ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone သည်ဖန်သားပြင်၊ ရွေးချယ်ထားသည့်စာသားနှင့် တုံ့ပြန်မှုတို့ကိုပြောသည်ကိုကြားရခြင်း

VoiceOver ကိုပိတ်ထားလျှင်ပင်၊ ဖန်သားပြင်ပေါ်မှစာသားကို iPhone အားအသံထွက်ဖတ်စေနိုင်ပါသည်။ ဖန်သားပြင်တစ်ခုလုံး သို့မဟုတ် အသေးစိတ်ရွေးချယ်မှုတစ်ခုကို iPhoneအားဖတ်စေခြင်း။ သို့မဟုတ် သင်ရိုက်သောစာသားကို၊ အက္ခရာတစ်လုံးပြီးတစ်လုံး သို့မဟုတ် စာလုံးတစ်လုံံးပြီးတစ်လုံး၊ အသံထွက်ရွတ်ဆိုသည်ကိုနားထောင်ခြင်း။

ဖန်သားပြင်ပေါ်မှစာသားကို iPhone အားရွတ်ဖတ်စေခြင်း

  1. Settings  > Accessibility > Spoken Content ကိုသွားပါ။

  2. အောက်ပါတို့မှတစ်ခုကိုဖွင့်ပါ၊

    • ရွေးချယ်မှုကိုပြောဆိုရန်၊ သင်ရွေးချယ်သောစာသားကို iPhone အားရွတ်ဖတ်စေခြင်း

    • Speak ဖန်သားပြင်၊ ဖန်သားပြင်ပေါ်မှစာသားအားလုံးကို၊ ထိပ်ဆုံးမှစ၍ iPhone အားရွတ်ဖတ်စေခြင်း။

      Speak Screen ထိန်းချုပ်မှုများကို ဖန်သားပေါ်တွင်ဆက်ထားရန် Speech Controller ကိုဖွင့်ပါ။

      iPhoneမှ အသံထွက်ဖတ်သည့်အခါ ဦးစားပေးဖော်ပြထားသော စာလုံးများ သို့မဟုတ် စာကြောင်းများကိုပြရန် Highlight Contentကိုဖွင့်ပါ။

    • စာရိုက်ခြင်းတုံ့ပြန်မှုရွေးချယ်စရာများ သင်စာရိုက်နေစဥ်၊ iPhone အား အက္ခရာတစ်တစ်လုံးပြီး တစ်လုံး၊ စာလုံးတစ်လုံးပြီး တစ်လုံးနှင့်၊ စသည်တို့ကိုအသံထွက်ရွတ်ဖတ်စေခြင်း။

  3. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ရွေးချယ်ထားသောစာသားကိုနားထောင်ခြင်း (Speak Selectionကိုသင်ဖွင့်ထားခဲ့ပါက)၊ သင်အသံထွက်ဖတ်စေလိုသောစာသားကိုရွေးချယ်ပါ၊ ထို့နောက် Speakကိုနှိပ်ပါ။

    • ဖန်သားပြင်ပေါ်မှ စာသားအားလုံးကိုနားထောင်ခြင်း (Speak Selectionကိုသင်ဖွင့်ထားခဲ့ပါက)၊ ဖန်သားပြင်ထိပ်မှလက်ချောင်းနှစ်ချောင်းဖြင့်အောက်သို့ဆွဲချပါ။

      စကားပြောခြင်းကိုခေတ္တရပ်ရန်၊ စကားပြောနှုန်းကိုချိန်ညှိရန်၊ သင်နားထောင်လိုသောအကြောင်းအရာကို အရှေ့အနောက်ရှာဖွေရန်၊ သို့မဟုတ် Speak on Touch (iPhone ကို သင်ဖတ်လိုသောစာသားကိုနှိပ်ခြင်း) ကိုအသုံးပြုရန် ပေါ်လာသောထိန်းချုပ်ခလုတ်များကိုအသုံးပြုပါ။

    • သင်ရိုက်ထည့်သောအရာကို နားထောင်ခြင်း (စာရိုက်ခြင်းတုံ့ပြန်မှုရွေးချယ်စရာများကို သင်ဖွင့်ခဲ့ပါက)၊ စတင်စာရိုက်ခြင်း။

Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Speak screen” Siri အားအသုံးပြုပုံကိုလေ့လာခြင်း

စကားဖြင့်ပြောသော အကြောင်းအရာ၏ အသံထွက်ပုံကိုပြောင်းလဲခြင်း

  1. Settings  > Accessibility > Spoken Content ကိုသွားပါ။

  2. အောက်ပါတို့မှတစ်ခုခုကို ချိန်ညှိခြင်း၊

    • အသံများ၊ အသံနှင့်ဒေသိယစကားကိုရွေးချယ်ခြင်း။

    • စကားပြောနှုန်း၊ ဆလိုက်ဘားကို ဆွဲပါ။

    • အသံထွက်များ၊ စာပိုဒ်တချို့ကိုသင်ပြောဆိုလိုသည့်ပုံစံအတိုင်း အသံထွက်ပါ သို့မဟုတ် စာလုံးပေါင်းရွတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.