ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဝေမျှခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

Notes အက်ပ်တွင် မှတ်စုမိတ္တူတစ်ခုကိုသူငယ်ချင်းတစ်ယောက်အားပို့နိုင်သည်။ iCloud ထဲတွင် မှတ်စုတစ်ခု သို့မဟုတ် မှတ်စုများဖိုင်တွဲကို ပူးပေါင်းဆောင်ရွက်ရန် လူများကိုဖိတ်ခေါ်နိုင်ပြီး၊ လူတိုင်းသည် နောက်ဆုံးပြောင်းလဲမှုများကို မြင်တွေ့ရမည်ဖြစ်သည်။

မှတ်စုတစ်ခု၏ပုံတူကိုပေးပို့ခြင်း

  1. သင်မျှဝေချင်သည့်မှတ်စုကို ဖွင့်ပါ။

  2. Note Actions ခလုတ် ကိုနှိပ်ကာ Send a Copy နှိပ်ပြီးနောက် သင်၏မှတ်စုကိုပို့ရန်ရွေးချယ်ပါ။

မှတ်စုတစ်ခုကိုပူးပေါင်းဆောင်ရွက်ရန်

iCloud တွင် မှတ်စုတစ်ခုကို မျှဝေသည့်အခါ ပူးပေါင်းပါဝင်သူများအားလုံးသည် လူတိုင်း၏ပြောင်းလဲမှုများကို မြင်သည်။ သင်မျှဝေထားသူတိုင်းသည် ထိုမှတ်စုကို ပြန်လည်ပြုပြင်ရန် သို့မဟုတ် ကြည့်ရန် သူတို့၏ Apple ID ဖြင့် မှတ်ပုံတင်စာရင်းသွင်းထားရမည်။

မှတ်စု ပိတ်ထားသည့်မှတ်စုကို ပူးပေါင်းဆောင်ရွက်၍ မရနိုင်ချေ။

  1. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • မှတ်စုစာရင်းတွင် သင်မျှဝေလိုသော မှတ်စုပေါ်တွင် ဘယ်ဘက်သို့ပွတ်ဆွဲ၍ Share Note ခလုတ် ကိုနှိပ်ပါ။

    • သင်မျှဝေလိုသော မှတ်စုကိုဖွင့်ကာ Note Actions ခလုတ် ကိုနှိပ်ပြီးနောက် Share Note ကိုနှိပ်ပါ။

  2. Share Options ကိုနှိပ်ပြီးကာ “Can make changes” သို့မဟုတ် “View only” ကိုရွေးချယ်ပါ။

  3. သင်၏ဖိတ်ခေါ်မှုပေးပို့ပုံကို ရွေးချယ်ပါ (ဥပမာ-Mail သို့မဟုတ် Messagesကိုအသုံးပြုခြင်း)။

Notes ဖိုင်တွဲတစ်ခုတွင် ပူးပေါင်းဆောင်ရွက်ခြင်း

iCloud တွင် မှတ်စုများဖိုင်တွဲတစ်ခုကို မျှဝေသည့်အခါ၊ ပူးပေါင်းပါဝင်သူများအားလုံးသည် လူတိုင်း၏ပြောင်းလဲမှုများကိုမြင်သည်။ ပြင်ဆင်ပြောင်းလဲမှုများလုပ်ခွင့်ရထားသူများသည် iCloud ကို အသုံးပြုသည်ဆိုပါက မှတ်စုများကို ဖန်တီးနိုင်ခြင်း သို့မဟုတ် တည်းဖြတ်နိုင်ခြင်း၊ တွဲဆက်ဖိုင်များ ထပ်ပေါင်းနိုင်ခြင်း၊ နှင့် ဖိုင်ခွဲများပင် ဖန်တီးနိုင်ခြင်းတို့လုပ်နိုင်သည်။

မှတ်စု ပိတ်ထားသည့်မှတ်စုများနှင့် ဖိုင်တွဲတွင် ပူးပေါင်းဆောင်ရွက်၍မရနိုင်ပါ။

  1. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • ဖိုင်တွဲစာရင်းတွင် သင်မျှဝေလိုသော ဖိုင်တွဲပေါ်တွင် ဘယ်ဘက်သို့ပွတ်ဆွဲ၍ Share Folder ခလုတ် ကိုနှိပ်ပါ။

    • သင်မျှဝေလိုသော ဖိုင်တွဲကိုဖွင့်ကာ Folder Actions ခလုတ်ကိုနှိပ်ပြီးနောက် Share Folder ကိုနှိပ်ပါ။

  2. Share Options ကိုနှိပ်ပြီးကာ “Can make changes” သို့မဟုတ် “View only” ကိုရွေးချယ်ပါ။

  3. သင်၏ဖိတ်ခေါ်မှုပေးပို့ပုံကို ရွေးချယ်ပါ (ဥပမာ-Mail သို့မဟုတ် Messagesကိုအသုံးပြုခြင်း)။

ပူးပေါင်းဆောင်ရွက်သူများကို ထည့်သွင်းရန် သို့မဟုတ် ဖယ်ထုတ်ရန် သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်နားခြင်း

View Participants ခလုတ် ကိုနှိပ်ကာ အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

  • လူများကိုထည့်သွင်းရန်၊ မျှဝေမှုရွေးချယ်စရာကိုရွေးပါ။

  • လူများကို ဖယ်ရှားရန်၊ သင်ဖယ်ရှားလိုသည့် ပူပေါင်းဆောင်ရွက်သူကို ဘယ်ဘက်သို့ဖိဆွဲကာ Remove ကိုနှိပ်ပါ။

  • ခွင့်ပြုချက်များကို ပြင်ဆင်ရန်၊ Share Options ကိုနှိပ်ပြီးကာ “Can make changes” သို့မဟုတ် “View only” ကိုရွေးချယ်ပါ။

  • မျှဝေခြင်းကို ရပ်တန့်ရန်၊ ထိုရွေးချယ်မှုကို သင်ရွေးချယ်သည့်အခါ မျှဝေထားသော မှတ်စု သို့မဟုတ် ဖိုင်တွဲသည် အခြားပါဝင်သူများ၏ စက်ပစ္စည်းများမှ ဖျက်သိမ်းပြီးဖြစ်မည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.