ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Phone အက်ပ်မှ Contacts ကိုအသုံးပြုခြင်း

iPhone ရှိ Phone အက်ပ်တွင် ဆက်သွယ်မှုများကိုဖုန်းခေါ်ဆိုခြင်းနှင့် များမကြာမီက ဖုန်းခေါ်ဆိုသူများကို Contacts အက်ပ် တွင်ထည့်သွင်းနိုင်သည်။

Favorite တစ်ခုကိုထည့်သွင်းခြင်း

လွယ်လင့်တကူဖုန်းခေါ်ဆိုခြင်းအတွက် သင်၏ Favourites စာရင်းထဲတွင် VIP ဆက်သွယ်မှုများကိုထားပါ။

ဆက်သွယ်မှုတစ်ခုကိုရွေးချယ်၍ အောက်သို့ဆွဲချပြီးလျှင် Add to Favorites ကိုနှိပ်ပါ။

Do Not Disturb တွင်မပါသည့် ဆက်သွယ်မှုများထံမှ ဖုန်းခေါ်ဆိုမှုများ (iPhone တွင် Do Not Disturb ကိုပြုလုပ်ထားခြင်းကိုကြည့်ပါ။)

သင်ခေါ်ဆိုလိုက်သော နံပါတ်ကို သိမ်းဆည်းခြင်း

  1. Phone အက်ပ် တွင် Keypad ကိုနှိပ်ကာ နံပါတ်တစ်ခုရိုက်ထည့်ပြီးနောက် Add Number ကိုနှိပ်ပါ။

  2. Create New Contact သို့မဟုတ် Add to Existing Contact ကိုနှိပ်၍ ဆက်သွယ်မှုတစ်ခုကို ရွေးချယ်ပါ။

Contacts ထဲသို့ လတ်တလော ဖုန်းခေါ်ဆိုလာသူကို ထည့်သွင်းခြင်း

  1. Phone အက်ပ် တွင် Recents ကိုနှိပ်၍ နံပါတ်ဘေးနားရှိ More Info ခလုတ် ကိုနှိပ်ပါ။

  2. Create New Contact သို့မဟုတ် Add to Existing Contact ကိုနှိပ်၍ ဆက်သွယ်မှုတစ်ခုကို ရွေးချယ်ပါ။

တယ်လီဖုန်းလိုင်းခွဲတစ်ခု သို့မဟုတ် ကုဒ်နံပါတ်ကိုအလိုအလျောက်ခေါ်ဆိုခြင်း

သင်ခေါ်ဆိုနေသော နံပါတ်သည် လိုင်းခွဲကို ခေါ်ဆိုရန်လိုအပ်ပါက iPhone သည် ၎င်းလိုင်းခွဲသို့ သင့်အတွက် ဝင်ရောက်ခေါ်ဆိုပေးနိုင်သည်။ ဆက်သွယ်မှုတစ်ခု၏ ဖုန်းနံပါတ်ကို ဖြည့်စွက်ပြုပြင်သည့်အခါ Symbols ခလုတ် ကိုနှိပ်၍ အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊

  • နှစ်စက္ကန့်ခေတ္တရပ်နားမှုကို ဝင်ရောက်ရန် Pause ကိုနှိပ်ပါ (နှစ်စက္ကန့်ရပ်နားမှုသည် ဖုန်းနံပါတ်တွင် ကော်မာတစ်ခုဖြင့်ညွှန်းသည်)။

  • Dial ကိုထပ်မံမနှိပ်မီ ခေါ်ဆိုမှုရပ်ရန် Wait ကိုနှိပ်ပါ (ခေါ်ဆိုရန်စောင့်ဆိုင်းမှုသည် ဖုန်းနံပါတ်တွင် ဆီမီးကော်လန်တစ်ခုဖြင့် ညွှန်းသည်)။

ဂဏန်းများကြား နှစ်စက္ကန့်ခေတ္တရပ်နားမှုတစ်ခုကို ညွှန်းသော ကော်မာတစ်ခုပါ ဖုန်းနံပါတ်တစ်ခုနှင့် Dial ကို ထပ်မံမနှိပ်မီ ခေါ်ဆိုမှုကိုရပ်ခြင်းကို ညွှန်းသော ဆီမီးကော်လန်တစ်ခုတို့ ပါရှိသော ဖုန်းနံပါတ်တစ်ခု။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.