ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း

သင်၏ iPhone ကိုဖွင့်ရန်နှင့် ပိတ်ရန်အတွက် နည်းမျိုးစုံရှိပါသည်—သင်၏ iPhone ဘေးရှိခလုတ်များကို အသုံးပြုနိုင်သည် သို့မဟုတ် Settings နှင့် Control Center ထဲရှိ ခလုတ်များကိုလည်း အသုံးပြုနိုင်သည်။

iPhone ကိုဖွင့်ခြင်း

Apple အမှတ်တံဆိပ်ပေါ်လာသည်အထိ ဘေးခလုတ်ကို နှိပ်ပြီးဖိထားပါ။

iPhone ၏ညာဘက်ခြမ်းရှိ ခလုတ်ကိုညွှန်ပြသော အစိမ်းရောင်မြားတစ်ခု။

အကယ်၍ သင်၏ iPhone သည်မပွင့်လာပါက သင့်အနေဖြင့် ဘက်ထရီအားသွင်းရန်လိုအပ်နိုင်သည်။ အကူအညီထပ်မံရယူရန် Apple အထောက်အကူပြုဆောင်းပါးရှိ သင်၏ iPhone ပွင့်မလာပါက သို့မဟုတ် ဖန်သားပြင်သည်မှောင်နေလျှင်ကိုကြည့်ပါ။

iPhone ကိုပိတ်ခြင်း

  • Face ID ပါဝင်သည့် iPhone၊ ဆလိုက်ဒါများပေါ်လာသည်အထိ ဘေးခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်တစ်ခုခုကို တစ်ပြိုင်နက်တည်း ဖိ၍ထိန်းထားပြီးနောက် စက်ပိတ်သွားစေရန် Power Off ဆလိုက်ဒါကို ပွတ်ဆွဲပါ။

  • Home ခလုတ်ပါဝင်သည့် iPhone၊ ဘေးခလုတ်ကိုနှိပ်ပြီးဖိထားပါ၊ ထို့နောက် Power Off ဆလိုက်ဒါကို ဆွဲပါ။

    ဖန်သားပြင်များကို မျက်နှာမူထားသည့် မတူညီသော iPhone အမျိုးအစားနှစ်ခု၏ ပုံများ။ ဘယ်ဘက်အကျဆုံး ပုံတွင် အသံအကျယ်နှင့် အသံအတိုးခလုတ်များကို စက်၏ဘယ်ဘက်ခြမ်းနှင့် ညာဘက်ရှိ ဘေးခလုတ်တို့ကို ပြထားသည်။ ညာဘက်အကျဆုံး ပုံတွင် စက်၏ ညာဘက်ရှိ ဘေးခလုတ်ကို ပြထားသည်။

Control Center ထဲတွင် iPhone ကိုပိတ်ခြင်း

  1. Control Center ကိုဖွင့်ခြင်း

  2. သင်၏ ဖန်သားပြင်၏ ညာဘက်ထိပ်နားရှိ Power ခလုတ် ကိုထိပြီးထိန်းထားပါ။

  3. iPhone ကိုပိတ်ရန် ဆလိုက်ကို ပွတ်ဆွဲပါ။

Settings ထဲတွင် iPhone ကိုပိတ်ခြင်း

  1. သင့် iPhone တွင် Settings အက်ပ်ကိုသွားပါ။

  2. General ကိုနှိပ်ပါ၊ အောက်သို့ဆွဲချပါ၊ ထို့နောက် Shut Down ကိုနှိပ်ပါ။

  3. iPhone ကိုပိတ်ရန် ဆလိုက်ကို ပွတ်ဆွဲပါ။

သင်၏ iPhone သည် မျှော်မှန်းထားသလိုအလုပ်မလုပ်ပါက ၎င်းကိုပိတ်၍ ပြန်လည်စတင်ကြည့်ခြင်း၊ ထို့နောက် ပြန်ဖွင့်ကြည့်ချင်းတို့လုပ်နိုင်သည်။ ဖုန်းပိတ်သွားပြီး ပြဿနာကိုမပြင်နိုင်လျှင် ပြန်လည်စတင်ရန်ပြုလုပ်ခြင်းကိုကြိုစားပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.