ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone သည်ဖန်သားပြင်၊ ရွေးချယ်ထားသည့်စာသားနှင့် တုံ့ပြန်မှုတို့ကိုပြောသည်ကိုကြားရခြင်း

VoiceOver ကိုပိတ်ထားလျှင်ပင်၊ ဖန်သားပြင်ပေါ်မှစာသားကို iPhone အားအသံထွက်ဖတ်စေနိုင်ပါသည်။ ဖန်သားပြင်တစ်ခုလုံး သို့မဟုတ် အသေးစိတ်ရွေးချယ်မှုတစ်ခုကို iPhoneအားဖတ်စေခြင်း။ သို့မဟုတ် သင်ရိုက်သောစာသားကို၊ အက္ခရာတစ်လုံးပြီးတစ်လုံး သို့မဟုတ် စာလုံးတစ်လုံံးပြီးတစ်လုံး၊ အသံထွက်ရွတ်ဆိုသည်ကိုနားထောင်ခြင်း။

ဖန်သားပြင်ပေါ်မှစာသားကို iPhone အားရွတ်ဖတ်စေခြင်း

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Accessibility ကိုနှိပ်ပါ၊ ထို့နောက် Read & Speak ကိုနှိပ်ပါ။

  3. ဖွင့်ပြီး အောက်ပါတို့အနက်မှ နှစ်သက်ရာကို စိတ်ကြိုက်ပြုပြင်ပါ၊

    • Accessibility Reader၊ Accessibility Reader ကိုဖွင့်ပြီး သင်သည် စာသားများကို ဖန်သားပြင်အပြည့် မြင်ကွင်းဖြင့် ဖတ်နိုင် သို့မဟုတ် နားထောင်နိုင်ပြီး စာလုံးအရွယ်အစားများ၊ အသွင်အပြင်များနှင့် နောက်ခံအရောင်များကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။ အကယ်၍ သင်သည် Accessibility Reader ကို စာသားကို အလိုအလျောက်ကျယ်လောင်စွာ ဖတ်စေလိုလျှင် Autoplay ကိုဖွင့်ပါ။

      အက်ပ်များထဲရှိ စာသားများကို iPhone တွင် Accessibility Reader ဖြင့် ဖတ်ခြင်း သို့မဟုတ် နားထောင်ခြင်း ကိုကြည့်ပါ။

    • Speak ဖန်သားပြင်၊ Speak Screen ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်တွင် စာသားများအားလုံးကို iPhone ဖတ်ရန် Speak Screen ကိုဖွင့်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာတစ်ခုကိုလုပ်ဆောင်ပါ၊

      အသားပေးဖော်ပြခြင်း၊ ကျယ်လောင်စွာ ဖတ်ရှုထားသည့် အက်ပ်တွင်းပါ စာသားအတွက် အသားပေးဖော်ပြထားသည့် ပုံစံ၊ အရောင်နှင့် ရွေးချယ်မှုကို စိတ်ကြိုက်ပြုပြင်ခြင်း။

      Show Controller၊ Speak Screen ထိန်းချုပ်မှုများကို ဖန်သားပေါ်တွင်ဆက်ထားရန် Show Controller ကိုဖွင့်ပါ။

      Controller လုပ်ဆောင်ချက်များ၊ သင်သည် ဖန်သားပြင်ကို အချိန်ကြာစွာဖိနှိပ်ထားသည့်အခါ သို့မဟုတ် နှစ်ချက်ခေါက်သည့်အခါ ဖြစ်လာမည့်အရာကိုရွေးပါ။ ထို့အပြင် စကားပြောထိန်းချုပ်ခလုတ်အရွယ်အစားကိုလည်း သင် အသုံးမပြုသည့်အခါတွင် လျှော့ချထားနိုင်ပါသည်။

    • ရွေးချယ်မှုကိုပြောဆိုရန်၊ သင်ရွေးချယ်သောစာသားကို iPhone အားရွတ်ဖတ်စေရန် Speak Selection ကိုဖွင့်ပါ။ ကျယ်လောင်စွာ ဖတ်ရှုထားသည့် အက်ပ်တွင်းပါ စာသားအတွက် အသားပေးဖော်ပြထားသည့် ပုံစံ၊ အရောင်နှင့် ရွေးချယ်မှုကို စိတ်ကြိုက်ပြုပြင်ခြင်း။

  4. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ရွေးချယ်ထားသောစာသားကိုနားထောင်ခြင်း (Speak Selectionကိုသင်ဖွင့်ထားခဲ့ပါက)၊ သင်အသံထွက်ဖတ်စေလိုသောစာသားကိုရွေးချယ်ပါ၊ ထို့နောက် Speakကိုနှိပ်ပါ။

    • ဖန်သားပြင်ပေါ်မှ စာသားအားလုံးကိုနားထောင်ခြင်း (Speak Selectionကိုသင်ဖွင့်ထားခဲ့ပါက)၊ ဖန်သားပြင်ထိပ်မှလက်ချောင်းနှစ်ချောင်းဖြင့်အောက်သို့ဆွဲချပါ။

      စကားပြောခြင်းကိုခေတ္တရပ်ရန်၊ စကားပြောနှုန်းကိုချိန်ညှိရန်၊ သင်နားထောင်လိုသောအကြောင်းအရာကို အရှေ့အနောက်ရှာဖွေရန်၊ သို့မဟုတ် Speak on Touch (iPhone ကို သင်ဖတ်လိုသောစာသားကိုနှိပ်ခြင်း) ကိုအသုံးပြုရန် ပေါ်လာသောထိန်းချုပ်ခလုတ်များကိုအသုံးပြုပါ။

Siri၊ “Speak screen.” ကဲ့သို့ တစ်ခုခုကို Siri ကိုမေးပါ။ Siri အားအသုံးပြုပုံကိုလေ့လာခြင်း

စကားဖြင့်ပြောသော အကြောင်းအရာ အသံထွက်ပုံကိုပြောင်းလဲခြင်း

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Accessibility ကိုနှိပ်ပါ၊ Read & Speak ကိုနှိပ်ပါ။

  3. အောက်ပါတို့မှတစ်ခုခုကို ချိန်ညှိခြင်း၊

    • အသံများ၊ အသံနှင့်ဒေသိယစကားကိုရွေးချယ်ခြင်း။

    • ပုံသေ ဘာသာစကား၊ iPhone ပြောဆိုမည့် ပုံသေဘာသာစကားကို ရွေးချယ်ပါ။

    • ထောက်လှမ်းမိသည့် ဘာသာစကားများ၊ iPhone သည် ဘာသာစကားများစွာကို အလိုအလျောက် ထောက်လှမ်းမိပြီး စကားပြောနိုင်စေရန် Detect Languages ကိုဖွင့်ပါ။

    • စကားပြောနှုန်း၊ ဆလိုက်ဘားကို ဆွဲပါ။

    • အသံထွက်များ၊ စာပိုဒ်တချို့ကိုသင်ပြောဆိုလိုသည့်ပုံစံအတိုင်း အသံထွက်ပါ သို့မဟုတ် စာလုံးပေါင်းရွတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.