ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့် iPhone ကင်မရာဖြင့် Portrait နည်းစနစ်ဖြင့် ဓာတ်ပုံများ ရိုက်ကူးခြင်း

Camera ပါသည့် Portrait နည်းစနစ်ကို ပံ့ပိုးပေးသော အမျိုးအစားများ တွင် လှပစွာဝေဝါးသည့်နောက်ခံတစ်ခုဖန်တီးကာ သင်ဦးစားပေးရိုက်ကူးသည့်အရာကို ထင်ရှားစေမည့် နက်ရှိုင်းသည့်ရိုက်ကူးချက်(depth-of-field effect) ကိုသုံးနိုင်သည်။ သင့် Portrait ဓာတ်ပုံများကို မတူညီသည့်အလင်းအမှောင်လုပ်ဆောင်ချက်များ ထားရှိ၊ ချိန်ညှိနိုင်သလို iPhone X နှင့် နောက်ပိုင်းထွက်အမျိုးအစားများတွင်Portrait mode စနစ်ဖြင့်ဆယ်လ်ဖီများပင် ရိုက်နိုင်သည်။

Portrait modeနှင့် ဓာတ်ပုံရိုက်ရန်

iPhone 8 Plus၊ iPhone X နှင့် နောက်ပိုင်းထွက်အမျိုးအစားများတွင် သင်၏ Portrait မုဒ်သုံးဓာတ်ပုံများ၌ စတူဒီယိုအရည်အသွေးရှိ အလင်းဖန်တီးချက်များကိုအသုံးပြုနိုင်သည်။

Portrait မုဒ်ရှိ Camera ဖန်သားပြင်၊ ကင်မရာရိုက်ကွက်ပြကိရိယာတွင် ယင်းအရာဝတ္ထုသည်ထင်ရှားနေပြီး နောက်ခံသည်ဝါးနေသည်။ Portrait အလင်းသက်ရောက်မှုများကို ရွေးချယ်ရန်ဒိုင်ခွက်သည် ယင်းဘောင်၏အောက်ခြေတွင်ဖွင့်၍ Studio Light ကိုရွေးချယ်ပါ။ ယင်းဖန်သားပြင်ဘယ်ဘက်ထိပ်တွင် Flash ခလုတ်ဖြစ်ပြီး အလယ်ထိပ်တွင် Camera Controls ခလုတ်ရှိကာ ယင်းဖန်သားပြင်ညာဘက်ထိပ်တွင် Portrait အလင်းသိပ်သည်းမှုနှင့်အရောင်အားထိန်းချုပ်မှုကိုချိန်ညှိရန်ခလုတ်များဖြစ်သည်။ ဖန်သားပြင်အောက်ဘက် ဘယ်ညာတစ်လျှောက်တွင် Photo နှင့် Video Viewer ခလုတ် Take Picture ခလုတ်နှင့် Camera Chooser Back-Facing ခလုတ်တို့ရှိသည်။
  1. Portrait စနစ်ကို ရွေးပါ။

  2. သင့်ရုပ်ပုံကို အဝါရောင်ပုံတူရိုက်ကူးသည့်ဘောင်ထဲတွင်အံကိုက်ဖြစ်စေရန် ဖန်သားပြင်ပေါ်ရှိ အချက်အလက်များကို လိုက်နာပါ။

  3. အလင်းပြုလုပ်ဖန်တီးချက်တစ်ခုအား ရွေးချယ်ရန် Portrait Lighting control ကိုဆွဲပါ။

    • Natural Light၊ မှုန်ဝါးနေသော နောက်ခံနှင့်မတူ မျက်နှာအား အဓိကထား၍ပြတ်သားစွာဖော်ပြသည်။

    • Studio Light၊ မျက်နှာသည် တောက်ပစွာလင်းလက်နေပြီး ဓာတ်ပုံတစ်ပုံလုံး ပြတ်ပြတ်သားသားအသွင်ရှိမည်။

    • Contour Light၊ မျက်နှာတွင် အလင်းကဲသည့်နေရာနှင့် အလင်းနည်းသည့်နေရာတို့ဖြင့် ထူးခြားကောင်းမွန်သည့် အရိပ်များပါရှိမည်။

    • Stage Light၊ အမှောင်ကျနေသော နောက်ခံနှင့်မတူ မျက်နှာကို မီးမောင်းထိုးထားမည်။

    • Stage Light Mono၊ ၎င်းပြုလုပ်ဖန်တီးချက်သည် Stage Light နှင့်တူသော်လည်း ဓာတ်ပုံသည် သမားရိုးကျအဖြူနှင့်အမည်းပုံဖြစ်သည်။

    • High-Key Light Mono၊ အဖြူရောင်နောက်ခံတစ်ခုတွင် မီးခိုးရောင်အရာဝတ္ထုတစ်ခုကို ဖန်တီးပါ (iPhone XS၊ iPhone XRနှင့် နောက်ပိုင်းထွက်အမျိုးအစားများတွင်သာ ရရှိနိုင်သည်။)

  4. ဓာတ်ပုံရိုက်ရန် Shutter ခလုတ်ကိုနှိပ်ပါ။

Portrait မုဒ်ဖြင့် ဓာတ်ပုံရိုက်ပြီးသည့်အခါ Portrait မုဒ်လုပ်ဆောင်ချက်ကို သင်မကြိုက်လျှင် ဖယ်ရှားနိုင်သည်။ Photos အက်ပ်တွင် ဓာတ်ပုံကိုဖွင့်၍ Edit ကိုနှိပ်ကာ လုပ်ဆောင်ချက်ကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် Portrait ကို နှိပ်ပါ။

မှတ်စု iPhone 12 Pro နှင့် iPhone 12 Pro Max တို့တွင် အလင်းအားနည်းနေသည့် အခြေအနေများတွင် Wide (1x) မှန်ဘီလူးသုံး၍ Portrait မုဒ်သုံး ဓာတ်ပုံကိုရိုက်ကူးသည့်အခါ Night မုဒ်ပွင့်သွားသည်။ Night မုဒ်အကြောင်းပိုမိုသိရှိရန် Take Night မုဒ်သုံးဓာတ်ပုံများကိုကိုကြည့်ပါ။

မှတ်စု iPhone XR တွင်ရှေ့ကင်မရာကို အသုံးပြုသည့်အခါမှသာ Stage Light Stage Light Mono နှင့် High-Key Light Mono ကိုသုံး၍ရနိုင်မည်ဖြစ်သည်။

Portrait mode တွင် Depth Control ကိုချိန်ညှိပါ

iPhone XS၊ iPhone XR နှင့် နောက်ပိုင်းထွက်အမျိုးအစားများတွင် သင်၏ Portrait မုဒ်သုံးဓာတ်ပုံများတွင် နောက်ခံမြင်ကွင်း၏မှုန်ဝါးမှုနှုန်းကို ချိန်ညှိရန် Depth Control ဆလိုက်ဒါကို အသုံးပြုပါ။

Portrait mode အတွင်းရှိ Camera ဖန်သားပြင်။ ဖန်သားပြင် ညာဘက်ထိပ်ထောင့်ရှိ The Depth Adjustment ခလုတ်ကို ရွေးထားသည်။ ကင်မရာရိုက်ကွက်ပြကိရိယာတွင် Portrait Lighting နည်းလမ်းကို Natural Light ဟု ဖော်ပြထားသည့် လေးထောင့်အကွက်တစ်ခုနှင့် အလင်းရောင်နည်းလမ်းများကို ပြောင်းလဲရန် ဆလိုက်ဘားတစ်ခုပါရှိသည်။ ကင်မရာရိုက်ကွက်ပြကိရိယာအောက်တွင် Depth Control ကိုချိန်ညှိရန် ဆလိုက်ဘားတစ်ခုပါရှိသည်။
  1. Portrait မုဒ်ကိုရွေးပြီး သင်ဦးစားပေးရိုက်ယူမည့်အရာကို ဘောင်သတ်မှတ်ပါ။

  2. ဖန်သားပြင်၏ ညာဘက်ထိပ်နားရှိ Depth Adjustment ခလုတ် ကို နှိပ်ပါ။

    Depth Control ဆလိုက်ဘားက ဘောင်အောက်နားတွင် ပေါ်လာပါမည်။

  3. ထိုအထူးပြုလုပ်ချက်ကိုချိန်ညှိရန် ဆလိုက်ဘားကိုဘယ်ဘက် သို့မဟုတ် ညာဘက်သို့ဆွဲယူပါ။

  4. ဓာတ်ပုံရိုက်ရန် Shutter ခလုတ်ကိုနှိပ်ပါ။

Portrait mode နှင့် ဓာတ်ပုံရိုက်ပြီးသည့်အခါ နောက်ခံမှုန်ဝါးမှုကို ထပ်မံချိန်ညှိရန် Photos အတွင်းမှ Depth Control ဆလိုက်ဘားကိုအသုံးပြုပါ။ Portrait စနစ်ဖြင့်ရိုက်ထားသည့်ဓာတ်ပုံများကို တည်းဖြတ်ခြင်း ကိုကြည့်ပါ။

Portrait modeတွင် Portrait Lighting ကို ချိန်ညှိပါ

iPhone XS၊ iPhone XRနှင့် နောက်ပိုင်းထွက်အမျိုးအစားများတွင် မျက်ဝန်းများပိုတောက်စေရန် သို့မဟုတ် မျက်နှာအစိတ်အပိုင်းများပိုအရောင်တောက်၊ချောမွေ့စေရန် အနေအထားကို ချိန်ညှိပြီးတစ်ပုံချင်းစီ၏ Portrait Lighting လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်သည်။

  1. Portrait စနစ်ကို ရွေးပြီးနောက် အလင်းပြုလုပ်ဖန်တီးချက်တစ်ခုအား ရွေးချယ်ရန် Portrait Lighting control ကိုဆွဲပါ။

  2. ဖန်သားပြင်ထိပ်ပေါ်ရှိ Portrait Control ခလုတ် ကိုနှိပ်ပါ။

    Portrait Lighting ဆလိုက်ဒါသည် ဘောင်အောက်တွင်ပေါ်လာသည်။

  3. ထိုအထူးပြုလုပ်ချက်ကိုချိန်ညှိရန် ဆလိုက်ဘားကိုဘယ်ဘက် သို့မဟုတ် ညာဘက်သို့ဆွဲယူပါ။

  4. ဓာတ်ပုံရိုက်ရန် Shutter ခလုတ်ကိုနှိပ်ပါ။

Portrait mode နှင့် ဓာတ်ပုံရိုက်ပြီးသည့်အခါ အလင်းအရောင်ကို ထပ်မံချိန်ညှိရန် Photos အတွင်းမှ Portrait Lighting ဆလိုက်ဘားကိုအသုံးပြုပါ။ Portrait စနစ်ဖြင့်ရိုက်ထားသည့်ဓာတ်ပုံများကို တည်းဖြတ်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.