ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိအဆင့်မြင့်ကင်မရာချိန်ညှိချက်မျာကို ပြုပြင်ခြင်း

ဓာတ်ပုံများကို ပိုမိုလျင်မြန်စွာရိုက်ကူးနိုင်ပြီး လိုအပ်သည့်ပုံစံပြင်ဆင်နိုင်သည့်အပြင် သင်၏ဓာတ်ပုံများကို ရုပ်ထွက်ပိုကောင်းအောင် လုပ်ဆောင်နိုင်ပြီး ကင်မရာရိုက်ကွက်ဘောင်အပြင်မှ အရာများကိုကြည့်နိုင်သော အဆင့်မြင့် iPhone ကင်မရာအင်္ဂါရပ်များအကြောင်း လေ့လာပါ။

Main ကင်မရာ ရုပ်ထွက်အရည်အသွေးကို ပြောင်းလဲရန်

ထောက်ပံ့ပေးထားသော အမျိုးအစားများတွင် Main နှင့် Fusion ကင်မရာ ရုပ်ထွက်အရည်အသွေးကို 24 MP သို့ ပုံသေသတ်မှတ်ပါ။ 12 MP၊ 24 MP နှင့် 48 MP တို့အကြား ပြောင်းနိုင်သည်။

Settings  > Camera > Formats > Photo Mode သို့သွား၍ 12 MP သို့မဟုတ် 24 MP ကို ရွေးချယ်ပါ။

ရုပ်ထွက်အရည်အသွေးကို 48 MP ရိုက်ကူးရန် Settings  > Camera > Formats သို့သွား၍ Resolution Control သို့မဟုတ် ProRAW & Resolution Control ကို ဖွင့်ပါ (သင့်အမျိုးအစားကို မူတည်သည်)။

iPhone 15 Pro၊ iPhone 15 Pro Max၊ iPhone 16 Pro နှင့် iPhone 16 Pro Max တို့တွင် ProRAW & Resolution Control ကို ဖွင့်ပြီးသည့်အခါ ပုံသေပုံစံကို ရွေးချယ်နိုင်သည်- Pro Default ကိုနှိပ်၍၊ ရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ။ Camera ကို ဖွင့်ပါ၊ သင်ရွေးချယ်ခဲ့သည့်ပုံစံကို အဖွင့်အပိတ်လုပ်ရန် ၊ ဖန်သားပြင်ထိပ်ရှိ လွှဲပြောင်းခလုတ်ကို နှိပ်ပါ။ မတူညီသော ပုံစံတစ်ခုကို ရွေးချယ်ရန် ယင်းလွှဲပြောင်းခလုတ်ကို ထိ၍နှိပ်ထားပါ။

iPhone 15 Pro၊ iPhone 15 Pro Max၊ iPhone 16 Pro နှင့် iPhone 16 Pro Max တို့တွင် အဓိက သို့မဟုတ် Fusion camera ကို စိတ်ကြိုက်ပြင်ဆင်ခြင်းအကြောင်း လေ့လာရန် iPhone ရှိ အဓိကနှင့် Fusion camera မှန်ဘီလူးများအား စိတ်ကြိုက်ပြုပြင်ခြင်းကိုကြည့်ပါ။

View Outside the Frame ကို ပိတ်ခြင်းနှင့် ဖွင့်ခြင်း

ထောက်ပံ့ထားသော အမျိုးအစားများတွင် ကင်မရာစနစ်တွင် မြင်ကွင်းပိုမိုကျယ်စွာမြင်ရသည့် အခြားမှန်ဘီလူးကို အသုံးပြုရိုက်ကူးပါက ရိုက်ကူးမိမည့်အရာကိုပြရန် ကင်မရာနမူနာမြင်ကွင်းသည် ရိုက်ကွက်ဘောင်ပြင်ပတွင် ပါရှိအကြောင်းအရာကိုပြသပေးသည်။ View Outside the Frame ကို ပုံသေအနေဖြင့် ဖွင့်ထားသည်။

View Outside the Frame ကိုပိတ်ရန် Settings  > Camera သို့သွား၍ View Outside the Frame ကိုပိတ်ပါ။

Prioritize Faster Shooting ကိုပိတ်ခြင်းနှင့် ဖွင့်ခြင်း

Prioritize Faster Shooting ရိုက်ကူးခြင်းချိန်ညှိချက်သည်—Shutter ခလုတ်ကို ဆက်တိုက်နှိပ်နေချိန်တွင် ဓာတ်ပုံအရေအတွက် ပိုများများရိုက်ကူးစေခြင်းဖြင့် ပုံရိပ်ရုပ်ထွက်ပုံကို ပြုပြင်မွမ်းမံပေးသည်။ ပုံသေအားဖြင့် Prioritize Faster Shooting ကိုဖွင့်ထားသည်။

Prioritize Faster Shooting ကို ပိတ်ရန် Settings > Camera သို့သွားကာ Prioritize Faster Shooting ကိုပိတ်ပါ။

Lens Correction ကို ပိတ်ခြင်းနှင့် ဖွင့်ခြင်း

ထောက်ပံ့ထားသော အမျိုးအစားများတွင် Lens Correction ချိန်ညှိချက်သည် ရှေ့ဘက်ကင်မရာ သို့မဟုတ် Ultra Wide ကင်မရာတို့ဖြင့်ရိုက်ကူးသော ဓာတ်ပုံများကို ပိုမိုသဘာဝကျသော အသွင်ဖြစ်စေရန်ချိန်ညှိပေးသည်။ ပုံသေအားဖြင့် Lens Correction ကိုဖွင့်ထားသည်။

Lens Correction ကိုပိတ်ရန် Settings  > Camera သို့သွား၍ Lens Correction ကိုပိတ်ပါ။

Scene Detection ကို ပိတ်ခြင်းနှင့် ဖွင့်ခြင်း

iPhone 12 အမျိုးအစားများတွင် Scene Detection ချိန်ညှိချက်သည် သင်ဓာတ်ပုံရိုက်ကူးနေသော အရာကို အမျိုးအမည်ခွဲနိုင်ပြီး ဓာတ်ပုံမြင်ကွင်းတွင် အကောင်းဆုံးရုပ်ထွက်အရည်အသွေးပေါ်လွင်စေရန် လိုအပ်သလိုပြုပြင်ပေးသည်။ ပုံသေအားဖြင့် Scene Detection ကို ဖွင့်ထားသည်။

Scene Detection ကိုပိတ်ရန် Settings > Camera သို့သွား၍ Scene Detection ကိုပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.