ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရှုခြင်း

နှစ်များအလိုက် လများအလိုက် နေ့များအလိုက် အစီအစဥ်တကျခွဲခြားထားသော သင်၏ ဓာတ်ပုံများနှင့် ဗီဒီယိုများနှ့် ဓာတ်ပုံအားလုံးကို ကြည့်ရန် Photos အက်ပ် ကိုသုံးပါ။ အမျိုးအစားတူရာစုစည်းထားသော ဓာတ်ပုံများကိုရှာရန်နှင့် မိသားစု၊ သူငယ်ချင်းများနှင့် မျှဝေနိုင်သော အယ်လ်ဘမ်များကို ဖန်တီးရန် For You၊ Albums၊ Search စာမျက်နှာကိုနှိပ်ပါ။

  • စာကြည့်တိုက်၊ ရက်များ၊ လများနှင့် နှစ်ကာလများအလိုက် စုစည်းထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရှာဖွေပါ။

  • သင့်အတွက်၊ အမှတ်တရများ၊ မျှဝေထားသည့်အယ်လ်ဘမ်များ၊ စီစဉ်ထားသည့်ဓာတ်ပုံများစသည်တို့အား ကိုယ်ပိုင်ပြုလုပ်ဖန်တီးမှုတစ်ခု။

  • Albums၊ ဖန်တီးထားသော သို့မဟုတ် မျှဝေထားသော အယ်လ်ဘမ်များနှင့် အယ်လ်ဘမ်အမျိုးအစားအလိုက် စုစည်းထားသော ဓာတ်ပုံများကို ကြည့်ပါ။ ဥပမာအားဖြင့် People & Places နှင့် Media Types တို့ဖြစ်သည်။

  • Search၊ ရက်စွဲအရ၊ တည်နေရာအရ၊ ပုံစာအရ သို့မဟုတ် ဓာတ်ပုံထဲတွင် ပါရှိသည့်အရာများအရ ဓာတ်ပုံများရှာဖွေလိုလျှင် ရှာဖွေမှုကွက်လပ်တွင် စာရိုက်ထည့်ပါ။ သို့မဟုတ် အရေးကြီးသောလူများ၊ နေရာများ နှင့် အမျိုးအစားများအလိုက် အုပ်စုဖွဲ့ထားသည့် ဓာတ်ပုံများဖြင့်ရှာပါ။

ထိုဓာတ်ပုံစာကြည့်တိုက်သည် ရက်များကြည့်ရှုမှုတွင်ပြထားသည်။ ရွေးချယ်ထားသည့် ဓာတ်ပုံပုံသေးများသည်ထိုဖန်သားပြင်အပြည့်ဖြစ်သည်။ ဖန်သားပြင်၏ ဘယ်ဘက်ထိပ်သည် ထိုဓာတ်ပုံများကို ရိုက်ထားသည့်နေ့စွဲနှင့်တည်နေရာဖြစ်သည်။ ညာဘက်ထိပ်သည်ဓာတ်ပုံများကိုမျှဝေရန်နှင့်အသေးစိတ်ကြည့်ရန် Select နှင့် More Options ခလုတ်များဖြစ်သည်။ ထိုပုံသေးများ၏အောက်ဘက်သည် Years၊ Months၊ Days၊ နှင့် All Photos ဖြင့် ဓာတ်ပုံစာကြည့်တိုက်ကိုကြည့်ရန် ရွေးစရာများဖြစ်သည်။ အောက်ခြေတစ်လျှောက်တွင် Photos ၊For You ၊ Albums ၊ နှင့် Search စာမျက်နှာများရှိသည်။

ဓာတ်ပုံများကိုရှာဖွေခြင်း

သင်၏ iPhone ရှိ ဓာတ်ပုံများနှင့်ဗီဒီယိုများသည် Years၊ Months၊ Days၊ နှင့် All Photos ဟူ၍ Library စာမျက်နှာတွင် စုစည်းထားသည်။ Years တွင်သင်၏အကောင်းဆုံးရိုက်ချက်များကိုပြန်ရှာခြင်း၊ Months တွင်အရေးပါသည့်ပွဲများကိုပြန်ခံစားခြင်း၊ Days တွင်ထူးခြားသည့်ဓာတ်ပုံများကိုအာရုံစိုက်ခြင်း၊ နှင့် All Photos တွင်အရာအားလုံးကိုကြည့်ခြင်းတို့လုပ်နိုင်သည်။

သင်၏ဓာတ်ပုံများကိုရှာဖွေရန် ထို Library စာမျက်နှာကိုနှိပ်ကာ အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ။

  • နှစ်ကာလများ၊ သင်၏ဓာတ်ပုံစာကြည့်တိုက်ထဲရှိထူးခြားသည့်နှစ်တစ်နှစ်ကိုလျင်မြန်စွာရှာနိုင်၍ ဆလိုက်ရှိုးထဲရှိအရောင်ခြယ်ထားသည့်အရေးပါသည့်ပွဲများကိုကြည့်နိုင်သည်။

  • လများ၊ မိသားစုအပျော်ခရီးတို၊ လူမှုရေးပွဲ၊ မွေးနေ့ပွဲ၊ သို့မဟုတ်ခရီးကဲ့သို့အရေးပါသည့်ပွဲများဖြင့်စုစည်းထားသည့်၊ တစ်လလုံးသင်ရိုက်ကူးခဲ့သည့်ဓာတ်ပုံလက်ရွေးစင်များကိုကြည့်နိုင်သည်။

  • နေ့များ၊ ထိုဓာတ်ပုံများရိုက်ကူးခဲ့သည့်အချိန်နှင့်နေရာအလိုက်စုစည်းထားသည့်၊ နေ့အလိုက်စဉ်ထားသည့်အကောင်းဆုံးဓာတ်ပုံများကိုကြည့်နိုင်သည်။

  • ဓာတ်ပုံများ၊ သင်၏ဓာတ်ပုံများနှင့် ဗီဒီယိုများအားလုံးကို ကြည့်ရန် - စာမျက်နှာကိုချုံ့ချဲ့လုပ်ရန်၊ ဓာတ်ပုံအရွယ်အချိုးအရ သို့မဟုတ် စတုရန်းအရ ဓာတ်ပုံများကြည့်ရန်၊ ဓာတ်ပုံများကို စိစစ်ခွဲထုတ်ရန် သို့မဟုတ် မြေပုံတစ်ခုတွင် ဓာတ်ပုံများကိုကြည့်ရန် More ခလုတ် ကိုနှိပ်ပါ။

ဓာတ်ပုံများသည် Years၊ Months၊ နှင့် Days မြင်ကွင်းများမှ ဆင်တူယိုးမှားဓာတ်ပုံများနှင့်ရှုပ်ပွနေသည်(screenshot များ၊ whiteboard များ၊ နှင့်လက်ခံဖြတ်ပိုင်းများကဲ့သို့) များကိုဖယ်ရှားပေးသည်။ ဓာတ်ပုံနှင့်ဗီဒီယိုတိုင်းကိုကြည့်ရန်၊ All Photos ကိုနှိပ်ပါ။

တစ်ဦးချင်းဓာတ်ပုံကို ကြည့်ခြင်း

Library စာမျက်နှာရှိဓာတ်ပုံတစ်ပုံချင်းကိုရှာရန်—All Photos ကိုနှိပ်ပါ သို့မဟုတ် Years၊ Months၊ သို့မဟုတ် Days ဖြင့်ရှာပြီးနောက် ဖန်သားပြင်အပြည့်ကြည့်ရန် ဓာတ်ပုံပုံသေးတစ်ပုံကိုနှိပ်ပါ။ Albums စာမျက်နှာရှိဓာတ်ပုံများကိုလည်းကြည့်နိုင်သည်၊ သို့မဟုတ် “beach” သို့မဟုတ် “selfie” ကဲ့သို့သီးခြားရှာဖွေစကားလုံးများဖြင့်ဓာတ်ပုံကိုရှာရန် Search စာမျက်နှာကိုနှိပ်ပါ။

ဖန်သားပြင်အပြည့်ဖြင့်ဓာတ်ပုံတစ်ပုံကိုကြည့်နေစဉ်တွင်၊ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်နိုင်သည်၊

  • ဓာတ်ပုံ ချုံ့ရန် သို့မဟုတ် ချဲ့ရန်၊ ပုံချဲ့ရန် နှစ်ကြိမ်ဆက်နှိပ်ပါ သို့မဟုတ် လက်နှစ်ချောင်းနှင့် ဖိခွာဆွဲပါ၊ ပုံချဲ့ထားစဉ် ဖိဆွဲ၍ ဓာတ်ပုံ၏အခြားအစိတ်အပိုင်းများကို ကြည့်နိုင်သည်၊ ပုံကိုပြန်လည်ချုံ့ရန် နှစ်ကြိမ်ဆက်နှိပ်ပါ သို့မဟုတ် လက်နှစ်ချောင်းနှင့် ဖိကပ်ဆွဲပါ။

  • မျှဝေရန်၊ Share ခလုတ် ကို နှိပ်ပါ၊ ထို့နောက် သင်မျှဝေလိုသည့်ပုံစံကိုရွေးပါ၊ iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခြင်း ကို ကြည့်ပါ။

  • အနှစ်သက်ဆုံးဓာတ်ပုံစာရင်းသို့ထည့်ရန်၊ Albums စာမျက်နှာရှိ Favorites အယ်လ်ဘမ်သို့ ဓာတ်ပုံကိုထည့်သွင်းရန် Favorite ခလုတ် ကိုနှိပ်ပါ။

ဖန်သားပြင်၏အောက်ခြေတစ်လျှောက်တွင် အခြားဓာတ်ပုံများ၏ ပုံအသေးစားများနှင့် အတူ ဓာတ်ပုံတစ်ပုံ။ ဖန်သားပြင်ဘယ်ဘက်ထိပ်တွင် နောက်သို့သွားသည့်ခလုတ်ရှိပြီး ၎င်းဖြင့် သင်ရှာဖွေထားသည့် မြင်ကွင်းသို့ပြန်သွားနိုင်သည်။ အောက်ခြေတစ်လျှောက်တွင် Share၊ Likeနှင့် Delete ခလုတ်များရှိသည်။ ညာဘက်ထိပ်ဆုံးတွင် Edit ခလုတ်ရှိသည်။

ရှာဖွေမှုရလဒ်များကိုဆက်လက်ရှာဖွေရန် သို့မဟုတ်ပြန်ရယူရန် Back ခလုတ် ကိုနှိပ်ပါ သို့မဟုတ် ဓာတ်ပုံကိုဖိဆွဲချပါ။

ပုံစာများထည့်ခြင်းနှင့် ဓာတ်ပုံနှင့် ဗီဒီယိုဆိုင်ရာအသေးစိတ်အချက်အလက်ကိုကြည့်ခြင်း

ပုံစာများသည် သင်၏ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဆက်စပ်အကြောင်းအရာများထည့်သွင်းပေးပြီး Search ကိုအသုံးပြုသည့်အခါ ထိုပုံစာများဖြင့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရှာဖွေနိုင်သည်။ ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ရွေးချယ်ကာ ပုံစာတစ်ခုကိုကြည့်ရန် အပေါ်သို့ ပွတ်ဆွဲပါ သို့မဟုတ် ပုံအောက်ရှိ စာဖြည့်ကွက်လပ်တွင် ပုံစာတစ်ခုထည့်သွင်းပါ။

ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုကို အပေါ်သို့ ပွတ်ဆွဲသည့်အခါ အောက်ပါအသေးစိတ်အချက်အလက်များကိုလည်း မြင်ရသည်၊

Shared Albums တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများအတွက် သုံးသပ်ချက်များနှင့် နှစ်သက်ကြောင်းဖြည့်ထည့်နိုင်သည်။ သင်၏သုံးသပ်ချက်များနှင့် နှစ်သက်ကြောင်းဖော်ပြချက်များသည် ထိုအယ်လ်ဘမ်ကိုစာရင်းပေးသွင်းသူများနှင့် မျှဝေပြီးဖြစ်မည်။ iPhone ဓာတ်ပုံများကို iCloud ရှိ Shared Albums နှင့်မျှဝေခြင်း ကိုကြည့်ပါ။

Live Photo တစ်ခုကိုဖွင့်ခြင်း

Live Photo Live Photo ခလုတ်သည် ဓာတ်ပုံတစ်ပုံမရိုက်ကူးခင်နှင့် ရိုက်ကူးပြီးအခိုက်အတန့်လေးများကိုရိုက်ကူးထားသောလှုပ်ရှားနေသည့် ဓာတ်ပုံတစ်ပုံဖြစ်သည်။

  1. Live Photo ကိုဖွင့်ပါ။

  2. ယင်းကိုဖွင့်ရန်ထိုဓာတ်ပုံကိုဖိ၍နှိပ်ထားပါ။

သင့် iPhone ကင်မရာဖြင့် Live Photos ရိုက်ကူးခြင်း ကိုကြည့်ပါ။

Burst ရိုက်ချက်ဖြင့် ဓာတ်ပုံများကိုကြည့်ခြင်း

Camera ရှိ Burst မုဒ်သည် ရွေးချယ်၍ရနိုင်မည့်ဓာတ်ပုံများများရစေရန် ဓာတ်ပုံများစွာကို အရှိန်မြင့်နှုန်းဖြင့် ဆက်တိုက် ရိုက်ကူးပေးသည်။ Photos တွင် Burst ရိုက်ချက်များကို သီးခြားဓာတ်ပုံသေးတစ်ခုတွင် အတူသိမ်းဆည်းထားသည်။ Burst တွင် တစ်ပုံချင်းစီကို ကြည့်ရှုနိုင်သလို မိမိနှစ်သက်သည့်ဓာတ်ပုံများကို တစ်ပုံချင်းစီ ခွဲသိမ်းရန် ရွေးချယ်နိုင်သည်။

  1. Burst ဓာတ်ပုံကိုဖွင့်ပါ။

  2. Select ကိုနှိပ်ကာ အမှတ်တရစုဆောင်းထားသည့်ဓာတ်ပုံများတစ်လျှောက် ပွတ်ဆွဲပါ။

  3. သီးခြားသတ်မှတ်ထားသည့်ဓာတ်ပုံများကို သိမ်းဆည်းရန်၊ ၎င်းကိုရွေးရန်ဓာတ်ပုံတစ်ပုံချင်းစီအားနှိပ်ပါ၊ ထို့နောက် Done ကို နှိပ်ပါ။

  4. Burst နှင့်သင်ရွေးချယ်ထားသည့်ဓာတ်ပုံများကို သိမ်းဆည်းရန် Keep Everything ကိုနှိပ်ပါ၊ သို့မဟုတ် သင်ရွေးချယ်ထားသော ဓာတ်ပုံများကိုသာ သိမ်းဆည်းလိုလျှင် [ဓာတ်ပုံအရေအတွက်] Keep Only Favorites ကိုနှိပ်ပါ။

သင်၏ iPhone ကင်မရာရှိ Burst မုဒ်ကိုသုံး၍ လှုပ်ရှားမှုဓာတ်ပုံများရိုက်ကူးခြင်း ကိုကြည့်ပါ။

ဗီဒီယိုတစ်ခုကို ဖွင့်ခြင်း

Library စာမျက်နှာရှိဓာတ်ပုံစာကြည့်တိုက်ကိုရှာဖွေခြင်းကြောင့်၊ သင်အထက်အောက်ရွှေ့နေစဉ်တွင်ဗီဒီယိုများသည်အလိုအလျောက်ပွင့်နေမည်ဖြစ်သည်။ အသံမထွက်ဘဲဖန်သားပြင်အပြည့်စတင်ပွင့်စေရန်ဗီဒီယိုတစ်ခုကိုနှိပ်ပါ၊ ထို့နောက်အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • ခေတ္တရပ်ရန်၊ ဖွင့်ရန်၊ အသံဖွင့်ရန်နှင့် အသံပိတ်ရန်ထိုဗီဒီယိုအောက်ရှိအထိန်းခလုတ်များကိုနှိပ်ပါ၊ ထို အထိန်းခလုတ်များကိုဝှက်ရန်ယင်းဖန်သားပြင်ကိုနှိပ်ပါ။

  • ဖန်သားမျက်နှာပြင်ပြည့်နှင့် ဖန်သားမျက်နှာပြင်အံကိုက်တို့ကြား ပြောင်းလဲရန်ဖန်သားပြင်ကို နှစ်ကြိမ်ဆက်နှိပ်၍ ပြောင်းနိုင်သည်။

ဗွီဒီယို playerသည် ထိုဖန်သားပြင်၏အလယ်တွင်ဖြစ်သည်။ ထိုဖန်သားပြင်အောက်ခြေတွင်၊ ဘောင်ပြအကွက်ကိရိယာသည်ဘောင်များကိုဘယ်မှညာအထိပြထားသည်။ ထိုဘောင်ပြအကွက်ကိရိယာအောက်ဘယ်မှညာသည် Share၊ Favorite၊ Pause၊ Mute၊ နှင့် Delete ခလုတ်များဖြစ်သည်။

ဆလိုက်ရှိုးတစ်ခုကို ဖွင့်ခြင်းနှင့် စိတ်ကြိုက်ပြင်ဆင်ခြင်း

ဆလိုက်ရှိုးတစ်ခုဆိုသည်မှာ သင့်ဓာတ်ပုံများအမှတ်တရစုဆောင်းမှုတစ်ခု၊ ထိန်းသိမ်းရန်စီစဉ်ဖွဲ့စည်းမှုတစ်ခု နှင့် ဂီတသံထည့်သွင်းမှုတစ်ခု ဖြစ်သည်။

  1. Library စာမျက်နှာကိုနှိပ်ပါ။

  2. All Photos သို့မဟုတ် Days ဖြင့်ဓာတ်ပုံများကိုကြည့်ပါ၊ ထို့နောက် Select ကိုနှိပ်ပါ။

  3. ဆလိုက်ရှိုးထဲတွင် ထည့်သွင်းလိုသော ဓာတ်ပုံတစ်ပုံချင်းစီကို နှိပ်ပါ၊ ထို့နောက်Share ခလုတ် ကိုနှိပ်ပါ။

  4. ရွေးစရာများစာရင်းမှ၊ Slideshow ကိုနှိပ်ပါ။

  5. ဖန်သားပြင်ကိုနှိပ်ပါ၊ ထို့နောက် ဆလိုက်ရှိုးတေးသွား၊ နောက်ခံဂီတ စသည်တို့ကို ရွေးချယ်ရန် ညာဘက် အောက်ခြေရှိ Options ကိုနှိပ်ပါ။

TV တွင်ဆလိုက်ရှိုး သို့မဟုတ် ဗီဒီယိုဖွင့်ရန် iPhone မှ Apple TV သို့မဟုတ် smart TV သို့ ဗီဒီယိုများ၊ ဓာတ်ပုံများကို ကြိုးမဲ့စနစ်ဖြင့် တိုက်ရိုက်ကြည့်ရှုခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.