ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Reminders တွင် စာရင်းများကို စနစ်တကျနေရာချထားခြင်း

Reminders အက်ပ် တွင် ကိုယ်တိုင်ဖန်တီးထားသောစာရင်များနှင့် အုပ်စုများရှိ သတိပေးချက်များကို စီမံပါ သို့မဟုတ် Smart Lists တွင် အလိုအလျောက်နေရာချထားပါ။ သတ်မှတ်စာသားပါဝင်သော သတိပေးချက်များကိုရှာရန် သင်၏ စာရင်းများအားလုံးတွင် အလွယ်တကူရှာဖွေနိုင်သည်။

Reminders ရှိများစွာသောစာရင်းများကိုပြထားသည့် ဖန်သားပြင်တစ်ခု။ ယနေ့အချိန်စေ့မည့်သတိပေးချက်များ၊ အချိန်ဇယားဆွဲထားသည့်သတိပေးချက်များ၊ သတိပေးချက်အားလုံးနှင့် အလံတပ်ထားသည့်သတိပေးချက်များအတွက် ထိပ်တွင် Smart Lists ပေါ်လာသည်။ Add List ခလုတ်သည်အောက်ခြေညာဘက်တွင်ဖြစ်သည်။

မှတ်စု အခုလမ်းညွှန်းထဲတွင်ဖော်ပြထားသော Reminders အင်္ဂါရပ်များအားလုံးကို အဆင့်မြှင့်ပြီးသတိပေးချက်များကိုသုံးမှသာ အသုံးပြုနိုင်ပါသည်။ အခြားအကောင့်များကိုအသုံးပြုနေချိန်တွင် တချို့အင်္ဂါရပ်များကို အသုံးမပြုနိုင်ပါ။

စာရင်းများနှင့် အုပ်စုများကို ဖန်တီးပါ၊ ပြင်ဆင်ပါ သို့မဟုတ် ဖျက်သိမ်းပါ

အလုပ်၊ ကျောင်း၊ သို့မဟုတ် ဈေးဝယ်ထွက်ခြင်းကဲ့သို့စာရင်းများနှင့်စာရင်းအုပ်စုများအဖြစ်သင်၏သတိပေးချက်များကိုစီစဉ်နိုင်သည်။ အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

  • စာရင်းအသစ်တစ်ခုကို ဖန်တီးခြင်း၊ Add List ကိုနှိပ်၍ အကောင့်တစ်ခုကို (သင့်တွင် အကောင့်တစ်ခုထက်ပိုရှိမှသာ) ရွေးချယ်ကာ အမည်တစ်ခုဖြည့်သွင်းပြီးနောက် ၎င်းစာရင်းအတွက် အရောင်တစ်ခုနှင့် သင်္ကေတတစ်ခုကိုရွေးချယ်ပါ။

  • စာရင်းများအုပ်စုတစ်စုဖန်တီးခြင်း၊ Edit ကိုနှိပ်ပါ၊ Add Group ကိုနှိပ်ပါ၊ အမည်ဖြည့်ပါ၊ ထို့နောက် Create ကိုနှိပ်ပါ။ သို့မဟုတ် အခြားစာရင်းပေါ်သို့စာရင်းတစ်ခုကိုဆွဲထည့်ပါ။

  • စာရင်းများနှင့် အုပ်စုများကို ပြန်စဉ်ခြင်း၊ စာရင်းတစ်ခု သို့မဟုတ် အုပ်စုတစ်ခုကို ထိပြီးထိန်းထားကာ ၎င်းကို နေရာအသစ်ဆီသို့ ဆွဲထည့်ပါ။ စာရင်းတစ်ခုကို အခြားအုပ်စုထဲသို့ ပြောင်းရွှေ့နိုင်ပါသေးသည်။

  • စာရင်းတစ်ခု သို့မဟုတ် အုပ်စုတစ်ခုကို အမည်ပြောင်းခြင်းနှင့် အသွင်ပြောင်းလဲခြင်း၊ ထိုစာရင်း သို့မဟုတ် အုပ်စုဘယ်ဘက်သို့ရွှေ့ပါ၊ ထို့နောက် Edit Details ခလုတ် ကိုနှိပ်ပါ။

  • စာရင်းတစ်ခု သို့မဟုတ် အုပ်စုတစ်ခုနှင့် ၎င်းတို့၏ သတိပေးချက်များကို ဖျက်သိမ်းခြင်း၊ ထိုစာရင်း သို့မဟုတ် အုပ်စုပေါ်တွင် ဘယ်ဘက်သို့ရွှေ့ပါ၊ ထို့နောက် Delete ခလုတ် ကိုနှိပ်ပါ။

Smart Lists အသုံးပြုခြင်း

အသိပေးချက်များကို Smart Lists တွင် အလိုအလျောက်နေရာချထားပါသည်။ အောက်ဖော်ပြပါ Smart Lists ဖြင့် အသေးစိတ်သတိပေးချက်များကိုမြင်နိုင်သလို နောက်လာရန်ရှိသော သတိပေးချက်များကို မှတ်တမ်းကောက်နိုင်သည်၊

  • ယနေ့၊ ယနေ့နှင့်အချိန်လင့်သွားသည့် သတိပေးချက်များအတွက် အချိန်ဇယားဆွဲထားသည့်သတိပေးချက်များကိုကြည့်ပါ။

  • အချိန်ဇယားဆွဲထားခြင်း၊ နေ့စွဲ သို့မဟုတ် အချိန်ဖြင့်အချိန်ဇယားဆွဲထားသည့်သတိပေးချက်များကိုကြည့်ပါ။

  • အလံတပ်ထားခြင်း၊ အလံတပ်သတ်မှတ်ထားသော သတိပေးချက်များကို ကြည့်ပါ။

  • Me ကိုသတ်မှတ်ရန်၊ မျှဝေထားသောစာရင်းများတွင် သင့်အတွက်သတ်မှတ်ထားသော သတိပေးချက်များကိုကြည့်ပါ။

  • Siri အကြံပြုမှုများအကြောင်း၊ Mail နှင့် Messages တို့မှထောက်လှမ်းမိသော အကြံပြုသတိပေးချက်များကို ကြည့်ပါ။

  • အားလုံး၊ စာရင်းတိုင်းအနှံ့သင်၏သတိပေးချက်များအားလုံးကိုကြည့်ပါ။

Smart Lists ကို ပြရန်၊ ဝှက်ရန် သို့မဟုတ် ပြန်လည်နေရာချထားရန် Edit ကိုနှိပ်ပါ။

စာရင်းတစ်ခုထဲမှ သတိပေးချက်များကို အမျိုးအစားပြန်ခွဲပြီး နေရာပြန်စဉ်ခြင်း

  • သတိပေးချက်များကို သတ်မှတ်ရက်စွဲ၊ ဖန်တီးခဲ့သည့်ရက်စွဲ၊ ဦးစားပေးသတ်မှတ်ချက် သို့မဟုတ် အမည်အရ အမျိုးအစားခွဲခြင်း၊ (iOS 14.5 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများရှိ All နှင့် Scheduled Smart Lists တွင် မရရှိနိုင်ပါ) စာရင်းတစ်ခုရှိ More ခလုတ် ကိုနှိပ်၍ Sort By ကိုနှိပ်ကာ ရွေးချယ်မှုတစ်ခုကို ရွေးချယ်ပါ။

    အမျိုးအစားခွဲစဉ်ကို ပြောင်းပြန်ပြစေရန် More ခလုတ် ကိုနှိပ်၍ Sort By ကိုနှိပ်ကာ Newest First ကဲ့သို့သော မျိုးကွဲရွေးချယ်မှုတစ်ခုကို ရွေးချယ်ပါ။

  • စာရင်းရှိသတိပေးချက်များကို ကိုယ်တိုင်နေရာပြန်စဉ်ခြင်း၊ သင်ရွှေ့ပြောင်းလိုသည့်သတိပေးချက်ကို ထိပြီးထိန်းထားပါ၊ ထို့နောက်၎င်းကိုနေရာ အသစ်သို့ဆွဲထည့်ပါ။

    ထိုစာရင်းကို သတ်မှတ်ရက်စွဲ၊ ဖန်တီးခဲ့သည့်ရက်စွဲ၊ ဦးစားပေးသတ်မှတ်ချက် သို့မဟုတ် အမည်အရ ပြန်လည်အမျိုးအစားခွဲသည့်အခါ ကိုယ်တိုင်ပြန်စဉ်ထားသည့်အတိုင်း သိမ်းဆည်းပေးသည်။ သိမ်းဆည်းထားသော နောက်ဆုံးကိုယ်တိုင်နေရာစဉ်မှုကို ပြန်လည်ရယူရန် More ခလုတ် ကိုနှိပ်၍ Sort By ကိုနှိပ်ကာ Manual ကိုနှိပ်ပါ။

စာရင်းတစ်ခုကို အမျိုးအစားခွဲသည့်အခါ သို့မဟုတ် နေရာပြန်စဉ်သည့်အခါ အဆင့်မြှင့်တင်ပြီး သတိပေးချက်များကိုကိုအသုံးပြုထားပါက သင်၏အခြားစက်ပစ္စည်းများတွင်ပါ ၎င်းစာရင်းကပြောင်းလဲသွားမည်။ မျှဝေထားသောစာရင်းတစ်ခုကို အမျိုးအစားခွဲခြင်း သို့မဟုတ် နေရာပြန်စဉ်ခြင်းလုပ်ဆောင်ပါက ၎င်းအစဉ်သစ်ကို အခြားမျှဝေထားသူများလည်းမြင်ရမည် (ထိုသူများသည် အဆင့်မြှင့်တင်ပြီး သတိပေးချက်များကို အသုံးပြုမှသာ)။

သင်၏စာရင်းအားလုံးထဲမှ သတိပေးချက်များကို ရှာဖွေခြင်း

သတိပေးချက်စာရင်းများအထက်ရှိ ရှာဖွေမှုကွက်လပ်တွင် စာလုံးတစ်လုံး သို့မဟုတ် စာစုတစ်ခုကို ရိုက်ထည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.