ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Health တွင် ခေါင်းတပ်နားကြပ်နှင့် ပတ်ဝန်းကျင်အသံထွက်နှုန်းအနိမ့်အမြင့်ကို ခြေရာကောက်ခြင်း

Apple Watch မှ ဖမ်းယူရရှိသည့် ခေါင်းတပ်နားကြပ်အသံများအတွက် ထိတွေ့မှုနှုန်းကို ကြည့်ရှုရန် Health အက်ပ် ကိုအသုံးပြုပါ။

ခေါင်းတပ်နားကြပ်အသံအနိမ့်အမြင့်များကို စုဆောင်းခြင်း

AirPods၊ EarPods နှင့်အခြား တွဲဖက်သုံးနိုင်သည့်ခေါင်းတပ်နားကြပ်များကို သင့် iPhone နှင့် ချိတ်ဆက်ပါ။ ခေါင်းတပ်နားကြပ်အသံအနိမ့်အမြင့်များကို Health သို့ အလိုအလျောက်ပေးပို့သည်။

တခြား Bluetooth ကိရိယာများအတွက် ခေါင်းတပ်နားကြပ်၏ အသံထွက်ပမာဏပိုမိုတိကျစေရန် ၎င်းကိရိယာများကို ခေါင်းတပ်နားကြပ်များ၊ စပီကာများ သို့မဟုတ် အခြားစက်ကိရိယာများအဖြစ် အမျိုးအစားခွဲခြားသင့်သည် (iOS 14.4 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများတွင်)။ သင်၏ Bluetooth ကိရိယာကို အမျိုးအစားခွဲခြားခြင်း ကိုကြည့်ပါ။

မှတ်စု Apple သို့မဟုတ် Beats ခေါင်းတပ်နားကြပ်များကို အသုံးပြုသည့်အခါ တိုင်းတာမှုများကို အတိအကျဆုံး ရရှိမည်ဖြစ်ပါသည်။ တခြားသော ခေါင်းတပ်နားကြပ်များမှတစ်ဆင့် ဖွင့်ထားသည့် အသံများကို သင့် iPhone ၏ အသံအတိုးအကျယ်ပေါ်မူတည်၍ ခန့်မှန်းနိုင်ပါသည်။

ကျယ်လောင်သော ခေါင်းတပ်နားကြပ်အသံထွက်အားအတွက် ခေါင်းတပ်နားကြပ်အကြောင်းကြားချက်များကို ကြည့်ခြင်း

အကယ်၍ သင်သည် အကြားအာရုံထိခိုက်လောက်အောင် အသံပမာဏဖြင့် ခေါင်းတပ်နားကြပ်ကို အချိန်အတော်ကြာနားထောင်နေမိလျှင် သင့်အကြားအာရုံကို ကာကွယ်နိုင်ရန် အကြောင်းကြားချက်တစ်ခုရယူနိုင်ပြီး အသံကိုလည်း အလိုအလျှောက် လျော့ချမှုကို ရယူနိုင်ပါသည် (iOS 14.2 သို့မဟုတ် နောက်ပိုင်းထွက်များ)။

  • ကျယ်လောင်သော ခေါင်းတပ်နားကြပ်အသံအတွက် အကြောင်းကြားချက်များ ရယူရန် Settings  > Sounds & Haptics > Headphone Safety ကိုသွားကာ Headphone Notifications ကိုဖွင့်ပါ။

    မှတ်စု သင်နေထိုင်သည့်နိုင်ငံ သို့မဟုတ် ဒေသအပေါ်မူတည်၍ ခေါင်းတပ်နားကြပ်ဆိုင်ရာအကြောင်းကြားချက်များသည် ပုံသေအားဖြင့် ဖွင့်ပေးထားပြီး အချို့နိုင်ငံများ သို့မဟုတ် ဒေသများတွင် ခေါင်းတပ်နားကြပ်အကြောင်းကြားချက်များကို ပိတ်ခွင့်မပြုပါ။

  • အသိပေးချက်တစ်ခုကို အသေးစိတ်ကြည့်ရှုရန် Health ဖန်သားပြင်၏ ညာဘက်အောက်ခြေရှိ Browse ကို နှိပ်ကာ Hearing ကိုနှိပ်ပြီးနောက် Headphone Notifications ကို နှိပ်၍ ၎င်းအသိပေးချက်ကို နှိပ်ပါ။

ကျယ်လောင်သောပတ်ဝန်းကျင်အသံများအတွက် ဆူညံသံအသိပေးချက်များကို ကြည့်ရှုခြင်း

Apple Watch ကို သင့် iPhone နှင့်တွဲဆက်ပြီး Apple Watch တွင် Noise အက်ပ်ကို စတင်စီမံပြီးနောက် ပတ်ဝန်းကျင်အသံအနိမ့်အမြင့်များကို Apple Watch မှ Health ထံအလိုအလျောက်ပေးပို့သည်။ သင့်အကြားအာရုံကိုထိခိုက်စေနိုင်သည့်အတိုင်းအတာအထိ ဆူညံလာသည့်အခါ သင့် iPhone ပေါ်ရှိ Apple Watch ထံမှ အသိပေးချက်တစ်ခု ရရှိနိုင်သည်။ (watchOS 6 သို့မဟုတ် နောက်ပိုင်းထွက်များ လိုအပ်သည်- Apple Watch ကို သီးခြားစီရောင်းချပေးသည်။)

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Hearing ကိုနှိပ်ပါ။

  2. အသေးစိတ်ပိုမိုကြည့်ရှုရန် Noise Notifications ကိုနှိပ်၍ အသိပေးချက်ကို နှိပ်ပါ။

Apple Watch နှင့် Noise အက်ပ်ကိုစီစဉ်ခြင်းနှင့်ပတ်သက်သည့် အချက်အလက်များ အတွက် Apple Watch သုံးစွဲသူလမ်းညွှန်အတွင်းရှိ ဆူညံမှုအဆင့်ကို တိုင်းတာခြင်း ကို ကြည့်ပါ။

သင့်အသံနှင့်အသံအနိမ့်အမြင့်များအကြောင်း စုဆောင်းထားသည့် အချက်အလက်များကို ကြည့်ရှုခြင်း

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Hearing ကိုနှိပ်ပါ။

  2. Headphone Audio Levels သို့မဟုတ် Environmental Sound Levels ကိုနှိပ်၍အောက်ပါတို့အနက် တစ်ခုခုကိုလုပ်ဆောင်ပါ၊

    • အချိန်ကာလတစ်ခုအတွင်း ကြားရသည့်အထိအတွေ့များကို ကြည့်ရှုခြင်း၊ မျက်နှာပြင်ထိပ်ဆုံးရှိ တက်ဘ်များကို နှိပ်ပါ။ (အနိမ့်အမြင့်များအားလုံးကို ဒက်ဆီဘယ်များဖြင့် တိုင်းတာသည်။)

      တစ်ပတ်အတွင်း နေ့စဉ်အသံအနိမ့်အမြင့်များကို ပြသနေသည့် Environmental Sound Levels ဖန်သားပြင်။
    • အသံအနိမ့်အမြင့်ခွဲခြားသတ်မှတ်ချက်များအကြောင်း လေ့လာခြင်း၊ Show Information ခလုတ်ကိုနှိပ်ပါ။

    • ဂရပ်တွင်ဖော်ပြထားသည့် ကြာချိန်ကို ပြောင်းလဲခြင်း၊ ဂရပ်ကို ဘယ် သို့မဟုတ် ညာ သို့ဆွဲပါ။

    • အချိန်ကာလတစ်ခုအကြောင်း အသေးစိတ်ကြည့်ခြင်း၊ ရွေးချယ်မှုကိုရွှေ့ရန် ဂရပ်တစ်ခုကို ထိနှိပ်ထားပြီး ဆွဲယူပါ။

    • ပျမ်းမျှထိတွေ့မှုဆိုင်ရာအချက်အလက်များကြည့်ရှုခြင်း၊ Show All Filters ကိုနှိပ်၍ Daily Averageကို နှိပ်ပါ။

    • ပျမ်းမျှထိတွေ့မှုကို ကိုယ်စားပြုသည့် မျဉ်းကိုကြည့်ရှုခြင်း၊ ဂရပ်၏အောက်ရှိ Exposure ကို နှိပ်ပါ။

    • အမြင့် နှင့် အနိမ့် အတိုင်းအတာကို ကြည့်ရှုခြင်း၊ Show All Filters ကိုနှိပ်၍ Range ကို နှိပ်ပါ။

    • နားကြပ်များထံမှ အချက်အလက်များစစ်ထုတ်ခြင်း၊ Show All Filters ကိုနှိပ်ပါ၊ ဖန်သားပြင်အောက်သို့ ရွှေ့ဆင်းပါ၊ ပြီးလျှင် သင့်နားကြပ်များထဲမှ တစ်ခုကိုရွေးချယ်ပါ။

    • ဦးစားပေးဖော်ပြချက်များကိုကြည့်ရှုခြင်း၊ ပိုမိုကြည့်ရှုရန် အောက်သို့ရွှေ့ဆင်းပါ၊ Show All ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.