ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Apple TV အက်ပ်တွင် ရုပ်သံအစီအစဉ်များနှင့် ရုပ်ရှင်များကိုကြည့်ရှုခြင်း

iPhone ရှိ Apple TV အက်ပ် တွင် ရုပ်သံအစီအစဥ်များနှင့် ရုပ်ရှင်များကို ဖွင့်ပါ။ အခြားရုပ်သံလိုင်းများမှ အကြောင်းအရာများသည် ၎င်းတို့၏ ဗီဒီယိုအက်ပ်တွင် ပွင့်နေမည့်အချိန်တွင် ဝယ်ယူငှားရမ်းထားသည်များ၊Apple TV+ နှင့် Apple TV ရုပ်သံလိုင်းများသည် Apple TV အက်ပ်တွင်ပွင့်နေမည်။

ရုပ်သံအစီအစဥ်များနှင့် ရုပ်ရှင်များကို ဝယ်ယူခြင်း၊ ငှားယူခြင်း သို့မဟုတ် ဒေါင်းလုတ်ရယူခြင်း

  1. ၄င်း၏အသေးစိတ်အချက်အလက်များကိုကြည့်ရန် အမျိုးအစားတစ်ခုကိုနှိပ်ပါ။

  2. အောက်ဖော်ပြပါတို့ထဲမှ နှစ်သက်ရာကိုရွေးချယ်ပါ၊ (ခေါင်းစဉ်အားလုံးအတွက်ရနိုင်သည့်ရွေးချယ်မှုများမဟုတ်ပါ)

    • Apple TV+ သို့မဟုတ် Apple TV ရုပ်သံလိုင်းကိုကြည့်ရှုရန်၊ Play ကိုနှိပ်ပါ။ သင်သည် လက်ရှိကြည့်ရှုရန်မှတ်ပုံတင်ထားသူမဟုတ်ပါက Try It Free (Apple ID အကောင့်ရှိသူများသာ) သို့မဟုတ် Subscribe ကိုနှိပ်ပါ။

    • မတူညီသည့် ဗီဒီယိုအက်ပ်ကိုရွေးချယ်ခြင်း၊ တစ်ခုထက်ပိုသောအက်ပ်များမှရရှိနိုင်သော ခေါင်းစီးဖြစ်ပါက၊ How To Watch အထိအောက်သို့ရွှေ့ကာ အက်ပ်တစ်ခုကိုရွေးချယ်ပါ။

    • Buy သို့မဟုတ် Rent၊ သင်၏ရွေးချယ်မှုကို အတည်ပြု၍ ငွေပေးချေခြင်းကို ပြီးမြောက်အောင်ဆောင်ရွက်ပါ။

      သင်ရုပ်ရှင်တစ်ကားကိုငှားရမ်းသည့်အခါ ၎င်းရုပ်ရှင်အား ကြည့်ရန် ရက် 30 အချိန်ရပါသည်။ အဆိုပါရုပ်ရှင်အား သင်စတင်ကြည့်ပြီးသည်နှင့် 48 နာရီအတွင်း ၎င်းအား အကြိမ်ကြိမ်အခါခါ သင်စိတ်ကြိုက်ကြည့်နိုင်ပါသည်။ ၎င်းနောက် ငှားရမ်းကာလ အဆုံးသတ်သွားပါမည်။ ငှားရမ်းကာလအဆုံးသတ်ချိန်တွင် ၎င်းရုပ်ရှင်သည် ပျက်သွားမည်ဖြစ်သည်။

    • ဒေါင်းလုတ်ရယူခြင်း၊ Download ခလုတ် ကိုနှိပ်ပါ။ သင့်စုစည်းမှုထဲတွင် ဒေါင်းလုတ်လုပ်ထားသည့်အရာကိုရှာနိုင်၍ iPhone ကိုအင်တာနက်ချိတ်ဆက်မထားသည့်အခါတွင်ပင် ၎င်းကိုကြည့်ရှုနိုင်သည်။

    • ကြိုတင်မှာယူခြင်း၊ အသေးစိတ်များကို ပြန်လည်ကြည့်ပါ၊ ထို့နောက် Pre-Order ကို နှိပ်ပါ။

      ကြိုတင်မှာယူသည့်အမျိုးအစားကို ရနိုင်သည်ဆိုပါက၊ သင့်ငွေပေးချေမှုနည်းလမ်းသို့ ငွေတောင်းခံလွှာရောက်မည်၊ ပြီးလျှင် အသိပေးချက်အီးမေးလ်တစ်စောင် သင်လက်ခံရရှိမည်။ အလိုအလျောက် ဒေါင်းလုတ်လုပ်ခြင်းကို သင်ဖွင့်ထားလျှင် အဆိုပါအမျိုးအစားသည် သင့် iPhone တွင်းသို့ အလိုအလျောက် ဒေါင်းလုတ်လုပ်ပြီးသား ဖြစ်မည်။

မှတ်စု Apple Media Services ရရှိနိုင်မှုသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ကွဲပြားသွားနိုင်သည်။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Media Services ရရှိနိုင်မှု ကိုကြည့်ပါ။

Apple TV အက်ပ်တွင် playback ကိုထိန်းချုပ်ခြင်း

Playbackလုပ်ထားစဉ် ထိန်းချုပ်မှုများကိုပြသရန် ထိုဖန်သားပြင်ကိုနှိပ်ပါ။

playback ထိန်းချုပ်မှုများကိုပြသလျက် ဖွင့်ထားသည့် ရုပ်ရှင်တစ်ခုဖြစ်သည်။ Done နှင့် Scale to Fill ခလုတ်များသည် ဘယ်ဘက်ထိပ်တွင်ရှိပါသည်။ အသံအတိုးအချဲ့ဆလိုက်သည် ညာဘက်ထိပ်တွင်ရှိပါသည်။ အောက်ခြေဘယ်ဘက်တွင် နောက်သို့ 15 စက္ကန့်ကျော်ရန်၊ ခေတ္တရပ်ရန်နှင့် ရှေ့ သို့ 15 စက္ကန့်ကျော်ရန်ခလုတ်များရှိသည်။ အောက်ခြေအလယ်ပိုင်းတစ်လျှောက်သည် ဗီဒီယိုတည်နေရာကိုညှိရန် ပွတ်ဆွဲနိုင်သည့် ဆလိုက်ဖြစ်သည်၊ ဆလိုက်၏ဘေးတွင်လည်း ကုန်လွန်သွားသည့်အချိန်နှင့် ကျန်ရှိသည့်အချိန်ပေါ်လာမည်ဖြစ်သည်။ အောက်ခြေညာဘက်တွင်၊ ဗီဒီယိုဖိုင်ရောက်မည့်နေရာပြောင်းလဲခြင်း၊ စာတန်းထိုးစေခြင်းနှင့် အပိုဆောင်းအကြောင်းအရာဖွင့်ခြင်းတို့ပြုလုပ်ရန် ခလုတ်များရှိသည်။

ထိန်းချုပ်ခြင်း

ဖော်ပြချက်

Play ခလုတ်

ဖွင့်ခြင်း

Pause ခလုတ်

ခေတ္တရပ်ခြင်း

နောက်သို့ 15 စက္ကန့်ကျော်သည့် ခလုတ်

နောက်သို့ 15 စက္ကန့်ကျော်ရန် - ပြန်ရစ်ရန် ထိ၍ထိန်းထားပါ။

ရှေ့သို့ 15 စက္ကန့်ကျော်သည့် ခလုတ်

ရှေ့သို့ 15 စက္ကန့်ကျော်ရန် - ရှေ့သို့အမြန်ကျော်ရန်ထိ၍ထိန်းထားပါ

Scale to Fill ခလုတ်

အဆိုပါအချိုးအစားကိုပြောင်းရန် - အတိုင်းအတာထိန်းချုပ်မှုစနစ်ကို သင်မတွေ့ပါက၊ ဗီဒီယိုသည် ဖန်သားပြင်ပေါ်တွင် အံကိုက်ကွက်တိဖြစ်ပြီးသားဖြစ်ပါသည်

Media Selection ခလုတ်

စာတန်းထိုးပြသခြင်းနှင့် အပိတ်ခေါင်းစီးများကိုပြသခြင်း (ရရှိလျှင်)

AirPlay ခလုတ်

ဗီဒီယိုဖိုင်ကိုအခြားစက်ပစ္စည်းများတွင် ပြသခြင်း

Picture in Picture ခလုတ်

Picture in Picture ဖြင့် တစ်ခုထက်ပိုသော လုပ်ဆောင်ချက်များလုပ်ဆောင်ခြင်း - အခြားအက်ပ်ကို အသုံးပြုနေစဥ် ဗီဒီယိုကို ဆက်လက်ကြည့်ရှုနိုင်သည်

Done ခလုတ်

Playback ကိုရပ်ခြင်း

Apple TV အက်ပ်ချိန်ညှိခြင်းများကိုပြောင်းခြင်း

  1. Settings  > TV သို့သွားပါ။

  2. Streaming ရွေးချယ်မှုများကို ရွေးချယ်ပါ၊

    • Cellular ဒေတာအသုံးပြုရန်၊ Wi-Fi ချိတ်ဆက်မှုဖြင့် streaming ကြည့်ခြင်းကန့်သတ်ချက်ကို ပိတ်ထားပါ။

    • Cellular၊ High Quality သို့မဟုတ် Automatic ကိုရွေးချယ်ပါ။

    • Wi-Fi၊ High Quality သို့မဟုတ် Data Saver ကိုရွေးချယ်ပါ။

      High Quality သည် ပိုမိုမြန်ဆန်သော အင်တာနက်ချိတ်ဆက်မှုကိုလိုအပ်၍ ဒေတာကို ပိုမိုသုံးစွဲပါသည်။

  3. ဒေါင်းလုတ်လုပ်ခြင်းရွေးချယ်မှုများကို ရွေးချယ်ပါ၊

    • Cellular ဒေတာအသုံးပြုရန်၊ Wi-Fi ချိတ်ဆက်မှုဖြင့် ဒေါင်းလုတ်လုပ်ခြင်းကန့်သတ်ချက်ကို ပိတ်ထားပါ။

    • Cellular၊ High Quality သို့မဟုတ် Fast Downloads ကိုရွေးချယ်ပါ။

    • Wi-Fi၊ High Quality သို့မဟုတ် Fast Downloads ကိုရွေးချယ်ပါ။

      အချိန်ပိုမိုကြာသည့် ဒေါင်းလုတ်ပြုလုပ်ခြင်းတို့တွင် High Quality သက်ရောက်မှုရှိပြီး Data များပိုမိုအသုံးပြုသည်။

    • ဘာသာစကားများ၊ ဘာသာစကားတစ်ခုကို ရွေးချယ်ပါ။ ထည့်သွင်းထားသော အသံပါဘာသာစကားတစ်ခုစီသည် ဒေါင်းလုတ်လုပ်ရမည့်အရွယ်အစားကိုတိုးစေသည်။ ဘာသာစကားတစ်ခုကိုဖယ်ရှားရန် သင်ဖယ်ရှားလိုသည့် ဘာသာစကားကို ဘယ်ဘက်သို့ဖိဆွဲကာ Delete ကိုနှိပ်ပါ။

      ပုံသေသတ်မှတ်ဘာသာစကားသည် သင်၏နိုင်ငံ သို့မဟုတ် ဒေသအတွက် အဓိကဘာသာစကားဖြစ်သည်။ Settings > Accessibility တွင်ရှိသော Audio Descriptions ကိုဖွင့်ထားလျှင် ဒေါင်းလုတ်လုပ်သည့်အခါ အသံဖိုင်ဖော်ပြချက်များလည်းပါဝင်သည်။

  4. သင်၏iPhone တွင် သင်ကြည့်ရှုသည်ကို အခြေခံထားသော သင့်အတွက် ထောက်ခံပေးချက်များနှင့် Up Next တန်းစီစာရင်းတို့ကို အဆင်မြှင့်တင်ရန် Use Play History ကိုဖွင့်ပါ။

    သင်၏ iPhone ရှိသင်ကြည့်ရှုထားသည့်အရာသည် သင်၏ Apple ID ဖြင့်ဝင်ရောက်ထားသည့် စက်ပစ္စည်းအားလုံးရှိ သင်၏သီးသန့်ထောက်ခံချက်များနှင့် Up Next တို့ကိုသက်ရောက်သည်။

ဒေါင်းလုတ်လုပ်ထားသည်ကို ဖယ်ရှားခြင်း

  1. Library ကိုနှိပ်ကာ Downloaded ကိုနှိပ်ပါ။

  2. သင်ဖယ်ရှားလိုသည့် အရာကို ဘယ်ဘက်သို့ဖိဆွဲကာ Delete ကိုနှိပ်ပါ။

iPhone မှအရာတစ်ခုကို ဖယ်ရှားလိုက်ခြင်းဖြင့် iCloud ရှိ သင်ဝယ်ယူမှုစာရင်းမှ ၎င်းကို ဖျက်သိမ်းမည်မဟုတ်ပါ။ iPhone တွင် ၎င်းကို နောက်ပိုင်းတွင် ထပ်မံဒေါင်းလုတ်လုပ်နိုင်သည်။

The LEGO Movie 2၊ The Second Part © 2019 Warner Bros. Entertainment Inc. LEGO၊ LEGO တံဆိပ်၊ အသေးစားပုံစံလေးများ၊ နှင့် အဖုများပါနံရံပုံစံလေးများသည် The LEGO Group ၏ ကုန်အမှတ်တံဆိပ်များဖြစ်သည်။ © 2019 The LEGO Group။ လုပ်ပိုင်ခွင့်အားလုံးရရှိထားသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.