ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Health တွင် သင်၏ Health Details ကိုဖြည့်ခြင်း

သင်၏အတွေ့အကြုံကို ကိုယ်ပိုင်ဟန်လုပ်ရန် သင့်အမည်၊ မွေးနေ့၊ ကျား/မ၊ သွေးအမျိုးအစားနှင့် အခြားအခြေခံ အချက်အလက်များကို Health Details သို့ ထည့်သွင်းပါ။ ပထမဆုံးရှေးဦးပြုစုမည့်သူများနှင့် အခြားကျန်းမာရေးဆိုင်ရာအရေးပေါ်ကိစ္စများတွင် အခြားသူများကိုကူညီရန် ကျန်းမာရေးအခြေအနေများ၊ ဆေးဝါးများ၊ ဓာတ်မတည့်ခြင်း၊ သွေးအမျိုးအစားများ၊ အရေးပေါ် အဆက်အသွယ်များအစရှိသည့် သတင်းအချက်အလက်များပါဝင်သည့် Medical ID တစ်ခုကိုဖန်တီးပါ။ Healtht အက်ပ် အကူအညီဖြင့် သင့်ကျန်းမာရေးကိုပိုကောင်းစီမံရန် Health Checklist ကို အခါအားလျော်စွာ ပြန်လည်ဆန်းစစ်ပါ။

Health Details ဖန်သားပြင်ကိုဖြည့်ခြင်း

သင် Health ကို ပထမဆုံးဖွင့်သည့်အခါ သင့်အခြေခံကျန်းမာရေးအချက်အလက်ကိုမေးမည်။ တောင်းခံထားသည့်အချက်အလက်အားလုံးကို သင်မပံ့ပိုးလျှင်နောက်ပိုင်းတွင် ၎င်းကို Health Details ဖန်သားပြင်ပေါ်တွင် ထည့်နိုင်သည်။

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. Summary ကိုနှိပ်ပါ၊ ထို့နောက် ညာဘက်ထိပ်ရှိ သင့်ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို နှိပ်ပါ။

  3. Health Details ကိုနှိပ်၍ Edit ကိုနှိပ်ပါ။

    အမည်၊ မွေးနေ့၊ သွေးအမျိုးအစားနှင့် အခြားအချက်အလက်များအတွက် နယ်ပယ်များပါဝင်သည့် Health Details ဖန်သားပြင်။
  4. ပြောင်းလဲမှုတစ်ခုပြုလုပ်ရန် ကွက်လပ်တစ်ခုကိုနှိပ်ပါ။

  5. ပြီးဆုံးပါက Done ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် ထွက်ရန် အောက်သို့ဆွဲချပါ။

Medical ID တစ်ခုဖန်တီးခြင်း

ပထမဆုံးရှေးဦးပြုစုမည့်သူများနှင့် အခြားသူများသည် သင့် iPhone သော့ပိတ်ထားလျှင်တောင်မှ သင်နှင့်ပတ်သက်သည့်အရေးကြီးသည့် ကျန်းမာရေးသတင်းအချက်အလက်များကို သင့် Medical ID တွင်ကြည့်ရှုနိုင်သည်။ သင့် Medical ID ကို စီမံလုပ်ဆောင်ခြင်းနှင့် ကြည့်ရှုခြင်း ကိုကြည့်ပါ။

မွေးနေ့၊ ဆေးဝါးများ၊ ဓာတ်မတည့်မှုများ၊ အရေးပေါ်ဆက်သွယ်မှု အချက်အလက်များ နှင့်ဆေးဘက်ဆိုင်ရာအခြေအနေများပါနေသည့် Medical ID ဖန်သားပြင်တစ်ခု။

သင်၏ Health Checklist ကို ပြန်လည်ဆန်းစစ်ခြင်း

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. Summary ကိုနှိပ်ပါ၊ ထို့နောက် ညာဘက်ထိပ်ရှိ သင့်ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို နှိပ်ပါ။

  3. Health Checklist ကိုနှိပ်ပါ။

  4. စာရင်းအတွင်းရှိ အရာတစ်ခုကိုဖွင့်ရန် သို့မဟုတ် ပိုမိုသိရှိရန် ၎င်းကိုနှိပ်ပါ။

  5. ပြီးဆုံးပါက Done ခလုတ်ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.