ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ App Store တွင် အက်ပ်များကို ရယူခြင်း

App Store အက်ပ် တွင် အက်ပ်အသစ်များရှာဖွေခြင်း၊ အသားပေးဖော်ပြထားသော အကြောင်းအရာများကို ဖတ်ခြင်းနှင့် အကြံပြုချက်များနှင့်သုံးစွဲပုံများကို လေ့လာခြင်းတို့ကို လုပ်ဆောင်နိုင်သည်။

အသားပေးပြထားသောအက်ပ်တစ်ခု ဖော်ပြထားသော App Store ၏ Today စာမျက်နှာ။ ဝယ်ယူမှုများနှင့် စာရင်းပေးသွင်းချက်စီမံမှုများကို ကြည့်ရန်နှင့် သင်၏စာရင်းပေးသွင်းခြင်းများကို စီမံဆောင်ရွက်ရန် ညာဘက်ထိပ်ရှိ သင့်ဓာတ်ပုံကိုနှိပ်ပါ။ အောက်ခြေရှိ ဘယ်မှညာတစ်လျှောက်တွင် Today၊ Games၊ Apps၊ Arcade နှင့် ရှာဖွေမှုစာမျက်နှာများရှိသည်။

မှတ်စု App Store ကိုအသုံးပြုရန်အတွက် အင်တာနက်နှင့်ချိတ်ဆက်ထားရမည်ဖြစ်ပြီး Apple ID တစ်ခုကို လိုအပ်ပါသည်။ App Store ကို ရရှိနိုင်ခြင်းရှိမရှိသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ကွာခြားပါသည်။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Media Services ရရှိနိုင်မှု ကိုကြည့်ပါ။

အက်ပ်များကိုရှာဖွေခြင်း

Siri ကိုမေးပါ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Search the App Store for cooking apps” သို့မဟုတ် “Get the Minecraft app” Siri အားတောင်းဆိုပုံကိုလေ့လာခြင်း

အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊

  • ယနေ့၊ ထည့်သွင်းထားသော အကြောင်းအရာများနှင့် အက်ပ်များကို ရှာဖွေပါ။

  • အက်ပ်များ၊ ထုတ်ပြန်ချက်အသစ်များကိုလေ့လာပါ၊ ထိပ်ဆုံးရှိ ဇယားများကိုကြည့်ပါ သို့မဟုတ် အမျိုးအစားလိုက် ရှာဖွေပါ။

  • Search၊ သင်ရှာဖွေနေသည့်အရာကို ရိုက်ထည့်ပါ၊ ထို့နောက် စာရိုက်ခလုတ်ခုံပေါ်ရှိ Search ကို နှိပ်ပါ။

အက်ပ်တစ်ခုအကြောင်းသတင်းအချက်အလက်များ ပိုမိုရယူခြင်း

အောက်ပါသတင်းအချက်အလက်နှင့် စသည်တို့ကိုကြည့်ရန် အက်ပ်တစ်ခုကိုနှိပ်ပါ၊

အက်ပ်တစ်ခုကို ဝယ်ယူခြင်း ဒေါင်းလုတ်လုပ်ခြင်း

  1. အက်ပ်တစ်ခုကို ဝယ်ယူရန် ဈေးနှုန်းကို နှိပ်ပါ။ ၎င်းအက်ပ်သည် အခမဲ့ပေးခြင်းဖြစ်လျှင် Get ကို နှိပ်ပါ။

    ဈေးနှုန်းတစ်ခုအစား Download ခလုတ် ကိုတွေ့လျှင် သင်သည် ယင်းအက်ပ်ကို ဝယ်ယူပြီးဖြစ်ကာ အဖိုးအခပေးစရာမလိုဘဲ ထပ်မံဒေါင်းလုတ်လုပ်နိုင်ပါသည်။

  2. လိုအပ်ပါက သင်၏ဝယ်ယူမှုပြီးမြောက်စေရန်အတွက် သင့်၏Apple ID အား Face ID ၊Touch ID ၊ သို့မဟုတ် လျှို့ဝှက်ကုတ်တို့ဖြင့် အထောက်အထားပြပါ။

ယင်းအက်ပ်ကို ဒေါင်းလုတ်လုပ်နေလျှင် သို့မဟုတ် အဆင့်မြှင့်တင်နေလျှင် ယင်းသင်္ကေတသည် Home ဖန်သားပြင်တွင် လုပ်ဆောင်နေဆဲပြအညွန်းတစ်ခုဖြင့် ပေါ်နေမည်။ Recently Added အမျိုးအစားရှိ App Library တွင်လည်း ထိုအက်ပ်ကို ရှာဖွေ နိုင်သည်။

အက်ပ်တစ်ခုကို မျှဝေခြင်း သို့မဟုတ် ပေးခြင်း

  1. ၎င်း၏ အသေးစိတ်အချက်များကို ကြည့်ရန် အဆိုပါ အက်ပ်ကို နှိပ်ပါ။

  2. Share ခလုတ် ကို နှိပ်ကာ မျှဝေခြင်းနည်းတစ်ခုကိုရွေးချယ်ပါ သို့မဟုတ် Gift App ကိုနှိပ်ပါ (အက်ပ်များအားလုံးအတွက် မရနိုင်ပါ)။

App Store နှင့် iTunes gift card ပြန်ရယူခြင်း (သို့မဟုတ်) ပေးပို့ခြင်း

  1. My Account ခလုတ် ကိုနှိပ်ပါ၊ သို့မဟုတ် ညာဘက်ထိပ်ရှိ သင့်ဓာတ်ပုံကို နှိပ်ပါ။

  2. အောက်ပါတို့မှ တစ်ခုကိုနှိပ်ပါ၊

    • Gift Card သို့မဟုတ် Code ကိုပြန်ရယူခြင်း

    • Gift Card ကို အီးမေးလ်ဖြင့် ပေးပို့ခြင်း

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.