ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရှုခြင်း

သင့် iPhone ရှိ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရှုရန် Photos အက်ပ်ကိုအသုံးပြုပါ။

တစ်ဦးချင်းဓာတ်ပုံကို ကြည့်ခြင်း

ဖန်သားပြင်၏အောက်ခြေတစ်လျှောက်တွင် အခြားဓာတ်ပုံများ၏ ပုံအသေးစားများနှင့်အတူ ပွင့်နေသောဓာတ်ပုံတစ်ပုံ။ ညာဘက်ထိပ်ထောင့်တွင် ရှာဖွေခြင်းသို့ပြန်သွားရန် Close ခလုတ်တစ်ခုရှိသည်။
  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. မျာက်နှာပြင်အပြည့်ကြည့်ရန် ဓာတ်ပုံတစ်ပုံကိုနှိပ်ပါ။

    အကြံပြုချက် Live Photo တစ်ပုံကိုကြည့်ရှုနေစဉ် ၎င်းကိုဖွင့်ရန် ထိုဓာတ်ပုံကို ထိ၍ထိန်းထားပါ။

  3. ထိုဓာတ်ပုံကိုပိတ်ကာ သင့်စုစည်းမှုအား ဆက်လက်ရှာဖွေရန် Close ခလုတ် ကိုနှိပ်ပါ။

ဗီဒီယိုတစ်ခုကို ဖွင့်ခြင်း

အောက်ခြေတစ်လျှောက်တွင် Play/Pause ခလုတ်၊ လုပ်ငန်းစဥ်ပြဘားတစ်ခုနှင့် Mute/Volume ခလုတ်တစ်ခုပါဝင်သော ပွင့်နေသည့်ဗီဒီယိုတစ်ခု။ ညာဘက်ထိပ်ထောင့်တွင် ရှာဖွေခြင်းသို့ပြန်သွားရန် Close ခလုတ်တစ်ခုရှိသည်။
  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. ဗီဒီယိုတစ်ခုကို ဖွင့်ရန် ၎င်းကိုနှိပ်ပါ။

  3. ထိုဗီဒီယိုကိုပိတ်ကာ သင့်စုစည်းမှုအား ဆက်လက်ရှာဖွေရန် Close ခလုတ် ကိုနှိပ်ပါ။

စုစည်းမှုကို ရှာဖွေခြင်း

Photos အက်ပ် ကိုသင်ဖွင့်လိုက်သည့်အခါ ဖန်သားပြင်၏ အပေါ်ဘက်တစ်ဝက်ရှိ ဂရစ်တစ်ခုထဲတွင် သင့်ဓာတ်ပုံများနှင့် ဗီဒီယိုများ၏ စုစည်းမှု သည်ပေါ်လာမည်။ ဓာတ်ပုံများပိုမိုကြည့်ရှုရန် အောက်သို့ပွတ်ဆွဲပါ။ လတ်တလောအဖြစ်ဆုံး ဓာတ်ပုံများသည် အောက်ခြေတွင်ရှိသည်၊ အချိန်နောက်ပြန်သွားရန် ဆက်လက်၍ အောက်သို့ ပွတ်ဆွဲချပါ။

အကြံပြုချက် စုစည်းမှု ကိုသင်ကြည့်ရှုနေစဥ် ပုံကြီးချဲ့ရန် သို့မဟုတ် ချုံ့ရန်အတွက် ဖန်သားပြင်ကိုဖိညှပ်ပါ။

Photos အက်ပ်သည် စုစည်းမှု ဂရစ်သို့ပွင့်နေသည်။ ဖန်သားပြင်၏အောက်ခြေ၌ ဘယ်မှညာဘက်သို့တွင် စစ်ထုတ်မှန်ပြား၊ Years၊ Months နှင့် All ခလုတ်များပါဝင်သော စုစည်းမှုကိုအမျိုးအစားခွဲခြားသည့် ရွေးချယ်စရာများရှိသည်။ ညာဘက်အောက်ထောင့်တွင် စုစည်းမှုမှထွက်ရန် Close ခလုတ်ရှိသည်။

စုဆောင်းမှုများကို ရှာဖွေခြင်း

သင့်စုစည်းမှု၏အောက်တွင် Recent Days၊ Trips နှင့် People & Pets တို့ကဲ့သို့ စုစည်းထားသည့်စုဆောင်းမှုများအတွင်းသို့ သင့်ဓာတ်ပုံများနှင့် ဗီဒီယိုများကို စုစည်းပေးထားသည်။ ခေါင်းစီးတစ်ခုချင်းစီ၏အောက်တွင် လတ်တလောစုဆောင်းမှုများတစ်လျှောက် ပွတ်ဆွဲနိုင်သည်၊ သို့မဟုတ် ပိုမိုကြည့်ရှုရန် ထိုခေါင်းစီးကိုနှိပ်ပါ။

စုဆောင်းမှုတစ်ခုကိုဖွင့်ရန် ၎င်းကိုနှိပ်ပြီး ထိုစုဆောင်းမှုမှ ဦးစားပေးဖော်ပြချက်များပါဝင်သည့် အသေးစိတ်မြင်ကွင်းကိုကြည့်ပါ။ ထိုကဏ္ဍအတွင်းရှိ အခြားစုဆောင်းမှုများကိုကြည့်ရန် ညာဘက် သို့မဟုတ် ဘယ်ဘက်သို့ပွတ်ဆွဲပါ။

အကြံပြုချက် ဓာတ်ပုံများကို စုစည်းမှုတစ်ခုအဖြစ် အမျိုးအစားခွဲစဉ် စစ်ထုတ်ရန် Sort and Filter ခလုတ် ကိုနှိပ်ပါ။

Photos အက်ပ်ပွင့်နေသည်။ ဖန်သားပြင်၏ထိပ်တွင် ဓာတ်ပုံစုစည်းမှုအား ဂရစ်ပုံဖြင့်ပြသပေးသည်။ ၎င်း၏အောက်တွင် Recent Days၊ People & Pets နှင့် Pinned စုဆောင်းမှုများရှိသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.