ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Calendar တွင် ဖိတ်ကြားစာများကို တုံ့ပြန်ခြင်း

Calendar အက်ပ်တွင် သင်လက်ခံရရှိသည့် အစည်းအဝေးနှင့် ပွဲရက်ဖိတ်ကြားစာများကို တုံ့ပြန်ပါ။

ပွဲရက်ဖိတ်ကြားစာတစ်ခုကို တုံ့ပြန်ခြင်း

  1. ပွဲရက်အသိပေးချက်ကို တုံ့ပြန်ရန် ၎င်းကိုနှိပ်ပါ။

    သို့မဟုတ် Calendar တွင်ရှိသော Inbox ကိုနှိပ်ကာ ဖိတ်ကြားစာကိုနှိပ်ပါ။

  2. သင့်တုံ့ပြန်မှုကို ရွေးချယ်နှိပ်ပါ— Accept ၊ Maybe သို့မဟုတ် Decline။

အီးမေးလ်ဖြင့်လက်ခံရရှိသော ဖိတ်ကြားစာကို တုံ့ပြန်ရန် အီးမေးလ်ပါ မျဉ်းသားထားသော စာကို နှိပ်ကာ Show in Calendar ကိုနှိပ်ပါ။

သင့်တုံ့ပြန်မှုအတွက်မှတ်ချက်များထည့်သွင်းမည်ဆိုလျှင် သင့်မှတ်ချက်များကို စီစဉ်သူကမြင်တွေ့နိုင်သော်လည်း တက်ရောက်သူများက မတွေ့ရနိုင်ပါ (မှတ်ချက်များကို ပြက္ခဒိန်အားလုံးတွင် ရရှိနိုင်မည်မဟုတ်ပါ)။ သင့်ငြင်းဆိုလိုက်သည့်ပွဲရက်များကို မြင်တွေ့နိုင်ရန် ဖန်သားပြင်အောက်နားရှိ Calendars ကိုနှိပ်ပြီး Show Declined Events ကိုဖွင့်ပါ။

မတူညီသောအစည်းအဝေးအချိန်ကို အကြံပြုခြင်း

သင်လက်ခံရရှိသော အစည်းအဝေးဖိတ်ကြားမှုတစ်ခုအတွက် မတူညီသောအချိန်တစ်ခုကို အကြံပြုပေးနိုင်သည်။

  1. သင့် iPhone ရှိ Calendar အက်ပ် ကိုသွားပါ။

  2. အစည်းအဝေးကိုနှိပ်ကာ Propose New Time ကိုနှိပ်ပါ။

  3. အချိန်ကိုနှိပ်၍ အချိန်သစ်ကိုရိုက်ထည့်ပါ။

သင့်ပြက္ခဒိန်ဆာဗာ၏ လုပ်ဆောင်နိုင်စွမ်းများပေါ် မူတည်၍ ပွဲစီစဉ်သူက သင့်ထံမှ တန်ပြန်အဆိုပြုချက်တစ်ရပ်ကိုဖြစ်စေ သင်အကြံပြုချက်ပါသည့် အီးမေးတစ်စောင်ကိုဖြစ်စေ လက်ခံရရှိလိမ့်မည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.