ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အက်ပ်များ၊ အက်ပ်နမူနာအပိုင်းများ နှင့် Safari တို့တွင် Apple Pay ကိုအသုံးပြုခြင်း

အက်ပ်များ၊ အက်ပ်နမူနာအပိုင်းများ နှင့် Safari မှဝက်ဘ်ဆိုက်တို့တွင် Apple Pay ခလုတ်မြင်သည့်အခါတိုင်း Apple Pay ကိုအသုံးပြု၍ ဝယ်ယူနိုင်သည်။

Buy with Apple Pay ခလုတ်ပါဝင်သော ငွေပေးချေခြင်းစာမျက်နှာတစ်ခုကို ပြထားသော အက်ပ်တစ်ခု။

အက်ပ်တစ်ခု၊ အက်ပ်နမူနာအပိုင်းတစ်ခု သို့မဟုတ် ဝက်ဘ်ဆိုက်တို့တွင် ငွေပေးချေခြင်း

  1. ငွေသိမ်းကောင်တာတွင်ရှိစဉ် Apple Pay ခလုတ်နှိပ်ပါ။

  2. ငွေပေးချေမှုအချက်အလက်များကို ပြန်လည်ဆန်းစစ်ပါ။

    အကြွေးဝယ်ကတ်၊ သယ်ယူပို့ဆောင်မည့်လိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များကို ပြောင်းလဲနိုင်သည်။

  3. ငွေပေးချေခြင်းကို အပြီးသတ်လုပ်ဆောင်ရန်၊

    • Face ID ပါဝင်သည့် iPhone တစ်လုံးတွင်၊ ဘေးခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်ကာ Face ID နှင့်အထောက်အထားပြရန် iPhone ကိုတစ်ချက်ကြည့်ပါ သို့မဟုတ် သင်၏လျှို့ဝှက်ကုဒ်ကို ရိုက်ထည့်ပါ။

    • Touch ID ပါသည့် iPhone တစ်လုံးတွင်၊ Touch ID အထောက်အထားပြပါ သို့မဟုတ် သင်၏လျှို့ဝှက်ကုဒ်ကိုရိုက်ထည့်ပါ။

သင်၏ Mac ပေါ်ရှိ Safari တွင် ဈေးဝယ်ယူခြင်းနှင့် iPhone တွင် ငွေပေးချေခြင်း

သင်စတင်အသုံးမပြုခင် အောက်ပါအတိုင်းလုပ်ဆောင်ပါ၊

  • စက်နှစ်ခုလုံးတွင်သင်၏ Apple ID ဖြင့် မှတ်ပုံတင်သွင်းထားပါ

  • စက်နှစ်ခုလုံးတွင် Bluetooth ကိုဖွင့်ထားပါ။

  • iPhone ကိုအနီးအနားမှာရှိစေပြီး cellular ဖုန်းလိုင်းတစ်ခု သို့မဟုတ် Wi-Fi ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ထားပါ။

ငွေပေးချေရန် အသင့်ဖြစ်သည့်အချိန် အောက်ပါတို့ကိုလုပ်ဆောင်ပါ၊

  1. သင်၏ Mac ပေါ်တွင် Apple Pay ပေးချေခြင်းရွေးချယ်မှုနှင့် ငွေပေးချေမှုကိုစတင်ပါ။

  2. ငွေပေးချေမှုအချက်အလက်များကို ပြန်လည်ဆန်းစစ်ပါ။

    အကြွေးဝယ်ကတ်၊ သယ်ယူပို့ဆောင်မည့်လိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များကို ပြောင်းလဲနိုင်သည်။

  3. iPhone ပေါ်တွင် ငွေပေးချေမှုအကျဉ်းချုပ်ကို ပြန်လည်ဆန်းစစ်ပြီး ငွေပေးချေမှုကို အပြီးသတ်လုပ်ဆောင်ပါ။

Mac ပေါ်တွင် ငွေပေးချေမှုများပြုလုပ်ရန် သင်၏ iPhone ပေါ်မှ Apple Pay ကိုအသုံးမပြုလိုလျှင် Settings  > Wallet & Apple Pay သို့သွား၍ Allow Payments on Mac ကိုပိတ်ပါ။

သင်၏ ပုံသေသယ်ယူပို့ဆောင်မှု နှင့် ဆက်သွယ်ရန် အချက်အလက်များကို ပြောင်းလဲခြင်း

  1. Settings  > Wallet & Apple Pay သို့သွားပါ။

  2. အောက်ဖော်ပြပါတို့မှ မည်သည်ကိုမဆို ရွေးချယ်သတ်မှတ်ပါ၊

    • သယ်ယူပို့ဆောင်မည့်လိပ်စာ

    • အီးမေးလ်

    • ဖုန်း

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.