ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် သင်၏ Wallet & Apple Pay ချိန်ညှိမှုများကို ပြောင်းခြင်း

Settings ထဲတွင် Wallet အက်ပ်  နှင့် Apple Pay အတွက် ဦးစားပေးများကို သင်ကြိုက်နှစ်သက်သလို ပြင်ဆင်နိုင်သည်။

သင်၏ Wallet & Apple Pay ချိန်ညှိမှုများကို စိတ်ကြိုက်ပြင်ဆင်ခြင်း

  1. သင့် iPhone တွင် Settings အက်ပ်  ကိုသွားပါ။

  2. Wallet & Apple Pay ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာတစ်ခုကို လုပ်ပါ၊

Apple Pay အတွက် သင်၏ပုံသေထားမည့်ကတ်၊ လိပ်စာနှင့် နှစ်သက်သည့်အရာများကို ပြောင်းလဲခြင်း

  1. သင့် iPhone တွင် Settings အက်ပ်  ကိုသွားပါ။

  2. Wallet & Apple Pay ကိုနှိပ်ပါ၊ ထို့နောက် Apple Pay Defaults ကိုနှိပ်ပါ။

  3. အောက်ဖော်ပြပါတို့မှ မည်သည်ကိုမဆို ရွေးချယ်သတ်မှတ်ပါ၊

    • ငွေအသွင်းအထုတ် ပုံသေလုပ်ဆောင်မှုများ၊ ပုံသေကတ်၊ သင်၏ ပေးပို့ရမည့်လိပ်စာ၊ အီးမေးလ်နှင့် ဖုန်းနံပါတ်ကို ထည့်သွင်းပါ။

    • ရရှိနိုင်သော ငွေပေးချေမှုနည်းလမ်းများ၊ Pay Later၊ Rewards၊ Offers နှင့် တခြား Pay Later Options ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း။

    • Mac ပေါ်တွင် ငွေပေးချေမှုများကို ခွင့်ပြုရန်၊ သင်၏အနီးအနားရှိ Mac တွင်ငွေပေးချေမှုများကို အတည်ပြုရန် သင်၏ iPhone ရှိ Apple Pay ကိုအသုံးပြုပါ။

    • ဘေးခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်ပါ၊ (Face ID ပါသည့် iPhone တွင်) ဘေးဘက်ခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်သည့်အခါ ဖန်သားပြင်တွင် သင်၏ကတ်များနှင့် ဘဏ်ငွေစာရင်းများသည် ပေါ်လာသည်။

    • Home ခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်ပါ၊ (Home ခလုတ်ပါသည့် iPhone တွင်) Home ခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်သည့်အခါ ဖန်သားပြင်တွင် သင်၏ကတ်များနှင့် ဘဏ်ငွေစာရင်းများ ပေါ်လာသည်။

အခြားစက်ပစ္စည်းများတွင်ရှိသော ဘဏ်ငွေစာရင်းများကို အချိန်နှင့်တစ်ပြေးညီပြောင်းလဲမွမ်းမံပါ

  1. သင့် iPhone တွင် Settings အက်ပ်  ကိုသွားပါ။

  2. သင်၏နာမည်ကိုနှိပ်ပါ၊ iCloud ကိုနှိပ်ပါ၊ ထို့နောက် Wallet ကိုဖွင့်ပါ။

iPhone ပိတ်ထားစဥ် ဘဏ်စာရင်းများကို ဝင်ခွင့်ပြုခြင်း

  1. သင့် iPhone တွင် Settings အက်ပ်  ကိုသွားပါ။

  2. Face ID & Passcode သို့မဟုတ် Touch ID & Passcode ကိုနှိပ်ပါ၊ ထို့နောက် Wallet (Allow Access When Locked အောက်ရှိ)ကိုဖွင့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.