွက်စာတမ်းကိုပုံနှိပ်ထုတ်ခြင်း

 Share ခလုတ် More ခလုတ်သို့မဟုတ် Reply ခလုတ် (သင်အသုံးပြုနေသည့်အက်ပ်ကိုမူတည်၍) ကိုနှိပ်ပါ၊ထို့နောက် Print ကိုနှိပ်ပါ။ (Print ကိုမမြင်ရပါကအပေါ်သို့ရွှေ့ပါ။)

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.