ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Photos တွင် လူများ၊ အမှတ်တရများနှင့် အားလပ်ရက်များကို ဝှက်ခြင်း

သင့်တွင်ရှိသည့် Photos အက်ပ်ကို သင့်အမှတ်တရများ၊ အသားပေးဓာတ်ပုံများနှင့် Photos အလွယ်သုံးပုံစံများထဲတွင် အချို့သောနေရာများ၊ နေ့စွဲများနှင့် အားလပ်ရက်များကို လျှော့ပြခြင်း သို့မဟုတ် လုံးဝမပြစေရန် စီမံသတ်မှတ်နိုင်သည်။ သင့် iPhone Home ဖန်သားပြင်ရှိ Photos အက်ပ်နှင့် အလွယ်သုံးပုံစံများတွင် အမှတ်တရများနှင့် အသားပေးဓာတ်ပုံများကိုလည်း ပိတ်နိုင်သည်။

လူတစ်ဦးကို ဖော်ပြချိန်လျှော့ချခြင်း သို့မဟုတ် လုံးဝမပြခြင်း

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. သင်လျှော့ပြလိုသည့် ထိုလူ၏ဓာတ်ပုံကိုဖွင့်ပါ။

  3. More ခလုတ်ကိုနှိပ်ပါ၊ထို့နောက် Don’t Feature a Person ကိုနှိပ်ပါ။

    ထိုဓာတ်ပုံထဲတွင် လူတစ်ဦးထက်ပို၍ရှိနေလျှင် သင် လျှော့ပြီးဖော်ပြလိုသည့် လူကိုနှိပ်ပါ၊ ထို့နောက် Next ကိုနှိပ်ပါ။

  4. Feature This Person Less သို့မဟုတ် Never Feature This Person ကိုရွေးပါ။

  5. Confirm ကိုနှိပ်ပါ။

တစ်စုံတစ်ယောက်ကို ထပ်ပြီးဖော်ပြရန် Collections ကိုနှိပ်ပါ၊ ထိပ်ညာဘက်ထောင့်ရှိ သင်၏အကောင့်ကိုနှိပ်ပါ၊ ထို့နောက် Reset People & Pets Suggestions ကိုနှိပ်ပါ။

အမှတ်တရများ၊ အားလပ်ရက်များနှင့် အခြားအထူးတလည်ဖြစ်သော ပါဝင်အကြောင်းအရာကို ပိတ်ထားခြင်း

ထို့အပြင် Photos အက်ပ်ထဲတွင် အမှတ်တရများနှင့် ဖော်ပြထားသည့် ဓာတ်ပုံများကို ပိတ်ထားနိုင်ပြီး အမှတ်တရများနှင့် ဖော်ပြထားသည့်အကြောင်းအရာများတွင် သင်၏ မွေးဖွားရာနိုင်ငံ သို့မဟုတ် ဒေသထဲရှိ အားလပ်ရက်ပွဲစဥ်များကို မပေါ်လာစေရန် တားဆီးပေးနိုင်ပါသည်။

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. Collections ကိုနှိပ်ပါ။

  3. ညာဘက်ထိပ်ထောင့်ရှိ သင့်အကောင့်ကိုနှိပ်ပါ။

  4. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ဦးစားပေးဖော်ပြထားသည့် အကြောင်းအရာနှင့် အမှတ်တရများကို ဝှက်ခြင်း၊ ဦးစားပေးဖော်ပြသော ဓာတ်ပုံများနှင့် အမှတ်တရများကို အလိုအလျောက်ထုတ်ပေးခြင်းကို Photos အားမလုပ်စေရန် Show Featured Content ကိုပိတ်ပါ။

    • အားလပ်ရက်ပွဲတော်များကို ပိတ်ခြင်း၊ အမှတ်တရမျာနှင့် အားလပ်ရက်များနှင့်ပတ်သက်သော ဦးစားပေးဖော်ပြသည့် အကြောင်းအရာများကို ဖန်တီးခြင်းမှ Photos ကိုကာကွယ်ရန် Show Holiday Events ကိုပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.