ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Mail တွင် email ကိုစနစ်တကျစုစည်းခြင်း

Mail အက်ပ် တွင် စာတိုက်ပုံးအတွင်းရှိ သင့် email ကို စီမံခြင်း။

တစ်ချက်ပွတ်ဆွဲရုံနှင့် email ကိုစီမံဆောင်ရွက်ခြင်း

email စာရင်းကို ကြည့်နေစဉ် အသာလေးပွတ်ဆွဲရုံနှင့် email တစ်ခုစီကို အမှိုက်ထဲသို့ ပို့နိုင်သလို ဖတ်ပြီးဟုမှတ်သားခြင်း စသည်ဖြင့်လုပ်နိုင်သည်။

လုပ်ဆောင်ချက်စာရင်းတစ်ခုကို မြင်ရရန် စာရင်းကိုမြင်ရသည်ထိ email ကို ဘယ်ဘက်သို့ ဖြည်းဖြည်းချင်းပွတ်ဆွဲကာ အမျိုးအစားတစ်ခုကို နှိပ်ပါ။ ညာဘက်အကျဆုံးလုပ်ဆောင်ချက်ကို အသုံးပြုရန် ဘယ်ဘက်တစ်လျှောက် လျင်မြန်စွာပွတ်ဆွဲပါ။

အခြားလုပ်ဆောင်ချက်တစ်ခုကို မြင်ရရန် ညာဘက်သို့ ပွတ်ဆွဲပါ။

စာရင်းများထဲရှိ မြင်လိုသောလုပ်ဆောင်ချက်များကို ရွေးချယ်ရန် Settings  > Mail > Swipe Options သို့သွားပါ။

စာတိုက်ပုံးများနှင့် စာများကိုစနစ်တကျစုစည်းခြင်း

Mailboxes စာရင်းအတွင်း သင့်စာတိုက်ပုံးအားလုံးကိုမြင်နိုင်သည်၊ အသစ်တစ်ခုဖန်တီးနိုင်သည်၊ အမည်ပြင်ဆင်နိုင်သည် သို့မဟုတ် ဖျက်ပစ်နိုင်သည်။ (အချို့စာတိုက်ပုံးများသည် ပြောင်းလဲ၍မရပါ။)

  1. ဘယ်ဘက်အပေါ်ထောင့်ရှိ Mailboxes ကိုနှိပ်ပါ။

  2. စာရင်းထိပ်ဆုံးရှိ Edit ကို နှိပ်ပါ။

  3. သင်ကြည့်လိုသည့် စာတိုက်ပုံးဘေးရှိ အမှန်ခြစ်အကွက်များကို ရွေးချယ်ပါ။

    သင်၏အကောင့်အားလုံးမှ email များကို ပြသသော မဖတ်ရသေးသည့်စာတိုက်ပုံးကဲ့သို့ အသင့်သုံးစာတိုက်ပုံးများစွာရှိသည်။ သင်ကြည့်ရှုလိုသော စာတိုက်ပုံးများကိုနှိပ်ပါ။

  4. စာတိုက်ပုံးတစ်ခုကိုပေါင်းထည့်ရန် စာရင်းအောက်ခြေရှိ New Mailbox ကိုနှိပ်ပါ။

  5. အမည်တစ်ခုကိုရိုက်ထည့်၍ တည်နေရာကို သေချာသတ်မှတ်ပါ၊ ပြီးလျှင် Save ကိုနှိပ်ပါ။

သင့်စာတိုက်ပုံးများကို ပြန်လည်နေရာစီစဉ်ခြင်း

သင်အသုံးပြုဆုံးစာတိုက်ပုံးများ Mailboxes စာရင်းထိပ်ဆုံးတွင် ပေါ်လာစေရန် သင့်စာတိုက်ပုံးများကို ပြန်စီစဉ်နိုင်သည်။

  1. ဘယ်ဘက်အပေါ်ထောင့်ရှိ Mailboxes ကိုနှိပ်ပါ။

  2. စာရင်းထိပ်ဆုံးရှိ Edit ကို နှိပ်ပါ။

  3. အပေါ်ပြန်မရွှေ့ခင် စာတိုက်ပုံးတစ်ခုဘေးရှိ Reorder ခလုတ် ကို ထိပြီးထိန်းထားပါ၊ ပြီးလျှင် သင်လိုချင်သည့်နေရာသို့ ဆွဲရွှေ့ပါ။

Email များစွာကို နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် မှတ်သားခြင်း

  1. Email စာရင်းတစ်ခုကိုကြည့်နေစဉ် Edit ကိုနှိပ်ပါ။

  2. သင်ဖယ်ရှားလိုသည့် သို့မဟုတ် မှတ်သားလိုသည့် emailများကို ၎င်းတို့၏အမှန်ခြစ်အကွက်လေးများအားထိနှိပ်ခြင်းဖြင့် ရွေးချယ်နိုင်သည်။

    Emails အများအပြားကို မြန်မြန်ရွေးချယ်နိုင်ရန် အမှန်ခြစ်အကွက်များတလျှောက် အောက်သို့ပွတ်ဆွဲနိုင်သည်။

  3. ရွေးချယ်ထားသော emails များအားလုံးတွင် သင်ပြုလုပ်လိုသည့်လုပ်ဆောင်ချက်ကို ရွေးချယ်ပါ။

    သင်စိတ်ပြောင်းသွားလျှင် လုပ်ဆောင်ချက်ပြန်ဖျက်ရန် လက်သုံးချောင်းဖြင့် ဘယ်ဘက်သို့ချက်ချင်းပွတ်ဆွဲပါ။

အကောင့်အားလုံးမှ email အကြမ်းများကိုပြခြင်း

သင့်တွင် အီးမေးလ်လိပ်စာတစ်ခုထက်မကရှိနေပါက သင့်အကောင့်အားလုံးထံမှ မူကြမ်းအီးမေးလ်များကို ပြနိုင်သည်။

  1. ဘယ်ဘက်အပေါ်ထောင့်ရှိ Mailboxes ကိုနှိပ်ပါ။

  2. စာရင်းထိပ်ဆုံးရှိ Edit ကို နှိပ်ပါ။

  3. Add Mailbox ကိုနှိပ်ပြီးနောက် All Drafts စာတိုက်ပုံးကို ဖွင့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.