ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ထဲရှိ ဖိုင်တွဲများအတွင်းက ဖိုင်များနှင့် ဖိုင်တွဲများကိုအစီအစဉ်တကျနေရာချခြင်း

Files အက်ပ် တွင် ဖိုင်တွဲများထဲရှိ စာရွက်စာတမ်းများ၊ ဓာတ်ပုံများနှင့် အခြားဖိုင်များကို စီစဉ်ထားရှိပါ။

ဖိုင်တွဲတစ်ခုဖန်တီးခြင်း

  1. တည်ရာတစ်ခုကိုဖွင့်ပါ သို့မဟုတ် ရှိပြီးသားဖိုင်တွဲကို ဖွင့်ပါ။

  2. ဖန်သားပြင်၏ အလယ်မှဖိဆွဲချကာ More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် New Folder ကို နှိပ်ပါ။

    မှတ်စု New Folder ခလုတ်ကို မမြင်ရလျှင် ထိုတည်ရာတွင် ဖိုင်တွဲတစ်ခုမဖန်တီးနိုင်ပါ။

ဖိုင် သို့မဟုတ် ဖိုင်တွဲတစ်ခုကို အမည်ပြောင်းလဲခြင်း၊ ချုံ့ခြင်း၊နှင့် အခြားပြောင်းလဲမှုများပြုလုပ်ခြင်း

ဖိုင် သို့မဟုတ် ဖိုင်တွဲကို ထိ၍ထိန်းထားကာ တစ်ခုကိုရွေးချယ်ပါ၊ Copy၊ Duplicate၊ Move၊ Delete၊ Rename သို့မဟုတ် Compress.

ဖိုင်များစွာ သို့မဟုတ် ဖိုင်တွဲများစွာကို ပြုပြင်ရန် Select ကိုနှိပ်ပါ။ ထို့နောက် သင်ရွေးချယ်ထားသည်များကို နှိပ်ပြီးနောက် ဖန်သားပြင်အောက်ခြေရှိ ရွေးချယ်မှုတစ်ခုကို နှိပ်ပါ။

မှတ်စု အချို့သောရွးချယ်စရာတို့သည် သင်ရွေးချယ်သည့်အပေါ်မူတည်၍ မရရှိနိုင်ချေ။ ဥပမာအားဖြင့် အက်ပ်ပေါင်းချုပ်တစ်ခုကို ဖျက်သိမ်း၍မရသလို နေရာရွှေ့၍ မရပါ (အက်ပ်အမည်နှင့် အမည်တပ်ထားသောဖိုင်တွဲတစ်ခု)။

ဖိုင်တစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုကို အမှတ်အသားကတ်တပ်ခြင်း

  1. ဖိုင် သို့မဟုတ် ဖိုင်တွဲကို ထိ၍ထိန်းထားကာ Tags ကိုနှိပ်ပြီးနောက် အမှတ်အသားတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောအမှတ်အသားများကို နှိပ်ပါ။

  2. Done ကိုနှိပ်ပါ။

အမှတ်အသားတွဲထားသော အမျိုးအစားများကိုရှာဖွေရန် Browse ကိုနှိပ်၍ အောက်ပါ Tags တို့မှ အမျိုးအစားတစ်ခုကို နှိပ်ပါ။

အမှတ်အသားတွဲထားသည်ကို ဖယ်ရှားရန် ၎င်းကိုထပ်နှိပ်ပါ။

အနှစ်သက်ဆုံးအဖြစ် ဖိုင်တွဲတစ်ခုကိုအမှတ်အသားပြုခြင်း

ဖိုင်တွဲကိုထိ၍ထိန်းထားကာ Favorite ကိုနှိပ်ပါ။

Favorites ကိုရှာဖွေရန် Browse ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.