ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Safari ထဲတွင် သင်၏သတင်းအချက်အလက်များကို အလိုအလျောက်ဖြည့်စွက်ခြင်း

အကြွေးဝယ်ကတ်အချက်အလက်များ၊ ဆက်သွယ်ရန်အချက်အလက်များ၊ အသုံးပြုသူအမည်များနှင့် စကားဝှက်များကို ဖြည့်စွက်ရန် AutoFill ကိုအသုံးပြုပါ။

အရေးကြီးသော “Not Secure” သတိပေးချက်တစ်ခုနှင့် ဆိုက်များတွင် သင်၏ စကားဝှက် သို့မဟုတ် ခရက်ဒစ်ကတ်နံပါတ်ကို လုံးဝ မထည့်ပါနှင့်။ Apple အထောက်အကူပြု ဆောင်းပါးဖြစ်သည့် Safari နှင့် ရှာကြည့်စဉ် “Not Secure” သတိပေးချက်ကို တွေ့ရှိပါကကြည့်ပါ။

AutoFill ကိုစီမံခြင်း

အွန်လိုင်း လျှောက်လွှာများတွင် အလျင်အမြန်ဖြည့်စွက်နိုင်ရန်နှင့် ဝယ်ယူမှုများပြုလုပ်ရန် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် အကြွေးဝယ်ကတ်နံပါတ်ကို သင့် iPhoneတွင် သိမ်းဆည်းနိုင်သည်။

  1. Settings  > Apps > Safari ကိုသွားပါ။

  2. AutoFill ကို နှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှတစ်ခုခုကိုလုပ်ဆောင်ပါ၊

    • သင်၏ ဆက်သွယ်မှုအချက်အလက်ကိုစီမံခြင်း၊ Use Contact Info ကိုဖွင့်ပြီး My Info ကိုနှိပ်ပါ၊ ထို့နောက် သင့်၏ ဆယ်သွယ်မှုကတ်ကိုရွေးချယ်ပါ။ သင် Safariရှိ ဝက်ဘ်စာမျက်နှာများတွင် AutoFill ကိုနှိပ်သည့်အခါ ထိုကတ်မှ ဆက်သွယ်မှုအချက်အလက်ကို ထည့်သွင်းသည်။

    • အကြွေးဝယ်ကတ်အချက်အလက်ကိုစီမံခြင်း၊ Credit Cards ကိုဖွင့်ပြီး Saved Credit Cards ကိုနှိပ်ပါ၊ ထို့နောက် Add Credit Cardကိုနှိပ်ပါ။ သင်၏အကြွေးဝယ်ကတ်အချက်အလက်ကို ပံ့ပိုးပေးထားသည့် ကွက်လပ်များထဲသို့ ရိုက်ထည့်ပါ သို့မဟုတ် စာမရိုက်ဘဲ အချက်အလက်ထည့်သွင်းရန် Use Camera ကိုနှိပ်ပါ။

သင်၏ဆက်သွယ်ရန်အချက်အလက်များကို အလိုအလျောက်ဖြည့်စွက်ခြင်း

AutoFill ကို အသုံးပြု၍ သင်၏ အွန်လိုင်း လျှောက်လွှာတွင် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လျှင်မြန်စွာဖြည့်နိုင်သည်။

  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. AutoFill ကို ပံ့ပိုးပေးထားသည့် ဝက်ဘ်ဆိုက်က်တစ်ခုရှိ လျှောက်လွှာတစ်ခုတွင် ကွက်လပ်အလွတ်ကိုနှိပ်ပါ။

  3. စာရိုက်ခလုတ်ခုံအပေါ်ရှိ AutoFill Contact ကိုနှိပ်ပါ၊ ထို့နောက်အဆက်အသွယ်တစ်ခုကို ရွေးချယ်ပါ။

  4. ပြောင်းလဲမှုများပြုလုပ်ရန် မည်သည့်ကွက်လပ်တွင်မဆိုနှိပ်ပါ။

  5. လျှောက်လွှာကို တင်သွင်းရန် ဖန်သားပြင်လမ်းညွှန်ချက်များအတိုင်းဆောင်ရွက်ပါ။

မှတ်စု သင်၏အဆက်သွယ်စာရင်းမှ အခြားလူ၏ အချက်အလက်ကို ထည့်ရန် AutoFill ကိုအသုံးပြုနိုင်သည်။ ဥပမာ၊ သင်လက်ဆောင်တစ်ခုကို ဝယ်ယူပြီး သူငယ်ချင်းတစ်ယောက်ကိုပို့လျှင် သူတို့၏လိပ်စာကို ဖြည့်ရန် AutoFill ကိုသုံးနိုင်သည်။ AutoFill Contact ကိုနှိပ်ပြီး Other Contact ကိုနှိပ်ပါ၊ ထို့နောက် သူတို့၏အဆက်အသွယ်ကတ်ကို ရွေးချယ်ပါ။

သင်၏ ငွေပေးချေမှု အချက်အလက်များကို အလိုအလျောက်ဖြည့်စွက်ခြင်း

သင်၏အကြွေးဝယ်ကတ်ကို ထည့်ပြီးနောက် သို့မဟုတ် သင့် Wallet ထဲတွင် Apple Card သို့မဟုတ် Apple Cash ရှိလျှင် သင်၏ကတ်နံပါတ်အပြည့်အစုံကို ရိုက်မထည့်ဘဲ အွန်လိုင်း ဝယ်ယူမှုများပြုလုပ်ရန် AutoFill ကိုသုံးနိုင်သည်။

မှတ်စု Apple Cash ကို အက်ပ်များထဲတွင် သို့မဟုတ် Apple Pay လက်မခံနိုင်သေးသည့် ဝက်ဘ်ဆိုက်တွင် အသုံးပြုနိုင်သည်။ Wallet တွင် Apple Cash အသုံးပြုခြင်း ကို ကြည့်ပါ။

  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. ဝက်ဆိုဒ်တစ်ခုပေါ် ရှိ လျှောက်လွှာတစ်စောင်တွင် အကြွေးဝယ်ကတ်အချက်အလက် ကွက်လပ်ကိုနှိပ်ပါ။

  3. သင်အသုံးပြုချင်သည့် သိမ်းဆည်းထားသောကတ်ကို နှိပ်ပါ၊ သို့မဟုတ် အကြွေးဝယ်ကတ်ရဲ့အရှေ့ခြမ်းကို ဓာတ်ပုံရိုက်ရန် Scan Card ကိုနှိပ်ပါ။

    အကြံပြုချက် ကတ်အသစ်တစ်ခုကို ထည့်သွင်းပြီးနောက် ၎င်းကို Safari AutoFill တွင် သိမ်းဆည်းပြီး Wallet ထဲသို့ ထည့်နိုင်သည်။ Wallet တွင် Apple Pay ကိုထည့်သွင်းခြင်း ကိုကြည့်ပါ။

ငွေသိမ်းကောင်တာတွင် ကတ်ပေါ်တွင်မြင်ရသည့် နံပါတ်ကို အသုံးပြုနိုင်ပြီး သင်၏အကြွေးဝယ်ကတ်နံပါတ်ကို သီးသန့်သိမ်းထားနိုင်သည်။ Wallet တွင် Apple Pay ကိုထည့်သွင်းခြင်း ကိုကြည့်ပါ။ ကတ်ပေါ်တွင်မြင်ရသည့် နံပါတ်ကို ထည့်သွင်းပြီးနောက် ငွေသိမ်းကောင်တာတွင် ၎င်းကို အသုံးပြုရန် ဗာကျူရယ် နံပါတ် သင်္ကေတ ပါသည့်ကတ်တစ်ခုကိုနှိပ်ပါ။

သင်၏ စကားဝှက်ကို အလိုအလျောက် ဖြည့်ခြင်း

ဝဘ်ဆိုက်များနှင့် အက်ပ်များတွင် ဝန်ဆောင်မှုများအတွက် အကောင့်ဖွင့်သည့်အခါ iPhone သည် သင့်အကောင့်များစွာအတွက် ခိုင်မာသော စကားဝှက်များကို ဖန်တီးပြီး သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ခိုင်မာအားကောင်းသည့် လျှို့ဝှက်နံပါတ်များထဲတွင် အလိုအလျောက်ဖြည့်ခြင်းကို ကြည့်ပါ။

AutoFill ရွေးချယ်စရာများကို ပြောင်းခြင်း

အွန်လိုင်း လျှောက်လွှာများ ဖြည့်စွက်နိုင်ရန်နှင့် ဝယ်ယူမှုများပြုလုပ်ရန် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် အကြွေးဝယ်ကတ်နံပါတ်ကို သင့် iPhone တွင် ပြောင်းနိုင်သည်။

  1. Settings  > Apps > Safari ကိုသွားပါ။

  2. AutoFill ကို နှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှတစ်ခုခုကိုလုပ်ဆောင်ပါ၊

    • ဆက်သွယ်မှုအချက်အလက်များကို ပြောင်းခြင်း၊ My Info ကို နှိပ်ပါ၊ ထို့နောက် Safari ရှိ ဝက်ဘ်ပေ့ချ်များတွင် AutoFill ကို သင် နှိပ်လိုက်သည့်အခါ ပေါ်လာစေချင်သည့် အချက်အလက်များရှိသည့် အဆက်အသွယ်ကတ်တစ်ခုကို ရွေးချယ်ပါ။

    • ခရက်ဒစ်ကတ်အချက်အလက်ကို ပြောင်းခြင်း၊ Saved Credit Cards ကို နှိပ်ပါ၊ ထို့နောက် သင် ဝယ်ယူရာတွင် အသုံးပြုလိုသည့် ခရက်ဒစ်ကတ်ကို ရွေးချယ်ပါ (သို့မဟုတ် Add Credit Card ကို နှိပ်ပါ)။

AutoFill ကိုပိတ်ခြင်း

သင်၏ ဆက်သွယ်ရန်အချက်အလက်များ သို့မဟုတ် အကြွေးဝယ်ကတ်အချက်အလက်များနှင့် စကားဝှက်များအတွက် AutoFill ကိုပိတ်နိုင်သည်။ ၎င်းသည် သင်၏အဆက်အသွယ် သို့မဟုတ် အကြွေးဝယ်ကတ်အချက်အလက်ကို အဆင်သင့်မရနိုင်သေးသည့် အခြေအနေများတွင် အထောက်အကူဖြစ်သည်—ဥပမာ အခြားသူများနှင့် စက်ပစ္စည်းတစ်ကို မျှဝေထားလျှင်။

  • သင်၏ ဆက်သွယ်ရန်အချက်အလက်များ သို့မဟုတ် အကြွေးဝယ်ကတ်အချက်အလက်များအတွက် AutoFill ကိုပိတ်ရန်၊ Settings > Apps > Safari > AutoFillသို့သွားကာ ရွေးချယ်စရာတစ်ခုမဟုတ် တစ်ခုကိုပိတ်ပါ။

  • စကားဝှက်အတွက် AutoFill ကိုပိတ်ရန်၊ Settings > General > AutoFill & Passwords သို့သွားပါ၊ ထို့နောက် AutoFill Passwords နှင့် Passkeys ကိုပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.