ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Music တွင်အယ်လ်ဘမ်များ၊သီချင်းစာရင်းများနှင့် အစရှိသည်တို့ကိုကြည့်ခြင်း

Music အက်ပ်တွင် စာကြည့်တိုက်သည်သင်ထည့်သွင်းထားသောသီချင်းသို့မဟုတ် Apple Music မှ ဒေါင်းလုတ်လုပ်ထားသောသီချင်း၊ iPhoneတွင် သင်ဖွင့်ထားသောသီချင်းနှင့်ဗီဒီယိုများ၊ Apple Music မှTV ရှိုးများနှင့် သင်၏ iTunes Store ဝယ်ယူမှုများပါဝင်သည်။

စာကြည့်တိုက်ဖန်သားပြင်သည် သီချင်းစာရင်းများ၊ အနုပညာရှင်များ၊ အယ်လ်ဘမ်များနှင့် သီချင်းများပါဝင်သော အမျိုးအစားစာရင်းကိုပြပါသည်။ မကြာသေးမီက ထည့်သွင်းသောခေါင်းစီးများသည် စာရင်း၏အောက်ဖက်တွင်ပေါ်သည်။ Player သည် ဖွင့်ထားသောသီချင်း၏ခေါင်းစီးကိုပြပြီး Pause နှင့် Next ခလုတ်များ သည် အောက်ခြေအနီးနားတွင် ပေါ်သည်။

သင်၏သီချင်းကို အကြမ်းဖျင်းကြည့်ပြီးဖွင့်ခြင်း

  1. Music အက်ပ်ရှိ Library ကိုနှိပ်ပါ၊ထို့နောက် Albums သို့မဟုတ် Songs ကဲ့သို့သော အမျိုးအစားတစ်ခုကိုနှိပ်ပါ၊ iPhone ပေါ်တွင်သိမ်းထည်းသောသီချင်းကိုသာလျှင်ကြည့်ရန် Downloaded ကိုနှိပ်ပါ။

  2. အထက်အောက်ဆွဲ၍ရှာပါ သို့မဟုတ် စာမျက်နှာကို ဆွဲချပြီး သင်၏ရှာဖွေမှုရလဒ်ကို စိစစ်ထုတ်ရန် ရှာဖွေမှုကွက်လပ်တွင် စာရိုက်ထည့်ကာ မိမိသိလိုသည်ကို ရှာဖွေပါ။

  3. အမျိုးအစားတစ်ခုကိုနှိပ်ပါ၊ ထို့နောက် Play ကိုနှိပ်ပါ သို့မဟုတ် Shuffle to shuffle အယ်လ်ဘမ်တစ်ခု သို့မဟုတ် သီချင်းစာရင်းကိုနှိပ်ပါ။

    အယ်လ်ဘမ်လက်ရာကိုလည်း ဖိနှိပ်ထားနိုင်သည်၊ ထို့နောက် Play ကိုနှိပ်ပါ။

အမျိုးအစားစာရင်းကို ပြောင်းလဲရန် Edit ကိုနှိပ်ကာ Genres နှင့် Compilations ကဲ့သို့သော သင်ထည့်သွင်းလိုသော အမျိုးအစားကိုရွေးချယ်ပါ။ ရှိပြီးသားအမျိုးအစားများကို ဖယ်ရှားရန် ၎င်းတို့ကိုနှိပ်ပါ။

သင်၏သီချင်းကို အမျိုးအစားခွဲခြင်း

  1. Library ကိုနှိပ်ပါ၊ ထို့နောက် Playlists၊ Albums၊Songs၊TV & Movies သို့မဟုတ် Music Videos ကိုနှိပ်ပါ။

  2. Sort ကိုနှိပ်ပြီးနောက် သီချင်းခေါင်းစဥ်၊ တေးသံရှင်၊ မကြာသေးခင်က ထည့်သွင်းထားသော သို့မဟုတ် မကြာသေးခင်က ဖွင့်ထားသော စသည်တို့ကဲ့သို့ အမျိုးအစားခွဲနည်းလမ်းတစ်ခုကို ရွေးချယ်ပါ။

ကွန်ပျူတာအနီးတွင် မျှဝေထားသောသီချင်းကိုဖွင့်ခြင်း

သင်၏ကွန်ရက်ပေါ်ရှိ ကွန်ပျူတာတစ်လုံးသည် Home Sharing မှတစ်ဆင့် သီချင်းကိုမျှဝေလျှင် ၎င်း၏သီချင်းကိုသင်၏ iPhone တွင်ဖွင့်နိုင်သည်။

  1. သင်၏ iPhone ပေါ်တွင် Settings  > Music သို့သွားပါ၊Home Sharing အောက်မှ Sign In ကိုနှိပ်ပါ၊ ထို့နောက်သင်၏ Apple ID ဖြင့်ဝင်ရောက်ပါ။

  2. Music အက်ပ် ကိုဖွင့်ပါ၊ Library > Home Sharing သို့သွားပါ၊ ထို့နောက်စာကြည့်တိုက်တွင်မျှဝေထားသည်ကိုရွေးပါ။

iPhone မှ Apple Music သီချင်းများကို ဖယ်ရှားခြင်း

Settings  > Music သို့သွားပါ၊ ထို့နောက် Sync Library ကိုပိတ်ပါ။

သီချင်းများကို iPhone မှဖယ်ရှားထားသော်လည်း iCloud တွင်ကျန်ရှိနေမည်ဖြစ်သည်။ သင်ဝယ်ယူထားသောသီချင်း သို့မဟုတ် ဖွင့်ထားသောသီချင်းသည်လည်းကျန်ရှိမည်ဖြစ်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.