ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

ခရီးသွားခြင်းအတွက် iPhone ချိန်ညှိမှုများကိုရွေးချယ်ခြင်း

သင်သည် iPhone ဖြင့် ခရီးသွားသည့်အခါ လေကြောင်းလိုင်း၏ လိုအပ်ချက်များကို လိုက်နာရန်အတွက် ချိန်ညှိမှုများကို ရွေးချယ်နိုင်သည်။ သင်သည် လေယာဉ်စီးသည့်စနစ်သို့ပြောင်းထားလျှင် အချို့လေကြောင်းလိုင်းများသည် သင့် iPhone ကို ဆက်ပြီးဖွင့်ခွင့်ပေးထားသည်။ ပုံသေအားဖြင့် လေယာဉ်စီးသည့်မုဒ်ကိုဖွင့်ထားလျှင် Wi-Fi နှင့် Bluetooth တို့ကိုသုံးစွဲမရသလို—ဖုန်းခေါ်ဆိုမ၍များမပြုလုပ်နိုင်သော်လည်း သီချင်းနားထောင်ခြင်း၊ ဂိမ်းကစားခြင်း၊ ဗီဒီယိုကြည့်ခြင်းနှင့် ကွန်ရက် သို့မဟုတ် ဖုန်းဆက်သွယ်မှုများကို မလိုအပ်သည့်အခြားအက်ပ်များကိုသုံးနိုင်သည်။

သင်ခရီးသွားသည့်အခါ Cellular အခကြေးငွေကုန်ကျမှုကို အနည်းဆုံးဖြစ်စေမည့် ချိန်ညှိမှုများကို ရွေးချယ်ရန် iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကို ကြည့်ပါ။

လေယာဉ်စီးသည့်စနစ်ကိုဖွင့်ခြင်း

Control Centerကိုဖွင့်ပါ ထို့နောက် Airplane Mode Switch ခလုတ် ကိုနှိပ်ပါ။

လေယာဉ်စီးသည့်စနစ်ဖွင့်ထားသည့် ဘယ်ဘက်ထိပ်ခလုတ်လေးကို ရှင်းပြထားသည့်ပုံလေးပါ Control Center ဖန်သားပြင်?

Settings တွင် လေယာဉ်စီးသည့်စနစ်ကိုလည်းဖွင့်နိုင်သည် သို့မဟုတ် ပိတ်နိုင်သည်။ လေယာဉ်စီးသည့်စနစ်ကိုဖွင့်ထားသည့်အခါ လေယာဉ်စီးသည့်စနစ် သင်္ကေတ သည် အခြေအနေပြဘားတွင်ပေါ်လာသည်။

လေယာဉ်စီးသည့်စနစ် လုပ်ထားစဉ်တွင် Wi-Fi သို့မဟုတ် Bluetooth ကိုဖွင့်ထားခြင်း

သင့်လေကြောင်းလိုင်းတွင် ၎င်းကိုခွင့်ပြုထားပါက လေယာဉ်စီးသည့်စနစ် လုပ်ထားစဉ်တွင် Wi-Fi သို့မဟုတ် Bluetooth ကိုသုံးနိုင်သည်။

  1. Control Centerကိုဖွင့်ပါ ထို့နောက်လေယာဉ်စီးသည့်စနစ်ကို ဖွင့်ပါ။

  2. Wi-Fi ကိုဖွင့်ရန် Wi-Fi Switch ခလုတ် ကိုနှိပ်ပါ သို့မဟုတ် Bluetooth ကိုဖွင့်ရန် Bluetooth Switch ခလုတ် ကို နှိပ်ပါ။

    လေယာဉ်စီးသည့်စနစ်ကိုပြထားသည့် Control Center။ Wi-Fi နှင့် Bluetooth များကိုဖွင့်ရန်အတွက် ခလုတ်များသည် ဖန်သားပြင်၏ အပေါ်ဘက် ဘယ်ထောင်နားတွင်ရှိသည်။

    လေယာဉ်စီးသည့်မုဒ် လုပ်ထားစဉ်တွင် Wi-Fi သို့မဟုတ် Bluetooth ကိုဖွင့်ထားပါကသင်နောက်တစ်ကြိမ် လေယာဉ်စီးသည့်စနစ်သို့ ပြန်ပြောင်းပါက ၎င်းသည် ပွင့်နေနိုင်သည်။ Control Center တွင်၎င်းကိုထပ်မံပိတ်နိုင်သည်။

    လေယာဉ်စီးသည့်စနစ်ဖွင့်ထားသည့် Control Center ပုံ၊ ၎င်းတွင် Wi-Fi ပိတ်လိုလျှင် ဘယ်ဘက်ထိပ်ရှိ ထိန်းချုပ်မှုအုပ်စုတွင်းက ဘယ်ဘက်အောက်ခြေခလုတ်ကို နှိပ်ရန်၊ Bluetooth ကို ပိတ်လိုလျှင် အဆိုပါအုပ်စုတွင်းရှိ ညာဘက်အောက်ခြေခလုတ်ကို နှိပ်ရန် ရှင်းပြထားသည့် စကားပြောပုံစံတစ်ခုပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.