ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်ရာသီဥတုကိုစစ်ဆေးခြင်း

သင်၏လက်ရှိတည်နေရာ ရာသီဥတုကို စစ်ဆေးကြည့်ပါ။ နာရီအလိုက်မိုးလေဝသအခြေအနေနှင့် 10 ရက်စာ မိုးလေဝသအခြေအနေတို့ကို ကြည့်ရှုနိုင်သလို ပြင်းထန်သော ရာသီဥတုအခြေအနေ အစရှိသည်တို့ကိုကြည့်ခြင်း။

ဖန်သားပြင်ထိပ်မှ အောက်ခြေအထိပြထားသော တည်နေရာ၊ လက်ရှိနေ့အပူချိန်၊ တစ်နေ့တာ အမြင့်ဆုံးနေ့အပူချိန်နှင့် အနိမ့်ဆုံးနေ့အပူချိန်၊ နာရီအလိုက်မိုးလေဝသခန့်မှန်းချက်နှင့် 10 ရက်စာ မိုးလေဝသခန့်မှန်းချက်တို့ကို ပြသထားသည့် Weather အက်ပ်။ အောက်ခြေအလယ်တွင် အစက်တန်းတစ်ခုက တည်နေရာစာရင်းထဲရှိ တခြားတည်နေရာများကို ကိုယ်စားပြုထားသည်။ အောက်ခြေညာထောင့်တွင် Location List ခလုတ်ရှိပြီး အောက်ခြေဘယ်ထောင့်မှာ Show Map ခလုတ်ရှိသည်။

မှတ်စု Weather အက်ပ်တချို့လုပ်ဆောင်ချက်များ—ပြင်းထန်သည့် မိုးလေဝသသတိပေးချက်များ၊ လေထုအရည်အသွေး၊ နောက်တစ်နာရီကြာ ပမာဏနှင့် သတင်းများကဲ့သို့—ကို နိုင်ငံများနှင့် ဒေသများအားလုံးတွင် မရနိုင်ပါ။ Weather အက်ပ်အတွက် အချက်အလက်အရင်းအမြစ်များအကြောင်း လေ့လာသိရှိရန် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Weather အက်ပ်တွင် ရရှိနိုင်သော အင်္ဂါရပ်များနှင့် အချက်အလက်အရင်းအမြစ်များကိုကြည့်ပါ။

သင် မစတင်မီ

Weather သည် သင်၏လက်ရှိတည်နေရာအတွက် မိုးလေဝသခန့်မှန်းချက်များရရှိရန် Location Services ကို အသုံးပြုပါသည်။ မိုးလေဝသအခြေအနေကို ပိုမိုတိကျစေရန် Precise Location ကိုဖွင့်ထားနိုင်ပါသည်။

  1. Settings > Privacy & Security > Location Services > Weather သို့သွားပါ။

  2. Precise Location ကိုဖွင့်ပါ။

ပြည်တွင်းမိုးလေဝသကြိုတင်ခန့်မှန်းချက်နှင့် အခြေအနေများကိုစစ်ဆေးခြင်း

  1. သင့် iPhone ရှိ Weather အက်ပ် ကိုသွားပါ။

    သင်၏လက်ရှိတည်နေရာအတွက် အချက်အလက်အသေးစိတ်ကို ပြသထားသည်။ ရာသီဥတုသင်္ကေတများကို လေ့လာခြင်း ကိုကြည့်ပါ။

    သင်သိချင်သည့်တည်နေရာအတွက် အသေးစိတ်အချက်အလက်ကို သင်မမြင်ရလျှင် Location List ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် My Location သို့မဟုတ် တခြားတည်နေရာကိုနှိပ်ပါ။

  2. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • နာရီအလိုက်ကြိုတင်ခန့်မှန်းမှုတွင် မတူညီသည့် အချိန်များကို ကြည့်ခြင်း၊ နာရီအလိုက်ပြသမှုကို ဘယ် သို့မဟုတ် ညာဘက်သို့ ဆွဲပါ။

      မှတ်စု လေထုအခြေအနေသည် ထိုတည်နေရာအတွက် သီးခြားအဆင့်တစ်ခု ရောက်ရှိလာသည့်အခါ လေထုအရည်အသွေးတိုင်းတာမှုကို နာရီအလိုက်မိုးလေဝသခန့်မှန်းချက်၏ အပေါ်တွင် ဖော်ပြသည်။ တချို့အရပ်ဒေသများအတွက်မူ လေထုအခြေအနေတိုင်းတာချက်များသည် နာရီအလိုက်မိုးလေဝသခန့်မှန်းချက်အပေါ်၌ ပေါ်နေမည်။

    • ဆီးနှင်းကျနိုင်ခြေ၊ အပူချိန်အမြင့်နှင့် အနိမ်အစရှိသည်တို့ကိုကြည့်ခြင်း၊ နာရီအလိုက်ကြိုတင်ခန့်မှန်းချက်ကိုနှိပ်ပါ၊ ထို့နောက် ပြထားသော မိုးလေဝသအခြေအနေကို ပြောင်းရန် Chart Condition ခလုတ် ကိုနှိပ်ပါ။

      အကြံပြုချက် ရှေ့ရက်များအတွက် တူညီသော သတင်းအချက်အလက်များကို ကြည့်ရန် ဘယ်ဘက်သို့ ပွတ်ဆွဲပါ။

    • ရာသီဥတုဆိုင်ရာ အသေးစိတ်ထပ်မံကြည့်ခြင်း၊ အသေးစိတ်အချက်အလက်ပါဝင်သည့် တည်နေရာတစ်ခုချင်းစီ၏ ရာသီဥတုဆိုင်ရာစာမျက်နှာထဲတွင် ဖြစ်နိုင်ခြေရှိသည့် ပြင်းထန်ရာသီဥတုသတိပေးချက်များ၊ ရာသီဥတုနှင့်ဆိုင်သည့် သတင်းများ၊ လေထုအရည်အသွေး၊ UV ညွှန်းကိန်း၊ လေ၊ မြင်နိုင်စွမ်း၊ လထွက်မှုအဆင့်များအစရှိသည်တို့ ပါဝင်ပါသည်။

      ဆီးနှင်းကျခြင်း သို့မဟုတ် တချို့သော ပြင်းထန်သည့် ရာသီဥတုဖြစ်စဥ်များနှင့်ပတ်သက်ပြီး အကြောင်းကြားချက်များရရှိရန် ရာသီဥတုဆိုင်ရာအကြောင်းကြားချက်များကို စီမံခြင်းကိုကြည့်ပါ။

      အကြံပြုချက် ယနေ့ အပူချိန် သို့မဟုတ် ယခင်မှတ်တမ်းရှိပျမ်းမျှနှင့် နှိုင်းယှဥ်လျှင် ဆီးနှင်းကျသည့်အခြေအနေနှင့် ပတ်သက်သည့်အချက်အလက်များ ပိုမိုကြည့်နိုင်ရန် Averages ရာသီဥတုကိုနှိပ်ပါ။

      ထိပ်တွင် တည်နေရာနှင့်အတူ လက်ရှိနေ့အပူချိန်နှင့် မိုးလေဝသအခြေအနေကိုပြထားသည့် Weather ဖန်သားပြင်ဖြစ်သည်။ ရာသီဥတုအသေးစိတ်အချက်များပါသည့် ဖန်သားပြင်၏ကျန်သည့်အပိုင်းများတွင် UV ညွှန်းကိန်း၊ လေ နှင့် ဆီးနှင်းကျနိုင်သည့်အလားအလာတို့ပါဝင်သည်။

ရာသီဥတု ယူနစ်များကို စိတ်ကြိုက်ပြင်ဆင်ခြင်း

မိုးလေဝသအချက်အလက်တွင် အသုံးပြုထားသည့် ယူနစ်များကို ပြောင်းလဲနိုင်ပါသည်။ ၎င်းတွင် အပူချိန်အတွက် ဖာရင်ဟိုက် သို့မဟုတ် ဆဲလ်စီးယပ်စ်၊ တစ်နာရီမိုင်နှုန်း၊ တစ်နာရီ ကီလိုမီတာနှုန်း၊ ရေမိုင်များ သို့မဟုတ် လေတိုက်နှုန်းအတွက် Beaufort စကေးတို့ ပါဝင်သည်။

  1. သင့် iPhone ရှိ Weather အက်ပ် ကိုသွားပါ။

  2. Location List ခလုတ်ကိုနှိပ်ပါ။

  3. More ခလုတ် ကိုနှိပ်ပါ၊ Units ကို နှိပ်ပါ၊ ထို့နောက် အောက်ဖော်ပြပါတို့ထဲမှ တစ်ခုကိုပြုလုပ်ပါ၊

    • အပူချိန်ယူနစ်များကို ပြောင်းလဲ၊ Fahrenheit၊ Celsius သို့မဟုတ်“Use system setting” ကိုနှိပ်ပါ။

    • လေ၊ မိုးရွာသွန်းမှု၊ ဖိအား သို့မဟုတ် အကွာအဝေးယူနစ်များကို ပြောင်းလဲခြင်း၊ လက်ရှိ အတိုင်းအတာ ယူနစ်ဘေးရှိ Action Button စာရင်း ကို နှိပ်ပါ၊ ထို့နောက် ရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ။

ရာသီဥတုအကြောင်းသတင်းတစ်ခုပို့ခြင်း

Weather အက်ပ်တွင် ပြသည့်အခြေအနေသည် အမှန်တကယ်ကိုက်ညီမှုမရှိပါက သင်၏တည်နေရာရှိ ရာသီဥတုအခြေအနေကို သတင်းပို့နိုင်သည်။

  1. သင့် iPhone ရှိ Weather အက်ပ် ကိုသွားပါ။

  2. Location List ခလုတ်ကိုနှိပ်ပါ၊ More ခလုတ်ကို နှိပ်ကာ Report an Issue ကိုနှိပ်ပါ။

  3. သင်၏တည်နေရာရှိ ရာသီဥတုအခြေအနေများနှင့် ကိုက်ညီမှုအရှိဆုံးရွေးချယ်မှုများကို နှိပ်ပါ၊ ထို့နောက် Submit ကိုနှိပ်ပါ။

Apple နှင့်မျှဝေသော ထိုသတင်းအချက်အလက်သည် သင်၏ Apple Account နှင့် မည်သို့မှမသက်ဆိုင်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.