ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဓာတ်ပုံစုစည်းမှုကို အမျိုးအစားခွဲခြား၍ စစ်ထုတ်ခြင်း

မိမိရှာဖွေမည့် ဓာတ်ပုံနှင့်ဗီဒီယိုများကို ရှာတွေ့ရေး အကူအညီဖြစ်စေရန် ဓာတ်ပုံစုစည်းမှုထဲရှိ ပါရှိအခြင်းအရာများ အမျိုးအစားခွဲစဉ်ပုံကို အပြောင်းအလဲလုပ်နိုင်ကာ အလိုရှိရာ ပါရှိအခြင်း အရာများကိုသာပြစေရန် ဓာတ်ပုံစုစည်းမှုကို စစ်ထုတ်မှုလုပ်နိုင်ပြီး ထိုထိုသော ပါရှိအခြင်းအရာများကို ဝှက်ထားနိုင်သည်။

ဓာတ်ပုံစုစည်းမှုကို အမျိုးအစားလိုက်စီခြင်း

ဓာတ်ပုံစုစည်းမှုထဲရှိ ပါရှိအခြင်းအရာများကို ၎င်းတို့အားထည့်သွင်းသည့်ရက်စွဲ သို့မဟုတ် ရိုက်ယူခဲ့သည့်ရက်စွဲအားဖြင့် အမျိုးအစားအလိုက်ခွဲခြားနိုင်သည်။

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. Sort and Filter ခလုတ်ကိုနှိပ်ပါ၊ ထိုနောက် အောက်ပါရွေးချယ်စရာများထဲမှတစ်ခုကို ရွေးပါ၊

    • မကြာသေးမီကထည့်သွင်းထားခြင်းဖြင့် အမျိုးအစားခွဲခြားခြင်း၊ လတ်တလောအဖြစ်ဆုံး သင်ထည့်ခဲ့သည့် ဓာတ်ပုံနှင့်ဗီဒီယိုများသည် စုစည်းမှု ၏အောက်ခြေတွင်ပေါ်သည်။

    • ရိုက်ယူသည့်ရက်စွဲဖြင့် အမျိုးအစားခွဲခြားခြင်း၊ ဓာတ်ပုံနှင့်ဗီဒီယိုများကို ဓာတ်ပုံစုစည်းမှုထဲထည့်သွင်းသည့်ရက်စွဲအစား ၎င်းတို့အားရိုက်ယူခဲ့သည့်ရက်စွဲဖြင့် အမျိုးအစားခွဲခြားထားသည်။

စုစည်းမှုကို စစ်ထုတ်ခြင်း

အယ်လ်ဘမ်တစ်ခုတွင်ပါမနေသော—ဗီဒီယိုများ၊ အနှစ်သက်ဆုံးများ သို့မဟုတ် အယ်လ်ဘမ်ထဲတွင်မပါသည်များကဲ့သို့—သီးခြားအမျိုးအစားများနှင့် ယာယီဝှက်ထားသည့် တခြားအရာမျိုးကိုသာ ပြသရန် သင့် ဓာတ်ပုံစုစည်းမှုတွင် စစ်ထုတ်ချက်များ သင်အသုံးပြုထားနိုင်ပါသည်။

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. Sort and Filter ခလုတ် ကိုနှိပ်ပြီးနောက် Filter ကိုနှိပ်ပါ။

  3. ထို့နောက် သင် အသုံးပြုလိုသော စစ်ထုတ်မှုကိုနှိပ်ပါ။

    အကြံပြုချက် စစ်ထုတ်မှန်ပြားအများအပြားကို တစ်ပြိုင်နက်အသုံးပြုနိုင်သည်။ ဥပမာ၊ မိမိတည်းဖြတ်ထားသောဓာတ်ပုံများကိုသာ ကြည့်ရန် Photos and Edited ကိုနှိပ်ပါ။

  4. စစ်ထုတ်မှန်ပြားများကိုဖယ်ရှားက စုစည်းမှု အပြည့်သို့ပြန်သွားရန် All Items ကိုနှိပ်ပါ။

ဖန်သားပြင်ပုံရိပ်ဖမ်းယူချက်များ၊ သင်၏ Mac မှ အမျိုးအစားများနှင့် သင်နှင့်မျှဝေထားသည့် အမျိုးအစားများကို ဝှက်ခြင်း

ပုံသေအားဖြင့် ဖန်သားပြင်ပုံရိပ်ဖမ်းယူချက်များ၊ သင်၏ Mac မှ ချိန်ကိုက်ယူထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများ၊ Messages အက်ပ်တွင် သင်နှင့်မျှဝေထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများသည် သင်၏ ဓာတ်ပုံစုစည်းမှုထဲတွင် အလိုအလျောက်ပေါ်လာသည်။ ရှုပ်ပွနေမှုကို လျှော့ချရန် ထိုအရာများကို ဝှက်ထားနိုင်သည်။

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. Sort and Filter ခလုတ် ကိုနှိပ်ပြီးနောက် View Options ကိုနှိပ်ပါ။

  3. သင်၏ ဓာတ်ပုံစုစည်းမှုထဲရှိ အဆိုပါအမျိုးအစားများကို ဝှက်ထားရန် Screenshots၊ From My Mac သို့မဟုတ် Shared with You ကိုနှိပ်ပါ။ ၎င်းတို့ကို ဝှက်ထားခြင်းဆက်မလုပ်တော့ရန် အဆိုပါနည်းလမ်းကို ထပ်ပြီးနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.