ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် သင်၏ Safari ချိန်ညှိချက်များကို စိတ်တိုင်းကျပြုပြင်ခြင်း

သင်၏ အစစာမျက်နှာကို စိတ်တိုင်းကျပြုပြင်နိုင်မည့်အပြင် ဝက်ဘ်ဆိုက်များရှိစာလုံးအရွယ်အစားကို ပြုပြင်နိုင်ပြီး ပြသမှုနှင့် သီးသန့်ချိန်ညှိချက်များကို ပြောင်းလဲနိုင်သည်။ သင်၏ Apple စက်ပစ္စည်းအားလုံးရှိ iCloud ကို Apple Account တစ်ခုတည်းဖြင့် အကောင့်ဝင်ရောက်ထားလျှင် အခြားစက်ပစ္စည်းများတွင် ဖွင့်ထားသော စာမျက်နှာများကိုပါ ကြည့်နိုင်ပြီး မှတ်သားထားသောဝက်ဘ်စာမျက်နှာများ၊ ရှာဖွေမှုမှတ်တမ်းနှင့် ဖတ်ရှုစာရင်းတို့ကို ဖွင့်ထားနိုင်မည်။

သင်၏ ကနဦးစာမျက်နှာကို စိတ်တိုင်းကျပြင်ဆင်ခြင်း

စာမျက်နှာအသစ်ကို ဖွင့်သည့်အခါ သင်၏ ကနဦးစာမျက်နှာတွင်စတင်ပါ။ သင်၏ကနဦးစာမျက်နှာကို နောက်ခံရုပ်ပုံများနှင့် ရွေးချယ်စရာတို့ဖြင့် စိတ်တိုင်းကျပြင်ဆင်နိုင်သည်။

အနှစ်သက်ဆုံးဝက်ဘ်ဆိုက်များ၊ Privacy Report နှင့် Reading List တွင် သိမ်းဆည်းထားသည့်ဝက်ဘ်ဆိုက်များကို ပြသသည့် Safari မှ ကနဦးစာမျက်နှာ။
  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် New Tab ကိုနှိပ်ပါ။

    သင်၏ တက်ဘ်များအသွင်အပြင်သည် အောက်ခြေ သို့မဟုတ် အပေါ်ဘက်ဖြစ်ပါက Tabs ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Add ခလုတ်ကိုနှိပ်ပါ။ Safari ထဲတွင် အပြင်အဆင်ကို ပြောင်းလဲခြင်းကိုကြည့်ပါ။

  3. စာမျက်နှာ၏ အောက်ခြေသို့ ဆွဲချကာ Edit ကိုနှိပ်ပါ။

  4. သင်၏ အစစာမျက်နှာတွင် ပေါ်ချင်သည့် ရွေးချယ်စရာများကို ရွေးချယ်ခြင်း၊

    • စက်ပစ္စည်းအားလုံးတွင် Start Page ကိုအသုံးပြုရန်၊ Apple Accountတစ်ခုတည်းသို့ အထောက်အထားနှစ်ရပ် အတည်ပြုချက် ကို အသုံးပြုပြီး ဝင်ရောက်ထားပြီး စက်ပစ္စည်းများအားလုံးတွင် Use Start Page ကို ဖွင့်ထားလျှင် သင်၏ Apple စက်ပစ္စည်းများအားလုံးတွင် အဆိုပါချိန်ညှိမှုများကို သုံးနိုင်သည်။

    • Tab Group Favorites၊ သင်၏မှတ်သားထားသော အနှစ်သက်ဆုံးဝက်ဘ်ဆိုက်များသို့ အလွယ်သုံးပုံစံများကို လက်ရှိ Tab Group တွင် ပြသပါ။ Tab Group အသစ်တစ်ခု ဖန်တီးခြင်း ကိုကြည့်ပါ။

    • စိတ်ကြိုက်များ၊ သင်၏မှတ်သားထားသော အနှစ်သက်ဆုံးဝက်ဘ်ဆိုက်များသို့ အလွယ်ရောက်သင်္ကေတများပြသစေပါ။ အကြိုက်ဆုံး ဝက်ဘ်ဆိုက်တစ်ခုကို အမှတ်အသားပြုခြင်း ကိုကြည့်ပါ။

    • အကြံပြုမှုများ၊ သင် ဝင်ရောက်ကြည့်ရှုမှုအများဆုံး ဝက်ဘက်ဆိုက်များ၊ တခြားအက်ပ်များဖြင့် မျှဝေထားသည့် ဝက်ဘက်ဆိုက်များ (Calendar နှင့် Maps ကဲ့သို့) နှင့် သင့်ကို Messages၊ Mail အစရှိသည်တို့ဖြင့် မျှဝေပေးထားသည့် လင့်ခ်များကို ကြည့်ပါ။ သင်နှင့်မျှဝေထားသည့် လင်ခ့်များကိုရှာပါကိုကြည့်ပါ။

    • သီးသန့်ထိန်းသိမ်းမှုအစီရင်ခံချက်၊ သင့်ကို ခြေရာမခံစေရန် Safari ပိတ်ဆို့ထားသော ခြေရာခံစနစ်များနှင့် ဝက်ဘ်ဆိုက်များ မည်မျှရှိကြောင်း အချိန်နှင့်တစ်ပြေးညီ တင်ပြစေပါ။ သီးသန့်တည်ရှိမှုဆိုင်ရာအစီရင်ခံချက်ကိုကြည့်ခြင်း ကိုကြည့်ပါ။

    • ဖတ်ရှုနေသည့်စာရင်း၊ သင့် Reading Listထဲရှိ ဝက်ဘ်စာမျက်နှာများကို ပြပါ။ လက်ရှိ ဝက်ဘ်စာမျက်နှာကို သင့် Reading List ထဲသို့ထည့်သွင်းခြင်း ကိုကြည့်ပါ။

    • မကြာသေးခင်ကပိတ်ထားသော တက်ဘ်များ၊ သင် မကြာသေးခင်ကပိတ်ထားသော တက်ဘ်များကို ပြန်သွားခြင်း။

    • iCloud စာမျက်နှာများ၊ Apple Account တစ်ခုတည်းသို့ ဝင်ရောက်ထားသော အခြား Apple စက်ပစ္စည်းများမှ စာမျက်နှာများကိုဖွင့်၍ iCloud ချိန်ညှိချက်များ သို့မဟုတ် နှစ်သက်သောပြင်ဆင်မှုတွင် Safari ပွင့်နေမည်။ Tab Groups နှင့် သင်၏ တက်ဘ်များကို စုစည်းခြင်း ကိုကြည့်ပါ။

    • နောက်ခံပုံရိပ်၊ ဤ Tab Group ထဲတွင် စာမျက်နှာတစ်ခုကို ဖွင့်သည့် အချိန်တိုင်းတွင် နောက်ခံတွင် သင်ပေါ်ချင်သော ပုံကို ရွေးချယ်ပါ။ သင်၏ နောက်ခံအဖြစ် ဓာတ်ပုံတစ်ပုံကို အသုံးပြုရန် Select Image from Libraryကိုနှိပ်ပါ။

Page စာရင်းကို စိတ်ကြိုက်ပြင်ဆင်ခြင်း

သင် ကြိုက်သည့် Page နှင့် Tab Actions ကို Page စာရင်း သို့ ပေါင်းထည့်နိုင်သည်။

  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. ရှာဖွေကွက်လပ်၏ ဘယ်ဘက်ခြမ်းရှိ Page Menu ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် More ခလုတ် ကိုနှိပ်ပါ။

  3. Edit ကို နှိပ်ပါ၊ ထို့နောက် Page မီနူးသို့ Page သို့မဟုတ် Tab Actions ပေါင်းထည့်ရန် Insert ခလုတ် ကိုနှိပ်ပါ။

    လုပ်ဆောင်ချက်တစ်ခုကို ဖယ်ရှားရန် Remove ခလုတ် ကိုနှိပ်ပါ။

  4. Done ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Done ခလုတ် ထပ်ပြီးနှိပ်ပါ။

ဝက်ဘ်ဆိုက်တစ်ခုအတွက် စာသား အရွယ်အစားကို ပြောင်းလဲခြင်း

Page Menu ခလုတ်ကိုအသုံးပြု၍ စာလုံးအရွယ်အစားကို ကြီးနိုင်ခြင်း သို့မဟုတ် သေးနိုင်ခြင်းလုပ်နိုင်သည်။

  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. ရှာဖွေမှုကွက်လပ်၏ ဘယ်ဘက်ခြမ်းရှိ Page Menu ခလုတ် ကိုနှိပ်ပါ။

  3. စာလုံးအရွယ်အစားကိုကြီးရန် A အကြီးကိုဖြစ်စေ သို့မဟုတ် အရွယ်အစားသေးရန် A အသေးကိုဖြစ်စေ နှိပ်ပါ။

ဝက်ဘ်ဆိုက်တစ်ခုအတွက် ပြသပုံ ထိန်းချုပ်ခလုတ်များကို ပြောင်းလဲခြင်း

ရှာဖွမှုကွက်လပ်ကို ဝှက်ခြင်း၊ Reader ကိုပြောင်းလဲခြင်းစသည်တို့ကို လုပ်ဆောင်နိုင်သည်။

  1. သင့် iPhone ရှိ Safari အက်ပ် ကိုသွားပါ။

  2. Page Menu ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာတစ်ခုကို လုပ်ဆောင်ပါ၊

    • ရှာဖွေကွက်လပ်ကိုဝှက်ခြင်း၊ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Hide Toolbar ကိုနှိပ်ပါ (ယင်းကိုပြန်လည်ရရှိရန် ဖန်သားပြင်အောက်ကိုနှိပ်ပါ)။

    • ဝက်ဘ်စာမျက်နှာ၏ ပြေပြစ်သည့် မြင်ကွင်းကို ကြည့်ခြင်း၊ Show Reader (ရနိုင်လျှင်)ကိုနှိပ်ပါ။

      ပုံမှန်မြင်ကွင်းကို ပြန်ပြောင်းရန် Page Menu ခလုတ် ကို နှိပ်ပါ၊ ထို့နောက် Hide Reader ကိုနှိပ်ပါ။

    • စားပွဲတင် ကွန်ပျူတာပေါ်တွင် ဝက်ဘ်စာမျက်နှာဖြစ်မည့်ပုံစံကို ကြည့်ပါ၊ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Request Desktop Website ကိုနှိပ်ပါ (ရနိုင်ပါက)။

    • ဝက်ဘ်စာမျက်နှာ၏ အကျဥ်းချုပ်တစ်ခုကိုကြည့်ခြင်း၊ Apple Intelligence* ကိုဖွင့်ထားလျှင် Summarize ကိုနှိပ်ပါ။ ဝက်ဘ်စာမျက်နှာတစ်ခုကို အကျဥ်းချုပ်ခြင်း ကိုကြည့်ပါ။

Accessibility ချိန်ညှိမှုများရှိ Safari ချိန်ညှိမှုများတွင်လည်း ချိန်ညှိနိုင်သည်။ Settings  > Accessibility > Per-App Settings ကိုသွားပါ။ ချိန်ညှိမှုများကို ချိန်ညှိရန် Safari ကိုနှိပ်ပါ။ Safari ကို စာရင်းမလုပ်ထားပါက Add App ကိုနှိပ်ပါ၊ ထို့နောက် ၎င်းကိုပေါင်းထည့်ရန် Safari ကိုနှိပ်ပါ။

ဒေါင်းလုတ်များကို သိမ်းဆည်းရန်နေရာကို ရွေးချယ်ခြင်း

Safari တွက် ဖိုင်တစ်ဖိုင်ကို ဒေါင်းလုတ်လုပ်သည့်အခါ ၎င်းကို iCloud တွင် သိမ်းမည်လား သို့မဟုတ် သင်၏ iPhone တွင် သိမ်းမည်လားကို ရွေးချယ်နိုင်သည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Apps ကိုနှိပ်ပါ၊ ထို့နောက် Safari ကိုနှိပ်ပါ။

  3. Downloads ကို နှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာကို ရွေးချယ်ပါ၊

    • iCloud Drive၊ iCloud Drive ရှိ Downloads ဖိုင်တွဲကို ဒေါင်းလုတ်များ သိမ်းရန် ဤရွေးချယ်မှုကို ရွေးချယ်ပါ။ ဤအရာသည် Apple Accountတစ်ခုတည်းသို့ ဝင်ထားသည့် မည်သည့် iPhone၊ iPad၊ သို့မဟုတ် Mac တွင်မဆို ဒေါင်းလုတ်လုပ်ထားသော ဖိုင်ကိုဝင်ရန် ခွင့်ပြုသည်။

    • My iPhoneတွင်၊ သင်၏ iPhone ရှိ Downloads ဖိုင်တွဲကို ဒေါင်းလုတ်များ သိမ်းရန် ဤရွေးချယ်မှုကို ရွေးချယ်ပါ။

    • အခြား၊ Downloads နေရာမှလွဲ၍ တည်နေရာတစ်ခုတွင် ဒေါင်းလုတ်များကို သိမ်းရန် ဤနည်းလမ်းကို ရွေးချယ်ပါ။

အဖွဲ့တစ်ဖွဲနှင့် ဝက်ဘ်ဆိုက် စကားဝှက်များကို မျှဝေခြင်း

ယုံကြည့်ရသည့် အဆက်အသွယ်များကို အဖွဲ့တစ်ဖွဲ့ ဖွဲ့နိုင်ပြီး စကားဝှက်တစ်စုံကို မျှဝေနိုင်သည်။ စကားဝှက်များသည် အဖွဲ့ရှိလူတိုင်းအတွက် အချိန်နှင့် တစ်ပြေးညီးဖြစ်နေပြီး တစ်စုံတစ်ဦးကို အချိန်မရွေး ဖယ်ရှားနိုင်သည်။

လျှို့ဝှက်နံပါတ်များ သို့မဟုတ် လျှို့ဝှက်ကုဒ်များကို သင်ယုံကြည်ရသူများနှင့် မျှဝေခြင်းကို ကြည့်ပါ။

ကိုယ်ရေးကိုယ်တာသီးသန့် ချိန်ညှိမှုကို ညှိခြင်း

Safari တွင် သင်အလိုရှိသော မည်သည့်ကိုယ်ရေးကိုယ်တာချိန်ညှိမှုများကိုမဆို ရွေးချယ်နိုင်ပြီး ဝက်ဘ်ဆိုက်များအတွက် ခြွင်းချက်တစ်ခုစီကို ဖန်တီးနိုင်သည်။ သီးသန့် ကြည့်ရှုခြင်း ကိုကြည့်ပါ။

*Apple Intelligence သည် beta တွင်ရနိုင်ပြီး အောက်ပါ ဘာသာစကားများအတွက် ပံ့ပိုးပေးပါသည်၊ အင်္ဂလိပ်၊ ဒန်းနစ်ရှ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ တူရကီ၊ တရုတ် (Simplified)၊ တရုတ် (Traditional)၊ ဂျပန်၊ ကိုရီယား သို့မဟုတ် ဗီယက်နမ်။ အချို့သောလုပ်ဆောင်ချက်များကို ဘာသာစကားအားလုံး သို့မဟုတ် ဒေသများအားလုံးတွင် ရရှိနိုင်မည်မဟုတ်ပါ။ အင်္ဂါရပ်များနှင့် ရရှိနိုင်သည့် ဘာသာစကားနှင့် စနစ်လိုအပ်ချက်များအတွက်အချက်အလက်များပိုမိုသိလိုပါက Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple Intelligence ရယူနည်း ကိုကြည့်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.