ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Apple က သင့်ထံကြော်ငြာများပေးပို့သည့်နည်းလမ်းကို ထိန်းချုပ်ခြင်း

Apple က သင့်ထံကြော်ငြာများပေးပို့သည့်နည်းလမ်းကို ထိန်းချုပ်နိုင်သည်။

Apple မှ ပေးပို့သည့် ကြော်ငြာများသည် App Store၊ Apple News နှင့်Stocks တို့အတွင်း ပေါ်လာနိုင်သည်။ ထိုကြော်ငြာများသည် အခြားမည်သည့်အက်ပ်များမှ အချက်အလက်များ မရရှိနိုင်ပါ။ App Store နှင့် Apple News တို့တွင် သင့်ရှာဖွေမှုနှင့် ဒေါင်းလုတ်ရယူမှုမှတ်တမ်းတို့ကို သင်၏သက်ဆိုင်ရာရှာဖွေမှုကြော်ငြာများကို ဝန်ဆောင်မှုပေးရန်အတွက် အသုံးပြုနိုင်သည်။ Apple News နှင့် Stocks တို့တွင် သင်ဖတ်ရှုသည့် သို့မဟုတ် စောင့်ကြည့်နေသည့်အပေါ်တွင် တစ်စိတ်တစ်ပိုင်းအခြေခံ၍ ကြော်ငြာများကို ဝန်ဆောင်မှုပေးသည်။ ၎င်းတွင် အသိပေးချက်များ သင်ဖွင့်ထားသည့် ထုတ်လုပ်သူများ နှင့် သင့်တွင်ရှိသော ထုတ်လုပ်မှုစာရင်းသွင်းလျှောက်ထားခြင်းအမျိုးအစားတို့ပါဝင်သည်။ သင်ဖတ်ရှုသည့် ဆောင်းပါးများကို ထိုအက်ပ်များပြင်ပမှ သင့်ထံ ရည်ရွယ်၍ဝန်ဆောင်မှုပေးလေ့မရှိသလို သင်ဖတ်ရှုသည့်ကြောင်းအရာမှစုဆောင်းထားသော အချက်အလက်များကို Apple ID ဖြင့်မဟုတ်ဘဲ ကျပန်းအတည်ပြုစနစ်တစ်ခုနှင့် ချိတ်ထားသည်။

ကြော်ငြာများပို့ဆောင်ရန် Apple မှသုံးထားသည့်သတင်းအချက်အလက်ကိုဆန်းစစ်ခြင်း

Settings  > Privacy > Apple Advertising > View Ad Targeting Information သို့သွားပါ။

App Store၊ Apple News နှင့် Stocks ရှိ သက်ဆိုင်ရာကြော်ငြာများ ထပ်မံပို့ရန်ထိုသတင်းအချက်အလက်ကို Apple ဖြင့်သုံးသည်။ သင်၏ကိုယ်ရေးအချက်အလက်ကိုအခြားအဖွဲ့များသို့ပေးမထားပါ။

တစ်ဦးချင်းသီးသန့်စီစဉ်ထားသည့် ကြော်ငြာများကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း

Settings  > Privacy > Apple Advertising သို့သွားပါ၊ ထို့နောက် Personalized Ads ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

မှတ်စု တစ်ဦးချင်းသီးသန့်စီစဉ်ထားသည့် ကြော်ငြာများကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း သည် သက်ဆိုင်ရာကြော်ငြာများ သင့်ထံပေးပို့ရန် Apple ၏ လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်သည်။ ၎င်းက သင်လက်ခံရရှိသည့် ကြော်ငြာအရေအတွက်ကို မလျော့နည်းစေနိုင်ပါ။

သီးသန့်တည်ရှိမှုနှင့် Apple ၏ကြော်ငြာပလက်ဖောင်းနှင့် ပတ်သက်၍ပိုမိုသိရှိရန်လေ့လာခြင်း

Settings  > Privacy > Apple Advertising > About Advertising & Privacy သို့သွားပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.