ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Safari တွင် Tab Groups ဖြင့် သင်၏တက်ဘ်များကို စီစဥ်ခြင်း

တက်ဘ်များကို စနစ်တကျစုစည်းထားပြီး ၎င်းတို့ကို နောက်ပိုင်းတွင် အလွယ်တကူရှာတွေ့နိုင်ရန် Tab Groups ကိုဖန်တီးနိုင်ပါသည်။

Homework ဟုခေါ်သည့် Tab Group တစ်ခုရှိ ပွင့်နေသော တက်ဘ်သုံးခု၏ ကြိုကြည့်ဆိုက်သေးပုံများကို ဖန်သားပြင်တွင် တွေ့မြင်နိုင်သည်။

Tab Group အသစ်တစ်ခု ဖန်တီးခြင်း

  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. ဖွင့်ထားသော စာမျက်နှာများကို ကြည့်ရှုရန် Tabs ခလုတ်ကိုနှိပ်ပါ။

  3. တက်ဘ်တစ်ခုကို ထိပြီးထိန်းထားပါ၊ Move to Tab Group ကိုရွေးချယ်ပါ။

  4. New Tab Group ကို နှိပ်ပါ၊ အမည်တစ်ခုကို ထည့်သွင်းပါ၊ ထို့နောက် Move ကိုနှိပ်ပါ။

အကြံပြုချက် သင်၏ Tab Groups ကြားတွင် တစ်ခုမှတစ်ခုပြောင်းကြည့်ရန် ဖန်သားပြင်အောက်ခြေအလယ်ရှိ Tab Groups ခလုတ် ကိုနှိပ်ပါ။

Tab Group တစ်ခုတွင် တက်ဘ်များကို ပြန်တန်းစီခြင်း

  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. Tab Group မှ ဖွင့်ထားသည့် တက်ဘ်များကို ကြည့်ရန် Tabs ခလုတ် ကိုနှိပ်ပါ။

  3. Tab Group တွင်တက်ဘ်တစ်ခုကို ထိပြီးထိန်းထားပါ။

  4. ပေါ်လာသည့် စာရင်းတွင် Arrange Tabs By ကိုနှိပ်ပါ၊ ထို့နောက် ရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ။

    သို့မဟုတ် တက်ဘ်ကို သင်ထားလိုသောနေရာသို့ ဆွဲရွှေ့ပါ။

Tab Group တစ်ခုကိုအမည်ပေးပါ

  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. Tabs ခလုတ်ကိုနှိပ်ကာ Tab Group ခလုတ်ကိုနှိပ်ပါ။

  3. Edit ကိုနှိပ်ကာ More ခလုတ်ကိုနှိပ်ပါ။

  4. Rename ကိုနှိပ်ပါ၊ အမည်တစ်ခု ရိုက်ထည့်ပြီးနောက် Save ကိုနှိပ်ပါ။

Tab Group တစ်ခုထိပ်ရှိ တက်ဘ်တစ်ခုကို ပင်တွဲခြင်း

အဖွဲ့အသီးသီးတွင် ပင်တွဲထားသည့် တက်ဘ်များပါသည့် သင့် Tab Groups ကို စိတ်ကြိုက်ပြုပြင်နိုင်သည်။ ပင်တွဲထားသည့် တက်ဘ်သည် Tab Group ထိပ်တွင်ရှိသည်။

  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. Tab Group မှ ဖွင့်ထားသည့် တက်ဘ်များကို ကြည့်ရန် Tabs ခလုတ် ကိုနှိပ်ပါ။

  3. သင်ပင်တွဲချင်သည့် တက်ဘ်ကို ထိပြီး ထိန်းထားပါ။

  4. ပေါ်လာသော စာရင်းမှ Pin Tab ကိုနှိပ်ပါ။

တက်ဘ်တစ်ခုကို အခြား Tab Group ကို ရွေ့ခြင်း

  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. Tabs ခလုတ်ကို ထိပြီးထိန်းထားပါ၊ ထို့နောက် Move to Tab Group ကိုနှိပ်ပါ။

  3. ယခင်ကသင်ဖန်တီးခဲ့သော Tab Groups ထဲမှ တစ်ခုကိုရွေးချယ်ပါ သို့မဟုတ် အုပ်စုသစ်တစ်ခုဖန်တီးပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.