ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကို အရန်ကူးယူထားခြင်း

iCloud သို့မဟုတ် သင်၏ကွန်ပျူတာကိုအသုံးပြု၍ iPhone ကို အရန်ကူးယူထားနိုင်သည်။ သင့်အတွက်မည်သည့်နည်းလမ်းသည်အကောင်းဆုံးဆိုသည်ကိုဆုံးဖြတ်ရန် iPhone၊ iPad နှင့် iPod touch အတွက် အရန်ကူးယူမှုများအကြောင်း ကိုကြည့်ပါ။

အကြံပြုချက် သင်၏ iPhone ကိုအစားထိုးပါက၊ သင့်ဖုန်းအသစ်ထံသို့ သတင်းအချက်အလက်ကိုပြောင်းရွှေ့ရန် အဆိုပါအရန်ကူးယူမှုကို အသုံးပြုနိုင်သည်။ အရန်ကူးယူမှုမှ iPhone သို့အကြောင်းအရာအားလုံးကိုပြန်လည်ရယူခြင်း ကိုကြည့်ပါ။

iCloud ကိုသုံး၍ iPhone ကို အရန်ကူးယူထားခြင်း

iCloud အရန်ကူးယူမှုများသည် iCloud နှင့် ပုံမှန်ကိုက်ညီထားခြင်းမရှိသည့် သင့်စက်ပစ္စည်းပေါ် ရှိ အချက်အလက်များနှင့် ချိန်ညှိမှုများကို သိမ်းဆည်းပေးသည်။ ၎င်းထဲတွင် စက်ပစ္စည်းချိန်ညှိမှု၊ Home ဖန်သားပြင်အသွင်အပြင်နှင့် အက်ပ်စီစဥ်ဖွဲ့စည်းခြင်းတို့ပါဝင်သည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iCloud အရန်ကူးယူမှုက ဘာလုပ်ပေးသလဲ ကိုကြည့်ပါ။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. [your name] ကိုနှိပ်ပါ၊ iCloud ကိုနှိပ်ပါ၊ ထို့နောက် iCloud Backup ကိုနှိပ်ပါ။

  3. Back Up This iPhone ကိုဖွင့်ပါ။

    iPhone ကိုမီးပလပ်ပေါက်နှင့်ချိတ်ဆက်သည့်အခါ သော့ပိတ်သည့်အခါနှင့် Wi-Fi ချိတ်ဆက်ထားသည့်အခါ သင်၏ iPhone ကို iCloud မှအလိုအလျောက် အရန်ကူးယူပေးသည်။

    မှတ်စု 5G ထောက်ပံ့ပေးသည့်မော်ဒယ်များတွင် သင့်မိုဘိုင်းအင်တာနက်ကွန်ရက်ကို အသုံးပြု၍ iPhone ကို အရံကူးယူရန် သင့်အော်ပရေတာက ရွေးချယ်စရာပေးထားနိုင်သည်။ Settings > [your name] > iCloud > iCloud Backup သို့သွား၍ Back Up Over Cellular ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

  4. ကိုယ်တိုင်အရန်ကူးယူမှုကိုဆောင်ရွက်ရန် Back Up Now ကိုနှိပ်ပါ။

သင်၏ iPhone ကို iCloud ဖြင့် အရန်ထားရှိရာတွင် အကူအညီလိုအပ်ပါက Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iCloud သို့ သင်အရန်ကူးယူမထားနိုင်လျှင်ကိုကြည့်ပါ။

ရရှိနိုင်သည့် iCloud သိုလှောင်မှုကိုကြည့်ပါ

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. [your name]ကိုနှိပ်ပါ၊ ထို့နောက် iCloud ကိုနှိပ်ပါ။

    iCloud သိုလှောင်မှုအသုံးပြုထားသည့် ပမာဏနှင့် iCloud သိုလှောင်မှုရရှိနိုင်သည့် ပမာဏသည် ဖန်သားပြင်အောက်ခြေတွင် ပေါ်မည်။

iCloud သိုလှောင်မှုကိုစီမံခြင်း

နောက်ဆုံးအရန်ကူးယူထားမှု၊ နောက်ထပ်အရန်ကူးယူမှုပမာဏနှင့် အရန်ကူးယူမှုတွင်ပါဝင်သည့် အက်ပ်များကဲ့သို့ iCloud သိုလှောင်မှုများအကြောင်းအသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. [your name]ကိုနှိပ်ပါ၊ ထို့နောက် iCloud ကိုနှိပ်ပါ။

  3. iCloud Backup ကိုနှိပ်ပါ၊ ထို့နောက် သင်၏ iPhone (This iPhone) ကိုနှိပ်ပါ။

  4. အရန်ကူးယူမှုတစ်ခု၏ပမာဏကိုလျှော့ချရန် အရန်ကူးယူမှု နောက်ထပ်မပြုလုပ်ချင်သည့် အက်ပ်များကို နှိပ်ပါ- ၎င်းသည် iCloudမှ ထိုအက်ပ်ရှိနေသော အရန်ကူးယူမှုကိုလည်း ဖျက်မည်ဖြစ်သည်။

ပိုမိုသိရှိလိုပါက Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင်၏ iCloud သိုလှောင်မှုကိုစီမံခြင်းကိုကြည့်ပါ။

သင်၏ Mac ကိုသုံး၍ iPhone ကိုအရန်ကူးယူခြင်း

သင်၏ iPhone ၏ အရန်ကူးယူမှုတစ်ခုကို သင်၏ Mac တွင် သိမ်းထားနိုင်ပါသည်။

  1. အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း

  2. သင်၏Mac ရှိ Finder ဘေးဘက်တန်းတွင်၊ iPhone ကိုရွေးချယ်ပါ။

    သင်၏iPhone ကိုအရန်ကူးယူမည့် Finder ကိုသုံးရန် macOS 10.15 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများလိုအပ်သည်။ macOS ၏အစောပိုင်းဗားရှင်းများနှင့်အတူ၊ သင်၏ iPhone ကိုအရန်ကူးယူရန် iTunes ကိုသုံးပါ။

  3. Finder မျက်နှာပြင် ထိပ်ရှိ၊ General ကိုနှိပ်ပါ။

  4. “Back up all of the data on your iPhone to this Mac” ကိုရွေးချယ်ပါ။

  5. သင်၏အရန်ကူးယူမှုအချက်အလက်ကိုသိမ်းဆည်းရန်နှင့် ၎င်းကိုလျှို့ဝှက်ကုဒ်နှင့်အတူကာကွယ်ရန်၊ “Encrypt local backup” ကိုရွေးချယ်ပါ။

  6. Back Up Now ကိုနှိပ်ပါ။

မှတ်စု iPhone ကို သင်၏ကွန်ပျူတာသို့ ကြိုးမဲ့ချိတ်ဆက်၍လည်းရနိုင်သည်။ သင်၏ iPhone နှင့် အခြားစက်ပစ္စည်းများကို ချိန်ကိုက်ခြင်း ကိုကြည့်ပါ။

သင်၏ Windows စက်ပစ္စည်းကိုသုံး၍ iPhone ကိုအရန်ကူးယူခြင်း

  1. အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း

  2. သင်၏ Windows စက်ပစ္စည်းရှိ iTunes အက်ပ်စ်တွင်၊ iTunes window ၏ဘယ်ဘက်ထိပ်အနီးရှိ iPhone ခလုတ်ကိုနှိပ်ပါ။

  3. Summary ကိုနှိပ်ပါ။

  4. Back Up Now ကိုနှိပ်ပါ (Backups အောက်တွင်)။

  5. သင်၏အရန်ကူးယူမှုများကို သိမ်းဆည်းရန် “Encrypt local backup” ကိုရွေးချယ်၍ လျှို့ဝှက်ကုဒ်တစ်ခုကိုရိုက်ကာ Set Password ကိုနှိပ်ပါ။

သင်၏ကွန်ပျူတာတွင် အရန်ကူးယူမှုများကိုကြည့်ရန် Edit > Preferences ကိုရွေးချယ်ကာ Devices ကိုနှိပ်ပါ။ သိမ်းဆည်းထားသည့် အရန်ကူးယူမှုများတွင် အရန်ကူးယူမှုများစာရင်းတွင် သော့ခတ်ထားသောပုံစံ တစ်ခုရှိသည်။

မှတ်စု iPhone ကို သင်၏ကွန်ပျူတာသို့ ကြိုးမဲ့ချိတ်ဆက်၍လည်းရနိုင်သည်။ သင်၏ iPhone နှင့် အခြားစက်ပစ္စည်းများကို ချိန်ကိုက်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.