ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Screen Time ဖြင့် ဖုန်းခေါ်ဆိုမှုနှင့်မက်ဆေ့ချ်များအားလုံးကို ပိတ်ပင်ခြင်း

သတ်မှတ်ထားသော အဆက်အသွယ်များထံမှ ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့များကို ခွင့်ပြုခြင်း သို့မဟုတ် ပိတ်ပင်ခြင်း

iCloud ထဲရှိ အချို့သော အဆက်အသွယ်များထံမှ—ဖုန်းခေါ်ဆိုမှုများ၊ FaceTime ခေါ်ဆိုမှုများ၊ မက်ဆေ့ချ်များ၊ အဝင်နှင့်အထွက် ဖုန်းခေါ်ဆိုမှုများ အပါအဝင်—ဆက်သွယ်ချက်များကို အချိန်တိုင်းဖြစ်စေ သတ်မှတ်ကာလအတွင်းတွင်ဖြစ်စေ ခွင့်ပြုနိုင်သည် သို့မဟုတ် ပိတ်ဆို့ထားနိုင်သည်။

အကယ်၍ သင်သည် iCloud ရှိ Contacts ကို မဖွင့်ထားရသေးပါက Settings  > [your name] > iCloud ကို သွားပါ၊ Saved to iCloud ဘေးရှိ See All ကိုနှိပ်ပါ၊ ထို့နောက် Contacts ကိုဖွင့်ပါ။

  1. သင့် iPhone တွင် Settings အက်ပ်  ကိုသွားပါ။

  2. Screen Time ကိုနှိပ်ပါ။

    သင့်ကလေးအတွက် ထိုလုပ်ဆောင်ချက်ကိုဖွင့်ထားလိုပါက သင့်ကလေးနာမည်ကိုနှိပ်ပါ။

  3. Communication Limits ကိုနှိပ်ပါ၊ During Screen Time ကိုနိပ်၍ အချိန်တိုင်းဆက်သွယ်မှုများ( အနားယူချိန်အတွင်းထက်) အတွက်အောက်ပါတို့မှ တစ်ခုကို ရွေးပါ၊

    • အဆက်အသွယ်များသာ၊ သင့်အဆက်အသွယ်များနှင့်သာဆက်သွယ်မှုကို ခွင့်ပြုရန်။

    • Least One Contact ရှိ Contacts & Groups၊ သင့်အဆက်အသွယ်များမှလူများနှင့် တစ်ဦးချင်းစကားပြောဆိုမှုများနှင့် သင့်အဆက်အသွယ်များမှ အနည်းဆုံးလူတစ်ဦးပါဝင်သည့် အဖွဲ့လိုက်စကားပြောဆိုမှုများကိုသာ ခွင့်ပြုရန်။

    • လူတိုင်းသည်၊ ဘယ်သူဘယ်ဝါမသိသောဖုန်းနံပါတ်များအပါအဝင် မည်သူနှင့်မဆို အပြန်အလှန်ပြောဆိုနိုင်ရန်။

  4. ဘယ်ဘက်ထိပ်ရှိ Back ကိုနှိပ်၍ During Downtime ကိုနှိပ်ပါ။

    အဆင့် 3 အတွင်း (During Screen Time အတွက်) သင်ရွေးချယ်ထားသည့် ရွေးချယ်မှုကို သတ်မှတ်ထားပြီးဖြစ်ပါသည်။ ထိုချိန်ညှိမှုကို Specific Contacts သို့ပြောင်းနိုင်သည်၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပါ၊

    • From My Contacts ကိုရွေးချယ်ခြင်း၊ အနားယူချိန်အတွင်း လက်ရှိအဆက်အသွယ်များနှင့်ဆက်သွယ်မှုကို ခွင့်ပြုရန်။

    • New Contact ထည့်သွင်းခြင်း၊ အနားယူချိန်အတွင်း ၎င်းတို့နှင့် အပြန်အလှန်ပြောဆိုခွင့်ရသော အဆက်အသွယ်တစ်ခုကို ထည့်ပါ။

သင့် Communication Limit ချိန်ညှိမှုများတွင် လက်ရှိတားမြစ်ပိတ်ဆို့ထားသည့် တစ်စုံတစ်ယောက်မှ သင့်ထံ ဖုန်း ခေါ်ဆိုရန် သို့မဟုတ် မက်ဆေ့ချ်တစ်စောင်ပို့ရန် ကြိုးစားလာလျှင် ၎င်းတို့၏ ဆက်သွယ်ချက်များ ရောက်ရှိလာမည်မဟုတ်ပါ။

သင့် Communication Limit ချိန်ညှိမှုများတွင် လက်ရှိတားမြစ်ပိတ်ဆို့ထားသည့် အဆက်အသွယ်တစ်ခုထံသို့ ခေါ်ဆိုရန် သို့မဟုတ် မက်ဆေ့ချ်တစ်စောင်ပို့ရန် သင်ကြိုးစားလျှင် သူတို့နာမည် သို့မဟုတ် နံပါတ်များသည် သင့်လက်ရှိခေါ်ဆိုမှုစာရင်း သို့မဟုတ် မက်ဆေ့ချ်ထဲတွင် အနီရောင်ဖြင့် ပေါ်လာမည်ဖြစ်ပြီး သင့်ဆက်သွယ်ချက်အောင်မြင်မည် မဟုတ်ပါ။ အပြန်အလှန်ပြောဆိုခွင့်အချိန်ပြောင်းလဲသွားသည့်အခါ ၎င်းတို့နှင့် အပြန်အလှန်ပြောဆိုနိုင်သည်။ အဆိုပါကန့်သတ်ချက်ကို အနားယူချိန်အတွက်သာ သတ်မှတ်ထားလျှင် Time Limit မက်ဆေ့ချ်တစ်စောင် သင်ရလိမ့်မည်။ အနားယူချိန်ပြီးသွားသည့်အခါ အဆိုပါအဆက်အသွယ်နှင့် သင်ပြန်လည် ဆက်သွယ်မှုပြုလုပ်နိုင်မည်။

သင့် Communication Limit ချိန်ညှိမှုများဖြင့် တားမြစ်ပိတ်ဆို့ထားသည့် အဆက်အသွယ်များနှင့် ပြန်လည်ဆက်သွယ်နိုင်ရန် အထက်တွင်ပြထားသည့်အဆင့်များအတိုင်း ၎င်းချိန်ညှိမှုများကို ပြောင်းလဲပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.