iPhone ရှိ Preview တွင် စာသားများနှင့် စာရွက်စာတမ်းများကို စကင်န်ဖတ်ခြင်း

PDF တစ်ခုဖန်တီးရန် စာသား သို့မဟုတ် စာရွက်စာတမ်းတစ်ခုကို သင် စကင်န်ဖတ်နိုင်ပါသည်။

  1. သင်၏ iPhone ရှိ Preview အက်ပ် သို့သွားပါ။

  2. Scan Documents ကိုနှိပ်ပါ။

  3. ဖန်သားပြင်တွင် စာသား သို့မဟုတ် စာရွက်စာတမ်း ပေါ်လာစေရန် iPhone ကင်မရာကိုနေရာမှန်ချထားပါ။

    iPhone သည် ထိုစာမျက်နှာကို အလိုအလျောက် ရိုက်ကူးပေးပါသည်။ ထိုစကင်ဖတ်ထားခြင်းကို အလိုအလျောက်မဟုတ်ဘဲ သင်ကိုယ်တိုင်ကိုယ်ကျရိုက်ချင်လျှင် Auto (Manual သို့ပြေားသည့် အညွှန်း) ကိုနှိပ်ပါ၊ ထို့နောက် Shutter ခလုတ်ကိုနှိပ်ပါ။

  4. နောက်ထပ်စာမျက်နှာများကို စကင်န်ဖတ်ရန် အထက်ပါအဆင့်များတိုင်း ထပ်လုပ်ပါ။

  5. ထိုစကင်န်ကို ဖြတ်တောက်ရန်၊ လှည့်ရန် သို့မဟုတ် အရောင်ကိုချိန်ညှိရန် ဖန်သားပြင်အောက်ခြေရှိ ပုံအသေးများကိုနှိပ်ပါ။

  6. သင် စကင်န်ဖတ်၍ပြီးဆုံးပါက Done ခလုတ် ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.