ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ပေါ်ရှိ Camera Control အတွက် အသုံးပြုရလွယ်ကူသည့် ချိန်ညှိမှုများကို ညှိခြင်း

ပံ့ပိုးပေးထားသည့် အမျိုးအစားအားလုံးတွင် သင်သည် Camera Control ကို ညင်ညင်သာသာနှိပ်ရန် လိုအပ်သောဖိအား သို့မဟုတ် ၎င်းကိုနှစ်ကြိမ်ဆက်တိုက်ညင်ညင်သာသာနှိပ်ရန် လိုအပ်သောအမြန်နှုန်းအား ပြောင်းလဲနိုင်သည်။ Zoom သို့မဟုတ် Depth ကဲ့သို့သော ထိန်းချုပ်မှုများကို ဝင်ရောက်ရန် သင်အသုံးပြုသော လက်ဟန်ကိုလည်း ပြောင်းလဲနိုင်သည်၊ ၎င်းလက်ဟန်ကိုပိတ်နိုင်သည်၊ သို့မဟုတ် Camera Control တစ်ခုလုံးအားလည်း ပိတ်နိုင်သည်။

  1. Settings  > Accessibility > Camera Control ကိုသွားပါ။

  2. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • Camera Control တစ်ခုလုံးအားပိတ်ခြင်း၊ Camera Control ကိုပိတ်ပါ။

    • ထိန်းချုပ်မှုများကို ဝင်ရောက်ရန် ညင်သာစွာဖိသည့် လက်ဟန်ကိုအသုံးပြုခြင်း၊ Light-Press ကိုဖွင့်ပါ။ လက်ဟန်ကိုပိတ်ရန် ၎င်းကိုပိတ်လိုက်ပါ။

    • ထိန်းချုပ်မှုများကို ဝင်ရောက်ရန် ပွတ်ဆွဲသည့် လက်ဟန်ကိုအသုံးပြုခြင်း၊ Swipe ကိုဖွင့်ပါ။ လက်ဟန်ကိုပိတ်ရန် ၎င်းကိုပိတ်လိုက်ပါ။

    • Camera Control ကိုညင်ညင်သာသာနှိပ်ရန်လိုအပ်သော ဖိအားကိုချိန်ညှိခြင်း၊ Light Press Force အောက်ရှိ ခိုင်မာမှုရွေးချယ်စရာတစ်ခုကို ရွေးပါ။ သင်သတ်မှတ်လိုက်သော ဖိအားကိုစမ်းသပ်ကြည့်ရန် ထိုလက်ဟန်ကိုလေ့ကျင့်နိုင်သည်။

    • Camera Control ကို နှစ်ကြိမ်ဆက်တိုက်ညင်ညင်သာသာနှိပ်ရန် လိုအပ်သောအမြန်နှုန်းကိုချိန်ညှိခြင်း၊ Double Light-Press Speed အောက်တွင် နှစ်ကြိမ်ဆက်တိုက်ညင်ညင်သာသာနှိပ်ခြင်းအား iPhone မှ မှတ်မိစေရန်အတွက် သင်မည်မျှမြန်မြန်နှိပ်ရမည်ဆိုသည်ကိုရွေးပါ။

Magnifier အက်ပ်ကို ဖွင့်ရန် Camera Control ကိုလည်းစိတ်ကြိုက်ပြုလုပ်နိုင်သည်။ အခြားအက်ပ်တစ်ခုကိုဖွင့်ရန် Camera Control ကိုသုံးခြင်းကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.