ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကိုဖွင့်၍ အစပျိုးလုပ်ဆောင်ခြင်း

သင့် iPhone အသစ်ကို အင်တာနက်ချိတ်ဆက်မှုဖြင့် ဖွင့်ပြီး စနစ်ထည့်သွင်းနိုင်သည်။ iPhone ကိုသင်၏ကွန်ပျူတာနှင့် ချိတ်ဆက်ခြင်းဖြင့်လည်းအစပျိုးလုပ်ဆောင်နိုင်သည်။ သင့်တွင်နောက်ထပ် iPhone၊ iPadတစ်လုံး သို့မဟုတ် အန်းဒရွိုက်စက်တစ်လုံးရှိပါက iPhone အသစ်တွင် သင်၏အချက်အလက်ကို လွှဲပြောင်းနိုင်သည်။

မှတ်စု သင်၏ iPhone ကို ကုမ္ပဏီ သို့မဟုတ် အခြားအဖွဲ့အစည်းမှ အသုံးချသည်ဖြစ်စေ သို့မဟုတ် စီမံဆောင်ရွက်သည်ဖြစ်စေ အစပျိုးလုပ်ဆောင်မှုလမ်းညွှန်ချက်များအတွက် တာဝန်ရှိသူနှင့် တွေ့ဆုံပါ။ အထွေထွေသတင်းအချက်အလက်များအတွက် Apple at Work ဝက်ဘ်ဆိုက်ဒ်ကိုကြည့်ပါ။

အစပျိုးလုပ်ဆောင်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

အစပျိုးလုပ်ဆောင်မှုကို အတတ်နိုင်ဆုံးအဆင်ချောစေရန် အောက်ဖော်ပြပါအချက်များ ရှိထားရမည်၊

  • Wi-Fi ကွန်ရက်တစ်ခုမှ တစ်ဆင့် အင်တာနက်ချိတ်ဆက်ထားခြင်း (ယင်းကွန်ရက်၏အမည်နှင့် လျှို့ ဝှက်ကုဒ်လိုအပ်နိုင်သည်) သို့မဟုတ် ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှတစ်ဆင့် cellular အင်တာနက်လိုင်းတစ်ခု (iPhone 14 နှင့်နောက်ပိုင်းအမျိုးအစားများအတွက် မလိုအပ်ပါ)

  • သင်၏ Apple Account နှင့်လျှို့ဝှက်ကုဒ် - သင့်တွင် Apple Account မရှိပါက အစပျိုးလုပ်ဆောင်နေစဉ် တစ်ခုကိုဖန်တီးနိုင်သည်

  • အစပျိုးလုပ်ဆောင်နေစဉ် Apple Pay ထဲသို့ ကတ်တစ်ကတ်ထည့်သွင်းလိုပါက သင်၏အကြွေးဝယ်ကတ် သို့မဟုတ် ငွေပေးချေကတ်အကောင့်ဆိုင်ရာ သတင်းအချက်အလက်များရှိထားရမည်

  • သင်၏စက်ပစ္စည်းအသစ်သို့သင်၏အချက်အလက်ကိုပြောင်းရွှေ့လျှင် သင်၏ယခင် iPhone သို့မဟုတ် သင်၏စက်ပစ္စည်း၏အရန်ကူးယူမှု

    အကြံပြုချက် သင်၏စက်ပစ္စည်းကို အရန်ကူးယူထားရန် လစ်လပ်သောသိုလှောင်မှုနေရာလွတ် အလုံအလောက်မရှိပါက iCloud သည် ခေတ္တအရန်ကူးယူမှုပြီးမြောက်ရန် လုံလောက်သည့်သိုလှောင်မှုကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး သင်၏ iPhone ဝယ်ယူပြီး နောက်သုံးပတ်အထိ ခွင့်ပြုထားမည်။ သင်၏ ယခင်စက်ပစ္စည်းတွင် Settings > General > Transfer or Reset [device]ကိုသွားပါ။ Get Started ကိုနှိပ်ကာ မျက်နှာပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

  • သင်၏အန်းဒရွိုက်အကြောင်းအရာကိုပြောင်းရွှေ့လျှင်၊ သင်၏အန်းဒရွိုက်စက်ပစ္စည်း

သင်၏ iPhone ကိုဖွင့်၍ အစပျိုးလုပ်ဆောင်ခြင်း

  1. Apple အမှတ်တံဆိပ်ပေါ်လာသည်အထိ ဘေးခလုတ်ကို နှိပ်ပြီးဖိထားပါ။

    iPhone ၏ညာဘက်ခြမ်းရှိ ခလုတ်ကိုညွှန်ပြသော အစိမ်းရောင်မြားတစ်ခု။

    iPhone သည်မပွင့်လာပါက သင့်အနေဖြင့် ဘက်ထရီအားသွင်းရန်လိုအပ်နိုင်သည်။ အကူအညီထပ်မံရယူရန် Apple အထောက်အကူပြုဆောင်းပါးရှိ သင်၏ iPhone ပွင့်မလာပါက သို့မဟုတ် ရပ်နေလျှင်ကိုကြည့်ပါ။

    အကြံပြုချက် သင်မမြင်ရပါက သို့မဟုတ် အမြင်မသဲကွဲပါက၊ ဘေးခလုတ်ကိုသုံးခါနှိပ်ပါ (Face ID ပါသည့် iPhone တွင်) သို့မဟုတ် VoiceOver ၊ ဖန်သားပြင်ဖတ်စက် ကိုဖွင့်ရန် Home ခလုတ်ကိုသုံးခါနှိပ်နိုင်သည် (iPhone အခြားအမျိုးအစားများ)။ မြင်ကွင်းချုံ့ခြင်းချဲ့ခြင်းပြုလုပ်ရန်၊ လက်ချောင်းသုံးချောင်းနှင့်ဖန်သားပြင်ကိုလည်းနှစ်ခါနှိပ်ပါ။ အသုံးပြုရလွယ်သော လုပ်ဆောင်မှုများနှင့် စတင်ခြင်းကို ကြည့်ပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • Quick Start ကိုအသုံးပြုခြင်း၊ သင့်တွင်နောက်ထပ် iOS 11 ၊ iPadOS 13 သို့မဟုတ် နောက်ပိုင်းထွက်မော်ဒယ်ပါသော iPhone၊ iPad တို့ရှိလျှင်သင်၏စက်ပစ္စည်းအသစ်ကို အလိုအလျောက် အစပျိုးလုပ်ဆောင်ရန် Quick Start ကိုသုံးနိုင်သည်။ စက်ပစ္စည်းနှစ်ခုကို ကပ်လျက်ထား၍ သင်၏ချိန်ညှိမှုများ၊ နှစ်သက်ရာများနှင့် iCloud Keychain များစွာကို လုံခြုံစိတ်ချစွာ ကူးယူနိုင်ရန် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။ သင်၏iCloud အရန်ကူးယူမှုမှသင်၏စက်ပစ္စည်းအသစ်သို့ကျန်ရှိသည့်သင်၏အချက်အလက်နှင့်အကြောင်းအရာကိုပြန်လည်သိမ်းဆည်းနိုင်သည်။

      သို့မဟုတ်၊ စက်ပစ္စည်းနှစ်မျိုးလုံးတွင် iOS 12.4 ၊ iPadOS 13 ၊ သို့မဟုတ်နောက်ပိုင်းရှိပါက၊ သင်၏အသစ်သို့ယခင်စက်ပစ္စည်းမှအချက်အလက်အားလုံးကိုကြိုးမဲ့လွှဲပြောင်းနိုင်သည်။ သင်၏စက်ပစ္စည်းများကိုအချင်းချင်းအနီးကပ်ထားပြီးရွှေ့ပြောင်းလုပ်ငန်းပြီးစီးသည်အထိလျှပ်စစ်နှင့်ချိတ်ဆက်ထားပါ။

    • Manually စီမံခြင်း၊ သင့်တွင် အခြားစက်ပစ္စည်းမရှိလျှင် Set Up Without Another Device ကိုနှိပ်ပါ၊ ထို့နောက်ဖန်သားပြင်ပေါ်ရှိအစပျိုးလုပ်ဆောင်မှုများဆိုင်ရာညွှန်ကြားချက်များအတိုင်းလိုက်နာပါ။

အန်းဒရွိုက်စက်ပစ္စည်းတစ်ခုမှ iPhone သို့ ရွှေ့ပြောင်းခြင်း

အန်းဒရွိုက်စက်တစ်လုံးရှိပါက သင်၏ iPhone အသစ်ကို ပထမဆုံးစီမံသည့်အခါ Move to iOS အက်ပ်ဖြင့် သင့်အချက်အလက်ကို လွှဲပြောင်းနိုင်သည်။

မှတ်စု သင်သည် စနစ်ထည့်ခြင်း ပြီးစီးသွားသည့်နောက် Move to iOS ကို အသုံးပြုလိုပါက သင်၏ iPhone အတွင်းရှိအားလုံးကိုဖျက်ပစ်၍ အစမှပြန်စပါ သို့မဟုတ် သင်၏အချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျရွှေ့ပြောင်းပါ။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင်၏ အန်းဒရွိုက်စက်ပစ္စည်းမှ သင်၏ iPhone သို့မဟုတ် iPad ကိုယ်တိုင်ကိုယ်ကျရွှေ့ပြောင်းခြင်း ကိုကြည့်ပါ။

  1. သင်၏စက်ပစ္စည်းသည် အန်းဒရွိုက်ဗားရှင်း 4.0 သို့မဟုတ် နောက်ပိုင်းထွက်ဖြစ်လျှင် Apple အထောက်အကူပြုဆောင်းပါးရှိ အန်းဒရွိုက် မှ iPhone သို့မဟုတ် iPad သို့ရွှေ့ပြောင်းခြင်း ကိုဖတ်၍ Move to iOS အက်ပ်ကိုဒေါင်းလုတ်ဆွဲပါ။

  2. သင်၏iPhone တွင်၊ အောက်ပါတို့ကိုလုပ်ဆောင်ပါ၊

    • အစပျိုးလုပ်ဆောင်ခြင်းအထောက်အကူပြုနည်းအတိုင်း လုပ်ဆောင်ပါ။

    • Transfer Your Apps & Data ဖန်သားပြင်တွင် From Android ကိုနှိပ်ပါ။

  3. အန်းဒရွိုက်စက်ပစ္စည်းတွင်၊ အောက်ပါတို့ကိုလုပ်ဆောင်ပါ၊

    • Wi-Fi ဖွင့်ပါ။

    • Move to iOS အက်ပ်ကိုဖွင့်ပါ။

    • ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ၊

သတိပေးချက် ထိခိုက်ဒဏ်ရာမဖြစ်စေရန် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ကို iPhone အသုံးမပြုမီဖတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.