ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Maps နှင့်စတင်ခြင်း

Maps အက်ပ် သည် ဦးတည်ရာသစ်တစ်ခုဆီသွားရန် လမ်းညွှန်မှုများရယူသည့်အခါဖြစ်စေ၊ ဒေသန္တရစီးပွားရေးလုပ်ငန်းများကို ရှာဖွေလေ့လာသည့်အခါဖြစ်စေ၊ အကျွမ်းတဝင်မရှိသော နေရာဒေသများကို အချိန်နှင့်တစ်ပြေးညီ ယာဉ်ကြောနောက်ဆုံးအခြေအနေအသိပေးချက်များနှင့်တကွ စူးစမ်းကြည့်သည့်အခါဖြစ်စေ သင့်ဝန်းကျင်မှကမ္ဘာကြီးပေါ်သွားလာရန် ကူညီပေးသည်။

အိမ်၊ အလုပ် သို့မဟုတ် ကျောင်း လိပ်စာတခုခုကို သတ်မှတ်ရန် ရွေးချယ်စရာများပါသည့် Details ဖန်သားပြင်ကိုပြနေသည့် Maps အက်ပ်။

မိမိသွားနေကျလိပ်စာများကို သတ်မှတ်ထားပါ

မိမိအသွားအပြန်အများဆုံးနေရာများကို သိမ်းဆည်းထားခြင်းဖြင့် လမ်းညွှန်မှုများကို အမြန်ရယူပါ။ Library အောက်တွင် Add ခလုတ်ကိုနှိပ်ပါ။ ရှာဖွေမှုနေရာကိုနှိပ်ပါ၊ လိပ်စာကိုထည့်ပါ၊ ထို့နောက် ရလဒ်ကိုနှိပ်ပါ။ ၎င်းကို—အိမ်၊ အလုပ် သို့မဟုတ် ကျောင်း—ဟု အမျိုးအစားသတ်မှတ်ပါ၊ ထိုနောက် Done ကိုနှိပ်ပါ။

ဦးတည်ရာတစ်ခုတည်းသို့ မောင်းနှင်ရန် လမ်းကြောင်းရွေးချယ်စရာများစွာပါရှိသော မြေပုံကို ပြသသည့် iPhone တစ်လုံး။ လမ်းကြောင်းတစ်ခုစီသည် ခန့်မှန်းကြာချိန်နှင့် အကွာအဝေးကိုပြပြီး ဘယ်ကွေ့ညာကွေ့ လမ်းညွှန်ချက်များကို စတင်နိုင်မည့် Go ခလုတ်တစ်ခုကိုပြသည်။ လမ်းကြောင်းတစ်ခုစီရှိ အရောင်ကုဒ်များသည် ယာဉ်ကြောအခြေအနေများကို ညွှန်ပြသည်။

သက်သာစွာဖြင့် လမ်းညွှန်ခြင်း

သင်သည် မည်သည့်နေရာသို့ ဦးတည်သည်ဖြစ်စေ၊ ထိုနေရာသို့ မည်သည့်နည်းနှင့် သွားရောက်လိုသည်ဖြစ်စေ တစ်ဆင့်ပြီးတစ်ဆင့်ပြသည့်လမ်းညွှန်မှုများ ရယူပါ။ မြေပုံပေါ်ရှိတစ်နေရာရာကို ထိ၍ထိန်းထားပါ သို့မဟုတ် ရှာဖွေရေးကွက်လပ်အတွင်း တည်နေရာတစ်ခုကို ရိုက်ထည့်ပါ။ Directions သို့မဟုတ် ခရီးသွားမုဒ် ခလုတ် (Driving ခလုတ်Walking ခလုတ်Transit ခလုတ် သို့မဟုတ် Cycling ခလုတ်) ကို နှိပ်၍ ထိုနောက် Go ကိုနှိပ်ပါ။

အနီးနားရှိ ဝန်ဆောင်မှုများနှင့် မြို့လမ်းညွှန်များအတွက် ရှာဖွေမှုကွက်လပ်၊ အမျိုးအစားများကိုပြသော Maps အက်ပ်။ iPhone ဖန်သားပြင် စာရိုက်ခလုတ်ခုံသည် ဖန်သားပြင်၏ အောက်ခြေအစိတ်အပိုင်းတွင် ရှိသည်။

အနီးအနားတွင်ရှိသည်များကို ရှာဖွေလေ့လာခြင်း

မိမိအကျွမ်းတဝင်မရှိသော နေရာဒေသတစ်ခုသို့ ရောက်နေသည့်အခါ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့သော အနီးအနားရှိနေရာများကို ရှာပါ။ ရှာဖွေမှုအကွက်ကိုသာနှိပ်၍ စာရိုက်ထည့်ပါ၊ သို့မဟုတ်လျှင် စားသောက်ဆိုင်များကဲ့သို့သော Fine Nearby အောက်ရှိ အမျိုးအစားကဏ္ဍတစ်ခုကို နှိပ်ပါ။

ရွှေ့၍ရနိုင်သော 360-degree မြင်ကွင်းကျယ်တစ်ခုသည် Maps အက်ပ်ထဲရှိအမှတ်အသားပြုထားသည့် ထိုဧရိယာ၏ မြေပုံအပေါ်တွင် ပေါ်သည်။ Look Around သင်္ကေတသည် မြင်ကွင်း၏ဦးတည်ချက်ရှိ မြေပုံအမှတ်များပေါ်တွင် ထပ်နေမည်ဖြစ်သည်။

ကမ္ဘာကြီးကို အသေးစိတ်ကြည့်ရှုခြင်း

တည်နေရာပေါ် မူတည်ပြီး 360-degree ဖြင့် ၎င်းကို မြင်ကွင်းကျယ်ဖြင့် ကြည့်နိုင်ပါသည်။ ရွေးချယ်ထားသည့်မြို့များတွင် မြေပုံအောက်ခြေအနီးရှိ Look Around ခလုတ် ကိုနှိပ်ပါ။

ပိုမိုလေ့လာလိုပါသလား။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.