ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကင်မရာဖြင့် QR ကုဒ်ကို စကင်န်ဖတ်ခြင်း

ဝက်ဘ်ဆိုက်၊ အက်ပ်များ၊ ကူပွန်များ၊ လက်မှတ်များ စသည်တို့နှင့် ချိတ်ဆက်ရန်အတွက် Quick Response (QR) ကုဒ်များကို စကင်န်ဖတ်ရန် Camera သို့မဟုတ် Code Scanner ကိုသုံးနိုင်သည်။ ကင်မရာသည် QR ကုဒ်တစ်ခုကို အလိုအလျောက် ဖမ်းယူဖော်ပြပေးသည်။

QR ကုဒ်ကို ဖတ်ရန် ကင်မရာသုံးခြင်း

  1. ကုဒ်ကို စကန်ဖတ်ရန် Camera ကိုဖွင့်ကာ ဖန်သားပြင်တွင် ကုဒ်နံပါတ်ပေါ်လာစေရန် iPhone ကိုနေရာမှန်ချထားပါ။

  2. သက်ဆိုင်ရာဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်သို့ဝင်ရောက်ရန် ဖန်သားပြင်တွင်ပေါ်လာသော အသိပေးချက်ကို ထိနှိပ်ပါ။

Control Center မှ Code Scanner ကို ဖွင့်ခြင်း

  1. Settings  > Control Center သို့သွားကာ Code Scanner ဘေးကပ်လျက်ရှိ Insert ခလုတ် ကိုနှိပ်ပါ။

  2. ဖန်သားပြင်တွင် ကုဒ်နံပါတ်ပေါ်လာစေရန် Control Centerကိုဖွင့်၍ Code Scanner ကို နှိပ်ပြီး iPhone ကိုနေရာမှန်ချထားပါ။

  3. အလင်းပိုတင်ရန် ဖလက်ရှ်မီးကိုဖွင့်ရန်နှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.