ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အက်ပ်များကိုဖွင့်ခြင်း

သင့် Home ဖန်သားပြင်စာမျက်နှာများ သို့မဟုတ် App Library မှနေပြီး အက်ပ်စ်များကိုလျင်မြန်စွာဖွင့်နိုင်သည်။

  1. Home ဖန်သားပြင်သို့သွားရန် ပိတ်ထားသည့်ဖန်သားပြင်အောက်ခြေအစွန်းမှအပေါ်သို့ ပွတ်ဆွဲပါ (Face ID ပါသည့် iPhone တွင်သာ) သို့မဟုတ် Home ခလုတ်ကိုနှိပ်ပါ (Home ခလုတ်ပါသည့် iPhone တွင်သာ)။

    Home ဖန်သားပြင်သို့သွားရန် ဖန်သားပြင်၏အောက်ခြေအစွန်းမှအပေါ်သို့ ပွတ်ဆွဲခြင်းကို ပြထားသည့် သရုပ်ဖော်ပုံတစ်ပုံ။
  2. အခြား Home ဖန်သားပြင်စာမျက်နှာများပေါ်ရှိ အက်ပ်များကိုရှာဖွေရန် ဘယ်ဘက် သို့ပွတ်ဆွဲပါ။

    အခြား Home ဖန်သားပြင်စာမျက်နှာများပေါ်ရှိ အက်ပ်စ်များကိုရှာဖွေရန် ဘယ်ဘက်ရွှေ့ခြင်းကိုပြထားသည့် သရုပ်ဖော်ပုံတစ်ပုံ။
  3. အက်ပ်များကို အမျိုးအစားအလိုက်စီစဉ်ထားသည့် App Library ကိုကြည့်ရန် Home ဖန်သားပြင်စာမျက်နှာများအားလုံးကို ဘယ်ဘက်သို့ ပွတ်ဆွဲပါ။

  4. အက်ပ်တစ်ခုကိုဖွင့်ရန် ၎င်း၏သင်္ကေတကိုနှိပ်ပါ။

  5. App Library သို့ ပြန်သွားရန် ဖန်သားပြင်အောက်ခြေအစွန်းမှ အပေါ်သို့ ပွတ်ဆွဲပါ (Face ID ပါသည့် iPhone တွင်သာ) သို့မဟုတ် Home ခလုတ်ကိုနှိပ်ပါ (Home ခလုတ်ပါသည့် iPhone တွင်သာ)။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.