ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း

Cellular အင်တာနက်နှင့် ကွန်ရက်များကူးပြောင်းသုံးစွဲခြင်းကို ဖွင့်နိုင် သို့မဟုတ် ပိတ်နိုင်ပြီး cellular အင်တာနက်ကို အသုံးပြုခွင့်ရ အက်ပ်များနှင့် ဝန်ဆောင်မှုများကို သတ်မှတ်ကာ cellular အင်တာနက်သုံးစွဲမှုတို့ကို ကြည့်ပြီးနောက် cellular data ရွေးချယ်စရာများကို သတ်မှတ်ပါ။

မှတ်စု cellular ကွန်ရက်ဝန်ဆောင်မှုများ၊ voicemail နှင့် ကုန်ကျစရိတ်တို့နှင့် ပတ်သက်၍ အကူအညီရယူရန် သင်၏ကြိုးမဲ့ဝန်ဆောင်မှုကုမ္ပဏီသို့ ဆက်သွယ်ပါ။

အသံနှင့် ဒေတာများကို cellular ကွန်ရက်က ကိုင်တွယ်နည်း

သင်၏ iPhone သည် cellular အင်တာနက်ကွန်ရက်တစ်ခုကိုအသုံးပြု၍ အင်တာနက်ချိတ်ဆက်ထားသည်ဆိုလျှင် cellular အင်တာနက်ကွန်ရက်ကို ကိုယ်စားပြုသည့်သင်္ကေတတစ်ခုသည် အခြေအနေပြတန်းတွင် ပေါ်နေမည်။

သင်သည် GSM cellular များပေါ် တွင် 5G၊ LTE၊ 4G နှင့် 3G ရှိသည့် ဖုန်းဖြင့် စကားပြောနေချိန်တွင်း အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။ သင်၏ iPhone တွင် အင်တာနက်ချိတ်ထားသည့် Wi-Fi မရှိလျှင် တခြား cellular ကွန်ရက်များသည် အသံနှင့် ဒေတာကို တစ်ပြိုင်နက်တည်း မပံ့ပိုးပေးနိုင်ပါ။ သင်၏ ကွန်ရက်ချိတ်ဆက်မှုအပေါ်မူတည်၍ သင်၏ iPhone သည် cellular ကွန်ရက်မှတစ်ဆင့် အချက်အလက်များ လွှဲပြောင်းပေးနေစဉ်—ဥပမာ ဝက်ဘ်စာမျက်နှာတစ်ခုကို ဒေါင်းလုတ်လုပ်နေစဉ် ဖုန်းအဝင်ခေါ်ဆိုမှုကို လက်ခံရချင်မှ ရနိုင်မည်။

  • GSM ကွန်ရက်များ၊ EDGE သို့မဟုတ် GPRS ချိတ်ဆက်မှုတစ်ခုတွင် အချက်အလက်များ လွှဲပြောင်းနေစဉ်အတွင်း ဖုန်းအဝင်ခေါ်ဆိုမှုသည် voicemail ထဲသို့ တိုက်ရိုက်ဝင်သွားမည်။ သင်လက်ခံပြောဆိုသော ဖုန်းအဝင်ခေါ်ဆိုမှုများအတွက် အချက်အလက်လွှဲပြောင်းခြင်းကို ခေတ္တရပ်ဆိုင်းထားသည်။

  • CDMA ကွန်ရက်များ၊ EV-DO ချိတ်ဆက်မှုတွင် ဖုန်းအဝင်ခေါ်ဆိုမှုများကို လက်ခံပြောဆိုသည့်အခါ အချက်အလက်လွှဲပြောင်းခြင်းသည် ခေတ္တရပ်ဆိုင်းထားသည်။ 1xRTT ချိတ်ဆက်မှုများတွင် အချက်အလက်များ လွှဲပြောင်းနေစဉ်အတွင်း ဖုန်းအဝင်ခေါ်ဆိုမှုသည် voicemail ထဲသို့ တိုက်ရိုက်ဝင်သွားမည်။ သင်လက်ခံပြောဆိုသော ဖုန်းအဝင်ခေါ်ဆိုမှုများအတွက် အချက်အလက်လွှဲပြောင်းခြင်းကို ခေတ္တရပ်ဆိုင်းထားသည်။

ဖုန်းပြောဆိုမှု ပြီးဆုံးသွားသည့်အခါ အချက်အလက်လွှဲပြောင်းခြင်းသည် ဆက်လည်ပတ်မည်ဖြစ်သည်။

Wi-Fi အသုံးပြု၍ ခေါ်ဆိုမှုများ ပြုလုပ်ရန်၊ Wi-Fi အသုံးပြု၍ ခေါ် ဆိုမှုများပြုလုပ်ခြင်းကို ကြည့်ပါ။

ကွန်ရက်များကူးပြောင်းသုံးစွဲခြင်း ရွေးချယ်စရာများကို စီမံခြင်းနှင့် cellular ဒေတာ ရွေးချယ်စရာများကို ရွေးချယ်ခြင်း

Cellular Data ကိုဖွင့်ရန် သို့မဟုတ် ပိတ်ရန် Settings  > Cellular သို့သွားပါ၊ ထို့နောက် Cellular Data ကိုဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

Cellular Data ကိုပိတ်ထားလျှင်—email၊ ဝက်ဘ်ရှာဖွေခြင်းများနှင့် အကြောင်းကြားချက်များအပါအဝင်—အင်တာနက်ဝန်ဆောင်မှုအားလုံးသည် Wi-Fi ကိုသာအသုံးပြုသည်။ Cellular Data ဖွင့်ထားလျှင် Cellular အင်တာနက်အခကြေးငွေ ကုန်ကျနိုင်သည်။ ဥပမာအားဖြင့် Siri နှင့် Messages တို့ကဲ့သို့သော အချို့အင်္ဂါရပ်များအသုံးပြုမှုနှင့် အင်တာနက်ကူးပြောင်းသော ဝန်ဆောင်မှုများအသုံးပြုမှုတို့သည် သင့်ကို အင်တာနက်အသုံးပြုခကျသင့်နိုင်သည်။

Cellular Data ဖွင့်ထားသည့်အခါ ရွေးချယ်မှုများကို ရွေးချယ်သတ်မှတ်ရန် Settings > Cellular > Cellular Data Options သို့သွားကာ အောက်ပါတို့မှတစ်ခုကို လုပ်ဆောင်ပါ၊

  • နိုင်ငံတကာဖုန်းခေါ်မှုနှုန်းထားများကို ရှောင်ရှားခြင်း၊ Data Roaming ကိုပိတ်ပါ။ ဖုန်းလိုင်းဝန်ဆောင်မှု၏ ကွန်ရက်မရရှိနိုင်သော ဒေသထဲတွင် သင် ရောက်နေသည့်အခါ Data Roaming က cellular အင်တာနက်ကွန်ရက်တစ်ခုမှတစ်ဆင့် အင်တာနက်ကို ဝင်ရောက်ခွင့်ပေးသည်။ ခရီးထွက်နေချိန်တွင် ကွန်ရက်များ ကူးပြောင်းသုံးစွဲခ ကုန်ကျငွေကို ရှောင်ရှားရန် Data Roaming ပိတ်ထားပါ။

  • cellular အင်တာနက်အသုံးပြုမှုကိုလျှော့ချခြင်း၊ Data Mode ကိုနှိပ်၍ Low Data Mode ကိုရွေးချယ်ပါ။ ထိုမုဒ်သည် iPhone ကို Wi-Fi နှင့်မချိတ်ဆက်ထားသည့်အခါ အလိုအလျောက်အဆင့်မြှင့်တင်ခြင်းများနှင့် နောက်ခံလုပ်ငန်းဆောင်တာများကို ခေတ္တရပ်ဆိုင်းပေးသည်။

သင်၏ iPhone အမျိုးအစား၊ ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီနှင့် အရပ်ဒေသတို့ပေါ်မူတည်၍ အောက်ပါရွေးချယ်မှုများကို ရရှိနိုင်သည်၊

  • Voice Roaming ကိုဖွင့်ရန် သို့မဟုတ် ပိတ်ရန်၊ (CDMA) အခြားဖုန်းလိုင်းကွန်ရက်များကို အသုံးပြု၍ အခကြေးငွေကုန်ကျခြင်းကို ရှောင်ကြဉ်နိုင်ရန် Voice Roaming ကိုပိတ်ပါ။ သင်၏ ဖုန်းလိုင်းကွန်ရက်မရရှိသည့်အခါ iPhone သည်လည်း cellular ဝန်ဆောင်မှု (အင်တာနက် သို့မဟုတ် အသံဖုန်းခေါ်ဆိုမှု) လည်းမရရှိပါ။

  • 4G/LTE ကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန်၊ 4G သို့မဟုတ် LTE ကိုအသုံးပြုခြင်းသည် အင်တာနက်ဒေတာကို ပိုမိုလျှင်မြန်စေသော်လည်း ဘက်ထရီစွမ်းဆောင်မှုသည် လျော့ကျကောင်း လျော့ကျသွားမည်။ 4G/LTE ကို ပိတ်ရန်ရွေးချယ်နိုင်သလို Voice & Data (VoLTE) သို့မဟုတ် Data Only တို့ကိုလည်း ရွေးချယ်၍ ရနိုင်ပါသည်။

5G အင်တာနက်သုံးစွဲမှုအစီအစဉ်ပါသည့် iPhone 12 အမျိုးအစားများနှင့် နောက်ပိုင်းတွင် အောက်ပါအတိုင်း လုပ်ဆောင်နိုင်သည်၊

  • Smart Data မုဒ်ကို ဘက်ထရီသက်တမ်းကို သင့်မြတ်ရန်ဆောင်ရွက်ခွင့်ပြုခြင်း၊ Voice & Data ကိုနှိပ်၍ 5G Auto ကိုနှိပ်ပါ။ ထိုမုဒ်ဝင်နေသည့်အခါ သင်၏ 5G အင်တာနက်မြန်နှုန်းသည် သိသိသာသာ ကောင်းမွန်ခြင်းမရှိပါက iPhone သည် LTE သို့ အလိုအလျောက်ကူးပြောင်းပေးသည်။

  • 5G အင်တာနက်ကွန်ရက်များကို ချိတ်ဆက်ထားသည့်အခါ ရုပ်သံအရည်အသွေးကောင်းမွန်သော ဗီဒီယိုနှင့် FaceTime HD ကိုအသုံးပြုခြင်း၊ Data Mode ကိုနှိပ်၍ Allow More Data on 5G ကိုရွေးချယ်ပါ။

  • 5G ပိတ်ခြင်း၊ Voice & Data ကိုနှိပ်ပြီးနောက်တွင် LTE ကိုရွေးချယ်ပါ။

သင်၏ အင်တာနက်ချိတ်ဆက်မှုကို မျှဝေရန်အတွက် Personal Hotspot ကို စီမံရန်၊ သင်၏ iPhone မှ သင်၏ Internet ချိတ်ဆက်မှုကို မျှဝေခြင်းကိုကြည့်ပါ။

သင်အသုံးပြုနေသည့် ဒေတာပမာဏကို ကြည့်ခြင်း

သင်အသုံးပြုလိုက်သည့် cellular ဒေတာပမာဏကို ကြည့်ရန် Settings > Cellular ကို သွားပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုခုကို လုပ်ဆောင်ပါ၊

  • သက်ဆိုင်ရာဝန်ဆောင်မှုအက်ပ်အတွက် cellular ဒေတာသုံးစွဲမှုကိုကြည့်ခြင်း၊ သင်၏ အက်ပ်များစာရင်းသို့ရောက်သည်အထိ အောက်ဆွဲချပါ၊ ထို့နောက် Show All ကိုနှိပ်ပါ။ အသုံးပြုထားသည့် Cellular ဒေတာ ပမာဏသည် အက်ပ်အသီးသီးအောက်တွင် ပေါ်သည်။ Cellular ဒေတာ အသုံးပြုရန် အက်ပ်တစ်ခု မလိုချင်ပါက ထို အက်ပ်အတွက် ၎င်းကို ပိတ်ထားနိုင်သည်။ Cellular ဒေတာ ပိတ်ထားသည့်အခါ အက်ပ်များသည် ဒေတာအတွက် Wi-Fi ကိုသာ အသုံးပြုသည်။

  • သက်ဆိုင်ရာဝန်စနစ်ဆောင်မှုများအတွက် cellular ဒေတာသုံးစွဲမှုကိုကြည့်ခြင်း၊ System Services သည် cellularကဏ္ဍ ရှိ အက်ပ်များစာရင်း အထက်တွင်ပေါ်သည်။ ဝန်ဆောင်မှုစနစ်တစ်ခုချင်းစီအတွက် Cellular ဒေတာကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း ပြုလုပ်၍ မရနိုင်ပါ။

သင်သည် လက်ရှိကာလတစ်ခုမှ အက်ပ်တစ်ခုအတွက် ဒေတာအသုံးပြုမှုစာရင်းအင်းများကို ကြည့်ရှုနိုင်သည်သို့မဟုတ် သင် ပြောင်းရွှေ့မှု ပြုလုပ်နေချိန်တွင် ဒေတာအသုံးပြုထားသည့်အက်ပ်များအတွက် ဒေတာစာရင်းများကို ကြည့်ရှုနိုင်သည်။ ထိုစာရင်းများကို ပြန်လည်သတ်မှတ်ရန် Settings > Cellular ကို သွားပါ၊ အောက်သို့ ဆွဲချပါ၊ ထို့နောက် Reset Statistics ကိုနှိပ်ပါ။

Dual SIM ပါသည့် iPhone ကို အသုံးပြုနေလျှင် သင်ရွေးချယ်ထားသော Cellular ဒေတာနံပါတ်ဖြင့် သင်အသုံးပြုထားသော Cellular ဒေတာ ပမာဏကို ကြည့်နိုင်သည်။

မှတ်စု လက်ရှိကာလမှ အတိကျဆုံး Cellular ဒေတာ အသုံးပြုမှုကို ရရှိရင် သင်၏ ဖုန်းလိုင်း ဝန်ဆောင်မှုကုမ္ပဏီကို ဆက်သွယ်ပါ။

အက်ပ်များနှင့် ဝန်ဆောင်မှုများအတွက် cellular ဒေတာသုံးစွဲမှုကို စီမံသတ်မှတ်ခြင်း

Settings  > Cellular သို့သွားကာ cellular data အသုံးပြုနိုင်သော အက်ပ်တိုင်းအတွက် (Maps ကဲ့သို့) သို့မဟုတ် ဝန်ဆောင်မှု (Wi-Fi Assist ကဲ့သို့) တို့အတွက် Cellular Data ကိုဖွင့်ပါ။

ချိန်ညှိမှုတစ်ခုပိတ်ထားလျှင် iPhone သည် ၎င်းဝန်ဆောင်မှုအတွက် Wi-Fi ကိုအသုံးပြုသည်။

မှတ်စု ပုံသေအားဖြင့် Wi-Fi Assist သည် ပွင့်နေမည်။ Wi-Fi လိုင်းအား မကောင်းလျှင် Wi-Fi Assist သည် အင်တာနက်ထုတ်လွှင့်ချက်ကို မြှင့်တင်ရန် cellular အင်တာနက်ကို အလိုအလျောက်ကူးပြောင်းသွားသည်။ Wi-Fi လိုင်းအားမကောင်းသည့်အခါ cellular မှ အင်တာနက်ကိုချိတ်ဆက်နေမည်ဖြစ်ပြီး cellular ဒေတာများပိုမိုအသုံးပြုနေမည်ဖြစ်သောကြောင့် သင်၏အင်တာနက်သုံးစွဲမှုအစီအစဉ်အပေါ်မူတည်၍ ထပ်တိုးကျသင့်ငွေများကျသင့်နိုင်သည်။ Apple အထောက်အကူပြု ဆောင်းပါး ဖြစ်သည့် Wi-Fi Assist အကြောင်းကိုကြည့်ပါ။

သင့်ဆင်းမ်ကတ်ကို လော့ချခြင်း

သင်၏စက်ပစ္စည်းသည် ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် cellular အင်တာနက်အတွက် ဆင်းမ်ကတ်ကို အသုံးပြုလျှင်၊ တစ်ဦးချင်းဆိုင်သက်သေခံနံပါတ် (PIN) တစ်ခုဖြင့် ကတ်ကိုလော့ချထားခြင်းဖြင့် ၎င်းကတ်ကို အခြားသူများ အသုံးမပြုနိုင်ရန် ကာကွယ်နိုင်သည်။ ထို့နောက် သင်၏စက်ပစ္စည်းကို ပိတ်ပြီးဖွင့်ခြင်း သို့မဟုတ် ဆင်းမ်ကတ်ကို ဖယ်ရှားခြင်းတို့ ပြုလုပ်သည့်အခါတိုင်း သင်၏ကတ်သည် အလိုအလျောက် လော့ချမည်ဖြစ်၍ သင်၏ PIN နံပါတ်ကို ရိုက်ထည့်ရန်လိုအပ်ပါသည်။ သင်၏ iPhone သို့မဟုတ် iPad အတွက် ဆင်းမ်ကတ် PIN တစ်ခုအသုံးပြုခြင်း ကိုဖတ်ရှုပါ။

eSIMတစ်ခုကို ပေါင်းထည့်ရန် cellular ဝန်ဆောင်မှုစီမံခြင်းကို ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.