ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Books တွင် စာဖတ်ရည်မှန်းချက်များသတ်မှတ်ရန်

Books အက်ပ် သည် နေ့စဉ်သင်စာဖတ်သည့်မိနစ်နှင့် တစ်နှစ်လျှင် သင်ဖတ်ခဲ့သည့်စာအုပ်နှင့်အသံစာအုပ်အရေအတွက်တို့ကို ခြေရာခံပေးနိုင်သည်။ စာဖတ်ချိန်ပိုများစေရန်၊ စာဖတ်ခြင်းရည်မှန်းချက်အသစ်များသတ်မှတ်နိုင်စေရန်၊ နှင့် သင့်လုပ်ဆောင်အောင်မြင်မှုများကို သူငယ်ချင်းများနှင့်မျှဝေနိုင်စေရန် သင့်ရည်မှန်းချက်ပန်းတိုင်များကို စိတ်ကြိုက်သတ်မှတ်နိုင်သည်။

Reading Now အတွင်းရှိ Reading Goals ကဏ္ဍ။ စာဖတ်ကောင်တာသည် မိနစ် 20 ရည်မှန်းချက်၏ 10 မိနစ်ကို ပြီးစီးထားသည်။ ကောင်တာအောက်တွင် Keep Reading ခလုတ်ရှိပြီး တစ်ပတ်စာရက်များ၊ စနေနှင့်တနင်္ဂနွေတို့ကိုဖော်ပြသည့်စက်ဝိုင်းများနှင့် ထိုနေ့အတွက်စာဖတ်တိုးတက်မှုကိုညွှန်ပြသည့် စက်ဝိုင်းအနီးမှ အပြာရောင်မျဉ်းများရှိသည်။ စာမျက်နှာအောက်ခြေတွင် ယခုနှစ်ဖတ်ခဲ့သည့် Books အဖုံးများကိုဖော်ပြသည်။

သင်၏နေ့စဉ်စာဖတ်ခြင်းရည်မှန်းချက်ကိုပြောင်းလဲခြင်း

တစ်နေ့လျှင် သင်စာဖတ်လိုသည့်မိနစ်ကို မူတည်၍ သင့်၏နေ့စဉ်စာဖတ်ရည်မှန်းချက်ကို ချိန်ညှိနိုင်သည်။ သင့်၏နေ့စဉ်စာဖတ်ရည်မှန်းချက်ကို စိတ်ကြိုက်မသတ်မှတ်လိုပါက တစ်နေ့လျှင် ငါးမိနစ်ထားရှိပါ။

  1. Reading Now ဘားကိုနှိပ်၍ Reading Goals ဆီသို့ အောက်ဘက်ဆွဲရွှေ့ပါ။

  2. Today’s Reading ကိုနှိပ်၍ Adjust Goal ကိုနှိပ်ပါ။

  3. သင်စာဖတ်လိုသည့် တစ်နေ့စာ စာဖတ်ချိန်မိနစ်ကို သတ်မှတ်ရန် ကောင်တာကို အပေါ် သို့မဟုတ် အောက်သို့ဆွဲပါ၊ ပြီးလျှင် Done ကိုနှိပ်ပါ။

သင့်၏နေ့စဉ်စာဖတ်ရည်မှန်းချက်ကိုရောက်သည့်အခါ Books မှ အကြောင်းကြားချက်လက်ခံရရှိမည်- သင့်အောင်မြင်မှု၏အသေးစိတ်အချက်အလက်များကို ရရှိရန် သို့မဟုတ် သူငယ်ချင်းများထံ သင့်အောင်မြင်မှုကိုမျှဝေရန် ၎င်းကိုနှိပ်ပါ။

မှတ်စု သင့်စာဖတ်ရည်မှန်းချက်သို့ PDFs များရေတွက်ရန် Settings  > Books သို့သွား၍ Include PDFs ကိုဖွင့်ပါ။

သင့်၏နှစ်စဉ်စာဖတ်ခြင်းရည်မှန်းချက်ကိုပြောင်းလဲခြင်း

Books အတွင်းရှိ စာအုပ်တစ်အုပ် သို့မဟုတ် အသံစာအုပ်တစ်အုပ်ကိုဖတ်ပြီးပါက Reading Goals အောက်တွင် Books Read This Year စုဆောင်းမှုစာရင်းပေါ်လာမည်။ မူလသတ်မှတ်ထားသည့်နှစ်စဉ်စာဖတ်ရည်မှန်းချက်သည် တစ်နှစ်လျှင် သုံးအုပ်ဖြစ်သော်လည်း သင်ပြီးအောင်ဖတ်လိုသည့်စာအုပ်အရေအတွက်ကို မူတည်၍သင့်ရည်မှန်းချက်ကို အတိုး သို့မဟုတ် အလျှော့လုပ်နိုင်သည်။

  1. Reading Now ဘားကိုနှိပ်၍ Books Read This Year ဆီသို့ အောက်ဘက်ဆွဲရွှေ့ပါ။

  2. မီးခိုးရောင်အောက်ခံစတုရန်းကွက် သို့မဟုတ် စာအုပ်အဖုံးကိုနှိပ်ပါ၊ ပြီးလျှင် Adjust Goal ကိုနှိပ်ပါ။

  3. သင်စာဖတ်လိုသည့် တစ်နှစ်စာ စာအုပ်အရေအတွက်ကို သတ်မှတ်ရန် ကောင်တာကို အပေါ် သို့မဟုတ် အောက်သို့ဆွဲပါ၊ ပြီးလျှင် Done ကိုနှိပ်ပါ။

သင်၏နေ့စဉ်စာဖတ်ရည်မှန်းချက်ကိုရောက်သည့်အခါ Books မှ အကြောင်းကြားချက်လက်ခံရရှိမည်၊ သင့်အောင်မြင်မှု၏အသေးစိတ်အချက်အလက်များကို ရရှိရန် သို့မဟုတ် သူငယ်ချင်းများထံ သင့်အောင်မြင်မှုကိုမျှဝေရန် ၎င်းကိုနှိပ်ပါ။

သင်၏စာဖတ်မှုအလျင်နှင့် မှတ်တမ်းများကိုကြည့်ရန်

သင်၏နေ့စဉ်စာဖတ်ရည်မှန်းချက်ကို ဘယ်နှရက်အတွင်း ရောက်ရှိခဲ့ကြောင်း Books ကဖော်ပြ၍ စံချိန်ချိုးခဲ့သည့်အချိန်ကို အကြောင်းကြားပေးသည်။

သင်၏လက်ရှိစာဖတ်မှုအလျင်နှင့် မှတ်တမ်းများကိုကြည့်ရန် Reading Now ကိုနှိပ်၍ Reading Goals ဆီသို့ ရွှေ့ဆင်းပါ။

အကြောင်းကြားချက်များနှင့် Reading Goals ကိုပိတ်ခြင်း

Notifications ကို ပိတ်ပါ၊ စာဖတ်ရည်မှန်းချက်ကိုရောက်ရှိချိန် သို့မဟုတ် စာဖတ်မှုအလျင်ကိုသတ်မှတ်ချိန်တွင် အကြောင်းကြားချက်များလက်ခံရရှိခြင်းကိုရပ်တန့်ရန် Reading Now တဘ်၏ ညာဘက်ထိပ်ရှိ သင့်အကောင့်ကိုနှိပ်ပါ၊ Notifications ကိုနှိပ်ပါ၊ ပြီးလျှင် Reading Goals ကိုနှိပ်ပါ။

Reading Goals ကိုပိတ်ခြင်း၊ Settings  Books သို့သွားပါ၊ Reading Goals ကိုပိတ်ပါ။ Reading Goals ကိုပိတ်ထားသည့်အခါ Reading Now အတွင်းရှိ စာဖတ်ခြင်းညွှန်ပြချက်များကို ဝှက်ထားလိုက်ပြီး သင့်ထံအကြောင်းကြားချက်များမရရှိတော့ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.