ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် မှန်းဆရလွယ်သော လျှို့ဝှက်နံပါတ်တစ်ခုကို ပြောင်းလဲခြင်း

သင့်ကိုယ်ပိုင်လျှို့ဝှက်နံပါတ်များကို သင်ဖန်တီးပြီး တစ်ခုခုက မှန်းဆရလွယ်နေပါက (ဥပမာ - ၎င်းတို့ကို မှန်းဆရလွယ်နေခြင်း သို့မဟုတ် အကြိမ်ပေါင်းများစွာအသုံးပြုခြင်း) iPhone က သင့်အတွက် အလိုအလျောက် သိရှိပြီးသည်။

  1. Settings  > Passwords > Security Recommendations သို့သွားပါ။

    အကောင့်တစ်ခုက မှန်းဆရလွယ်သောလျှို့ဝှက်နံပါတ်တစ်ခုရှိနေပါက မက်ဆေ့ချ်တစ်စောင်က ပြဿနာကို ရှင်းပြပေးပါသည်။

  2. အကောင့်ကိုနှိပ်ပါ။

  3. Change Password ကိုနှိပ်ပါ၊ ထို့နောက် ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တစ်ခုတွင် သင်၏စကားဝှက်ကိုပြောင်းပါ။

    လျှို့ဝှက်ကုတ်ချိန်ညှိမှုများရှိ အကောင့်ဖန်သားပြင်တစ်ခု။ “စကားဝှက်သည် မှန်းရလွယ်သည်။ ၎င်းစကားဝှက်တွင် သုံးနေကျဖြစ်သည့် 'ဟက်ပီး!' ဆိုသည့် ခန့်မှန်းရလွယ်သည့် စကားတစ်လုံးပါဝင်သည်" ဟုဖော်ပြထားသည့် လုံခြုံရေးဆိုင်ရာအကြံပြုချက်တစ်ခု။ ဝက်ဘ်ဆိုက်ပေါ်ရှိ Change Password ခလုတ်သည် လုံခြုံရေးအကြံပြုချက်များအောက်တွင်ပေါ်သည်။

    ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်သည် Sign in with Apple ကိုအသုံးပြုရန် အဆင့်မြှင့်ခွင့်ပေးပါက ထိုလုပ်ဆောင်ချက်၏ လုံခြုံရေးစနစ်နှင့် သက်သာလွယ်ကူမှုတို့ကို အကျိုးခံစားနိုင်မည်။ သင်၏စကားဝှက်ကို ပြောင်းလဲသည့်အခါ ထိုးကဲ့သိုအဆင့်မြှင့်ထားသော ရွေးချယ်မှုမရရှိပါက iPhone သည် အကောင့်များစွာအတွက် မှတ်သားထားစရာမလိုသော ခိုင်မာစိတ်ချရသည့် စကားဝှက်တစ်ခုကို အလိုလျောက်ဖန်တီး ပေးနိုင်ပါသည်။

မှတ်စု Delete Password ခလုတ်ဖြင့် iCloud Keychain မှသာ ထိုစကားဝှက်ကို သင်ဖယ်ရှားနိုင်သည်။ သင့်ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်အကောင့်မှ မှန်းဆရလွယ်သည့် စကားဝှက်ကိုဖယ်ရှားခြင်းမရှိပါ။

iPhone က သင့်လျှို့ဝှက်နံပါတ်များကိုလည်း လုံခြုံစွာစောင့်ကြည့်လျက်ရှိပြီး အချက်အလက်ပေါက်ကြားခြင်းတွင် ၎င်းတို့ပါလာခဲ့လျှင်သင့်ကို အသိပေးသည်။ iPhone ကို ထိုစောင့်ကြည့်မှုမျိုး မလုပ်စေလိုပါက Settings > Passwords > Security Recommendations သို့သွားပါ၊ ထို့နောက် Detect Compromised Passwords ကို ပိတ်ပါ။

အကယ်၍ ဝက်ဘ်ဆိုက်တစ်ခု သို့မဟုတ် အက်ပ်တစ်ခုအတွက် နောက်ထပ်သုံးစွဲ၍မရနိုင်တော့သည့် မှန်းဆရလွယ်စကားဝှက်တစ်ခုအကြောင်း iPhone က သင့်ကို သတိပေးလာလျှင် သင်၏ iCloud Keychain မှ ထိုအကောင့်ကို ဖယ်ရှားနိုင်သည်။ အကောင့်တစ်ခုကိုဖယ်ရှားရန် Settings > Passwords သို့သွားပါ၊ ထို့နောက်ထိုအကောင့် ဘယ်ဘက်သို့ ပွတ်ဆွဲပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.