ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အဖွဲ့လိုက်ဓာတ်ပုံများကို ရှာဖွေခြင်း

ပုံများနှင့် ဗီဒီယိုများတွင် မကြာခဏ အတူတကွပါတတ်သော လူများနှင့် အိမ်မွေးတိရစ္ဆာန်များ၏ အုပ်စုများကို Photos အက်ပ်မှမှတ်သားထားကာ ၎င်းတို့အား အုပ်စုစုဆောင်းမှုများအဖြစ် အမျိုးအစားခွဲပေးသည်။ ဥပမာ၊ သင့်မိသားစု သို့မဟုတ် သူငယ်ချင်းများအုပ်စု၏ ပုံအများအပြားရှိပါက ၎င်းအုပ်စုများတစ်ခုချင်းစီအတွက် စုဆောင်းမှုတစ်ခုကို Photos မှဖန်တီးပေးသည်။

Photos အက်ပ်၏ People & Pets ကဏ္ဍထဲတွင် Groups သည်ပွင့်နေကာ ထိုအုပ်စုထဲတွင်ပါသော လူများ၏အမည်များဖြင့် အညွှန်းတပ်ထားသည့် စုဆောင်းမှုများစာရင်းတစ်ခုကို ပြသနေသည်။

အဖွဲ့လိုက်ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရှာဖွေခြင်း

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. People & Pets ကိုနှိပ်ပါ။

  3. Groups ၏အောက်တွင် အုပ်စုတစ်ခုကို ရှာဖွေရန်ပွတ်ဆွဲပါ၊ ထို့နောက် ထိုအုပ်စုနှင့်ရိုက်ထားသော သင့်ဓာတ်ပုံများအားလုံးကို ကြည့်ရန်အတွက် ၎င်းကိုနှိပ်ပါ။

    အကြံပြုချက် အုပ်စုဝင်များနှင့် အခြားသူများပါဝင်သော ဓာတ်ပုံများကိုကြည့်ရန် စစ်ထုတ်မှန်ပြား ခလုတ်ကိုနှိပ်ပါ၊ View Options ကိုနှိပ်ပါ၊ ထို့နောက် Include Other People ကိုနှိပ်ပါ။

အုပ်စုထဲတွင် ဓာတ်ပုံများကိုမျှဝေရန် More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Share Photos ကိုနှိပ်ပါ။

Group တစ်ခု ဖန်တီးခြင်း

People & Pets စုဆောင်းမှုမှ လူနှင့်အိမ်မွေးတိရစ္ဆာန်များ၏ မည်သည့်ပေါင်းစပ်မှုဖြင့်မဆို အုပ်စုတစ်ခုကို ဖန်တီးနိုင်သည်။

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. People & Pets ကိုနှိပ်ပါ။

  3. Groups ၏ညာဘက်ရှိ၊ Create ကိုနှိပ်ပါ။

  4. အုပ်စုထဲတွင် သင်ထည့်လိုသော လူနှင့်အိမ်မွေးတိရစ္ဆာန်များကို ရွေးချယ်ပါ၊ ထို့နောက် Add ကိုနှိပ်ပါ။

  5. ပုံသေအမည်ကိုနှိပ်ကာ ထိုအုပ်စုအတွက် စိတ်ကြိုက်အမည်တစ်ခုကို ရိုက်ထည့်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

အုပ်စုတစ်ခုအား ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်ခြင်း

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. People & Pets ကိုနှိပ်ပါ။

  3. Groups ၏အောက်တွင် သင်ပြင်ဆင်လိုသောအုပ်စုကို ထိ၍ဖိထားပါ၊ ထို့နောက် အောက်ပါတို့အနက်မှ နှစ်သက်ရာကိုပြုလုပ်ပါ၊

    • အုပ်စုကို အမည်ပြန်ပေးခြင်း၊ Edit Name and People ကိုနှိပ်ပါ၊ ထို့နောက် အမည်အသစ်တစ်ခုကို ရိုက်ထည့်ပါ။

    • လူများကို ထည့်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း၊ Edit Name and People ကိုနှိပ်ပါ။ တစ်စုံတစ်ယောက်ကို ဖယ်ရှားရန် ၎င်းတို့ပုံ၏ ဘယ်ဘက်အပေါ်ထောင့်ရှိ Remove ခလုတ် ကိုနှိပ်ပါ။ တစ်စုံတစ်ယောက်ကိုထည့်ရန် Add People & Pets ကိုနှိပ်ပါ။

    • အဖွဲ့ဓာတ်ပုံကိုပြင်ဆင်ခြင်း၊ Edit Name and People ကိုနှိပ်ပါ၊ ထို့နောက် Edit Key Photo ကိုနှိပ်ပါ။

    • အုပ်စုကိုဖျက်ခြင်း၊ Delete This Group ကိုနှိပ်ပါ။

အုပ်စုများ၏ အစဥ်ကိုပြောင်းလဲခြင်း

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. People & Pets ကိုနှိပ်ပါ။

  3. အုပ်စုတစ်ခုကိုထိ၍ထိန်းထားပါ၊ ထို့နောက်၎င်းကို နေရာသစ်တစ်ခုသို့ ဖိဆွဲသွားပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.