ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Markup ဖြင့် စာရွက်စာတမ်းများတွင် ရေးသားခြင်းနှင့် ရေးဆွဲခြင်း

Notes နှင့် Photos ကဲ့သို့ ထောက်ပံ့ပေးထားသော အက်ပ်များတွင် သင့်စာရွက်စာတမ်းများအတွင်း ရေးဆွဲရန်နှင့် ရေးခြစ်ရန် Markup ကိရိယာများကို အသုံးပြုနိုင်သည်။ ဖန်သားပြင်ပုံရိပ်များ၊ PDF များ၊ စသည်တို့ကို မှတ်ချက်ပြုရန်လည်း Markup ကိရိယာများကို အသုံးပြုနိုင်သည်။

Notes အက်ပ်အတွင်း မှတ်စုတစ်ခု ပွင့်နေပြီး ဖန်သားပြင်အောက်ခြေတွင် Markup toolbar ပွင့်နေသည်။ Pen၊ Mono line၊ Marker၊ Eraser၊ Lasso၊ Ruler နှင့် Pencil ဟု ဘယ်မှညာသို့ ပြသနေသော Markup ကိရိယာများ၊ ၎င်းတို့နောက်တွင် Color Picker ခလုတ်နှင့် Add ခလုတ်တို့ ရှိသည်။

ရေးသားခြင်းနှင့် ရေးဆွဲခြင်း

  1. အထောက်အပံ့ပေးထားသည့် အက်ပ်တစ်ခုတွင် Markup ခလုတ် သို့မဟုတ် Markup ကိုနှိပ်ပါ။

  2. Markup ကိရိယာဘားတွင် ပင်န်၊ မာကာ သို့မဟုတ် ခဲတံကိရိယာကို နှိပ်ပါ၊ ပြီးလျှင် သင့်လက်ချောင်းဖြင့် စာရေးပါ သို့မဟုတ် ပုံဆွဲပါ။

    ရေးဆွဲနေစဉ်အတွင်း အောက်ပါတို့အနက်တစ်ခုခုကိုလုပ်ဆောင်ပါ၊

    • လိုင်းအထူကိုပြောင်းလဲခြင်း၊ ကိရိယာဘားတွင် ရွေးချယ်ထားသည့် ပုံဆွဲကိရိယာကိုနှိပ်၍ ရွေးချယ်စရာတစ်ခုကိုနှိပ်ပါ။

    • အလင်းပိတ်မှုကိုပြောင်းလဲခြင်း၊ ကိရိယာဘားတွင် ရွေးချယ်ထားသည့် ပုံဆွဲကိရိယာကိုနှိပ်၍ ဆလိုက်ဒါကိုဆွဲရွှေ့ပါ။

    • အရောင်ပြောင်းခြင်း၊ ကိရိယာဘားအတွင်း Color Picker ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် သင့်အရောင်ရွေးချယ်မှုကို ထပ်မံချိန်ညှိရန် Grid၊ Spectrum သို့မဟုတ် Sliders ကိုနှိပ်ပါ။

    • အရင်အတိုင်းပြန်လုပ်ရန်၊ Undo ခလုတ်ကိုနှိပ်ပါ။

    • မျဉ်းဖြောင့်တစ်ကြောင်းကိုဆွဲပါ၊ ကိရိယာဘားအတွင်းရှိ ပေတံကိုနှိပ်ပါ၊ထို့နောက်ပေတံအစွန်းတလျောက်မျဉ်းတစ်ကြောင်းဆွဲပါ။

      • ပေတံ၏ထောင့်ကိုပြောင်းလဲရန်လက်နှစ်ချောင်းနှင့်ပေတံထိ၍ကိုင်ထားကာ လက်ချောင်းများကို လှည့်ပါ။

      • ပေတံထောင့်ကိုပြောင်းလဲခြင်းမလုပ်ဘဲ၎င်းကိုရွေ့ရန်ပေတံကိုလက်တစ်ချောင်းဖြင့်ဆွဲပါ။

      • ပေတံကိုဝှက်ရန် ကိရိယာဘားရှိ ပေတံကိရိယာကိုထပ်နှိပ်ပါ။

  3. Markup ကိရိယာဘားကိုပိတ်ရန် Markup ခလုတ် သို့မဟုတ် Done ကိုနှိပ်ပါ။

အမှားတစ်ခုကိုဖျက်မည်

ထောက်ပံ့ပေးသည့်အက်ပ်အတွင်းမှ Markup ကိရိယာဘားအတွင်းရှိ ခဲဖျက်ကိရိယာကိုနှိပ်ပါ၊ ထို့နောက်အောက်ပါတို့အနက်တစ်ခုခုကိုလုပ်ပါ၊

  • ပစ်ဇယ်ခဲဖျက်ဖြင့် ဖျက်ခြင်း၊ အမှားအပေါ် သင့်လက်ချောင်းဖြင့် ပွတ်ဖျက်ပါ။

  • အရာဝတ္ထုခဲဖျက်ဖြင့် ဖျက်ခြင်း၊ အရာဝတ္ထုကို သင့်လက်ချောင်းဖြင့်ထိလိုက်ပါ။

  • ပစ်ဇယ်နှင့်အရာဝတ္ထုခဲဖျက်တို့ကြား ပြောင်းသုံးခြင်း၊ ခဲဖျက်ကိရိယာကို နောက်တစ်ကြိမ်နှိပ်ပါ၊ ပြီးလျှင် Pixel Eraser သို့မဟုတ် Object Eraser ကိုရွေးချယ်ပါ။

မှတ်စု Markup ကိရိယာဘားကိုမတွေ့ရပါက Markup ခလုတ် သို့မဟုတ် Markup ကိုနှိပ်ပါ။ ကိရိယာဘားကို အကျဉ်းချုံ့ထားပါက အကျဉ်းဗားရှင်းကို နှိပ်ပါ။

Markup အရာဝတ္ထုများကို ရွှေ့ခြင်း

  1. Markup ကိရိယာဘားအတွင်း လာဆိုကိရိယာ(ခဲဖျက်နှင့်ပေတံကိရိယာများကြားရှိ)ကိုနှိပ်ပါ၊ ပြီးလျှင် သင့်လက်ချောင်းကိုသုံး၍ သင်ရွှေ့လိုသည့်အစိတ်အပိုင်းများတဝိုက်ဆွဲရွှေ့ပါ။

    မှတ်စု ထောက်ပံ့ပေးသည့်အက်ပ်အတွင်း Markup ကိရိယာဘားကိုမတွေ့ရပါက Markup ခလုတ် သို့မဟုတ် Markup ကိုနှိပ်ပါ။ ကိရိယာဘားကို အကျဉ်းချုံ့ထားပါက အကျဉ်းဗားရှင်းကို နှိပ်ပါ။

  2. လက်ချောင်းကိုဖယ်လိုက်ပါ။

  3. ရွေးချယ်ထားသာအရာကို ထိ၍ တည်နေရာအသစ်သို့ ဆွဲပါ။

  4. lasso ကိုပိတ်ရန် ဖန်သားပြင်ကို နှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.